စျေး မီဒီယာ

Posted by Chit Khunn Thi August 22, 2020

ကိုယ်ဝန်ဆောင်များ ရှောင်သင့်သော သစ်သီးများ

ကိုယ်ဝန်ဆောင်တွေကို အသီးများများစားပါလို့ အမြဲမှာလေ့ရှိပါတယ် ဒါမဲ့ တချို့အသီးတွေကိုတော့ ကိုယ်ဝန်ဆောင်တွေမစားသင့်ပါဘူး

၁ =====> သင်္ဘောသီး

သင်္ဘောသီးဟာ တကယ့်ကိုအဟာရပြည့်ဝတဲ့အစားသောက်ပါ သူ့ထဲမှာ မိုက်ခရို nutrient တွေ ဗိုက်တာမင်တွေအများကြီး ပါဝင်ပါတယ်

ဒါဆိုဘာလို့ လုံးဝရှောင်သင့်တာလဲ ?

ဟုတ်ကဲ့ ရှောင်သင့်ပါတယ် ဘာလို့လဲဆိုတော့ မမှည့်သေးတဲ့ သင်္ဘောသီးမှာ papain ဆိုတဲ့ ဓါတ်ပစ္စည်းတစ်ခုပါတယ်ဗျ ဒီဓါတ်ကို ခန္ဓာကိုယ်က prostaglandin hormone (ပရိုစတာဂလက်ဒင် သားအိမ်ကိုညှစ်စေသော ဟော်မုန်း) နဲ့မှားပြီးတုန့်ပြန်တတ်တယ်ဗျ ဒီတော့ အခန်မသင့်ရင် သားအိမ်က ညှစ်ချိန်မဟုတ်ဘဲ စောစောစီးစီး ညှစ်တတ်ပါတယ် ဒီတော့ စောမွေးတာမျိုးတွေ ကိုယ်ဝန်ပျက်ကျတာမျိုးတွေဖြစ်တတ်ပါတယ်

၂ =====> နာနတ်သီး

နာနတ်သီးကတော့ ကိုယ်ဝန်ဆောင် ပထမ ၃ လမှာ လုံးဝရှောင်သင့်ပါတယ်

နာနတ်သီးမှာ bromelin enzyme ဆိုတဲ့ enzyme တစ်ခုပါဝင်ပါတယ် ဒီ enzyme က သားအိမ်ခေါင်းကိုပျော့စေပါတယ် ပြီးတော့ သားအိမ်ကိုလဲ ညှစ်စေတယ်လို့ဆိုပါတယ် ဒီတော့ စောစောစီးစီးမွေးတတ်တယိဗျာ ဒီတော့အမေအတွက်ရော ကလေးအတွက်ပါမကောင်းဘူးပေါ့ နာနတ်သီးများများစားရင် ဝမ်းပျက်ပြီး ရေဓါတ်ခမ်းခြောက်မှုကိုပါခံစားရတတ်ပါတယ်

တချိုကြတော့လဲ နာနတ်သီး စားလို့ ဘာမှမဖြစ်ပါဘူး သိပ္ပံနည်းအရသက်သေမပြနိုင်ဘူး ပြောကြပြန်တယ် ဒါလေးရှောင်လို့ ဘာမှမဖြစ်တဲ့အတူတူ ရှောင်လိုက်တာ မမှားဘူးထင်ပါတယ် "ထန်းသီးကြွေခိုက် ကျီးနင်းခိုက်" စားလို့ဖြစ်ခဲ့ရင်တောင် အမြဲစိတ်မကောင်းဖြစ်နေရမှာပါ

၃ =====> မန်ကျီးသီး

ကိုယ်ဝန်ဆောင်တွေ ချဉ်ချင်းတက်တဲ့အထဲမှာ မန်ကျီးသီးလဲပါတယ်ဗျ
တချို့ဆို မန်ကျီးသီးကို morning sickness တောင်သက်သာတယ်ဆိုပြီး စားခိုင်းကြသေးတယ်
ဒါဆိုဘာလို့ ရှောင်သင့်တာတုံး
ဗမာစကားပုံရှိတယ် "တန်ဆေး လွန်ဘေး" တဲ့ ဒီနေရာမှာ ဒဲ့မှန်တယ် အဲ့ဒီစကားပုံက
မန်ကျီးသီးက vitamin C အများကြီးပါတယ်ဗျ အဲ့တော့ အများကြီးစားတယ်ဆိုရင် vitamin C တွေလဲ ခန္ဒာကိုယ်ထဲ အများကြီးဝင်သွားတာပေါ့ ဒါဆီု vitamin C ကဘာဖြစ်လဲ ? ဘာဖြစ်လဲဆိုတော့ vitamin C က ခန္ဓာကိုယ်ထဲမှာ progesterone hormone ထုတ်လုပ်မှုကို နည်းစေတယ် ဒီတော့ progesterone hormone ပမာဏနည်းခြင်းက ကိုယ်ဝန်ပျက်ကျခြင်း / စောမွေးခြင်း / ကလေး cell ဖြစ်ခြင်းတွေကိုထိခိုက်စေပါတယ်
ဒီတော့ စားလို့တော့ရပါတယ် "တန်ဆေးလွန်ဘေးပေါ့ဗျာ" အများကြီးနေ့စဉ်ရက်ဆက် လုံးဝမစားသင့်ပါဘူး အထူးသဖြင့် ကိုယ်ဝန် ပထမ ၃ လ မှာပေါ့ဗျာ

ကျန်တဲ့အသီးတချို့လဲပါသေးတယ်ဗျ ဒါမဲ့ ဘာမှသက်သေသာဓက မရှိလို့ မရေးတော့ပါဘူး ဒီသုံးခုကတော့ လက်ခံလို့ရလို့ ရေးတင်လိုက်တာပါ

စားသင့်တဲ့အသီးတွေကတော့

ပန်းသီး
သလဲသီး
သစ်တော်သီး
သရက်သီး
လိမ္မော်သီး
ထောပတ်သီး
မာလကာသီး =====> ကိုယ်ဝန်ဆောင်နဲ့တည့်ပါတယ်ခင်ဗျာ

အမြဲမှတ်ထားရမှာတော့ ဘာအသီးစားစားရေဆေးစားပါ ရေမဆေးဘဲဘယ်တော့မှမစားပါနဲ့ ရေမဆေးဘဲစားခြင်းက မြေကြီးအမှုံတွေထဲမှာ တိရိစ္ဆာန်မစင်မှာပါတဲ့ toxoplasma ဆိုတဲ့ ကပ်ပါးကောင်တွေပါတတ်ပါတယ် ဒါက ကိုယ်ဝန်အတွက် အန္တရယ်အရမ်းများပါတယ် ခင်ဗျာ

# Credit

Dr.Thiri Htein Linn + Dr.Yamin Phyu Phyu

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.