ကလေးများရဲ့ ဘာသာစကား သင်ယူမှု နဲ့ ဒုတိယ ဘာသာစကား
ခေတ်ဘုန်းသစ်
ပြီးခဲ့တဲ့လတုံးကတော့ ကလေး နဲ့ ကျောင်းအကြောင်းကို မျက်နှာဖုံးဆောင်းပါးအနေနဲ့ ကျွန်မရေးသား ခဲ့ပါတယ်။ ဒီလ မှာတော့ မိဘများ သိချင်နေကြတဲ့ ဒုတိယဘာသာစကား အကြောင်းကို ရေးသားတင်ပြသွားမယ် လို့စဉ်းစားမိပါတယ်။ ဒုတိယ ဘာသာစကားဆိုတာက မိခင် ဘာသာစကားပြီးတော့ နောက်ထပ် ပြောဆို ဖို့ အတွက် သင်ကြားရတဲ့ ဘာသာစကားပေါ့။
ကျွန်မတို့နိုင်ငံ မှာတော့ ဒုတိယ ဘာသာစကား ဟာ လူအများစုကြိးအတွက် အင်္ဂလိပ်စာ သာဖြစ်ပါတယ်။
မိဘတော်တော်များများဟာ ကလေးတို့ကို အင်္ဂလိပ်စာ သင်ကြားတဲ့အချိန်မှာ မိခင်ဘာသာစကားလိုမျိုး အင်္ဂလိပ်စာကို ထုံးလိုခြေရေလိုနေှာက် ပြောတတ်စေချင်ကြတယ်။ ဘာသာစကားနှစ်ခုလုံးကို မိခင်ဘာသာလို ထုံးလိုခြေနိုင်ဖို့ အတွက် ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကို သင်ပေးကြရမယ်လို့ ယူဆ ကြပါတယ်။ Bilingual လို့ခေါ်တဲ့ဘာသာစကား နှစ်မျိုးလုံးကို မိခင် ဘာသာစကာလို ထုံးလိုခြေရေလိုနေှာက်နိုင်ဖို့ အတွက် ကလေးတေွကို ဘယ်လို မျိုးသင်ကြားပေးရမလဲ။ ဘယ်အသက်ရွယ်မှာ သင်ရမလဲ။ ဘယ်လို သင်နည်း မျိုးတေွ နဲ့ သင်ရမလဲဆိုတဲ့ မေးခွန်းဟာ ကျွန်မတို့နိုင်ငံ က မိဘတေွ အသိချင်ကြဆုံးမေးခွန်းတစ်ခုပါပဲ။
ဘာသာစကား
အင်္ဂလိပ်စာ ဆိုတာ ဟာ တကယ်တော့ ဘာသာစကားပါ။ ဘာသာစကား ဆိုတာ ဟာ လူနဲ့ သူ့ ပါတ်ဝန်းကျင် ရဲ့ ဆက်သွယ်မှု ပဲဖြစ်ပါတယ်။ လူဟာ စတင်မေွးဖွားလာတဲ့အချိန်ကတည်းက ပါတ်ဝန်းကျင်နဲ့ စ ဆက်သွယ်ပါတယ်။ ကလေးငယ်လေး ရဲ့ အငို ဟာ သူ့ရဲ့ ဘာသာစကားပဲဖြစ်ပါတယ်။ ကလေး ငယ်ကလေး ဟာ စကားမပြောတတ်သေးခင်မှာ သူပျော်ရင်ရယ်တယ်။ သူဗိုက်ဆာရင် ငိုတယ်၊ ရူးဆို ရင် င ိုတယ် ။သူပျော်ခြင်း မပျော်ခြင်း အားလုံးကို ရယ်ခြင်း ငြိုခင်း နဲ့ ဖော်ပြကြပါတယ်။ အဲဒီလို ရယ်ခြင်း ငိုခြင်း ဟာ သူ့ရဲ့ ဘာသာစကားပါ။
စကားပြောတတ်လာတော့ သူ့ရင်ထဲက ခံစားချက်၊မြင်တာ၊ကြားတာ၊နံ့တာ၊မေွှးတာ၊ အရသာ ၊အထိတေွ့ ၊ ကြိုက်ခြင်း၊မုန်းခြင်း၊ ချစ်ခြင်း၊ပျင်းရိခြင်၊း စတဲ့ခ ံစားမှု မှန်သမျှ၊ ထိတေွ့မှု မှန်သမျှ၊ တေွးခေါ်စဉ်းစားမှု မှန်သမျှ၊ စိတ်ကူးစိတ်သန်းမှန်သမျှ၊ စာနားနားလည်မှု မှန်သမျှ၊ ယဉ်ကျေးခြင်း၊ ရိုင်းစိုင်းခြင်း မှန်သမျှ ကု ိ စကားလုံး ဘာသာ စကားနဲ့ ဖော်ပြလာပါတော့တယ်။
ဘာသာစကား ဖလှယ်မှုဟာ လူသားဖြစ်စဉ်အတွက် အရေးအင်မတန်ကြီးပါတယ်။ လူတစ်ယောက်ချင်း စီ ရဲ့ ပညာအရည်ချင်း၊ ဉာဏ်ရည်ဉာဏ်သေွး၊ စိတ်ကူးစိတ်သန်း စတာတေွ ပေါ်မူတည်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ဘာသာစကားဖလှယ်ပုံ၊ ကြွယ်ဝ ပုံတေွ ကွာခြားသွားတာပါ။
ဘာသာစကားနှစ်မျိုးလုံကို ထုံးလိုခြေရေလိုနေှာက်နိုင်မှု (သို့မဟုတ်) Bilingual
အင်္ဂလိပ်စာကို ငယ်ငယ်ကတည်းက သင်ပေးရင် ၊ အိမ်မှာပြောပေးရင် ဘာသာစကားနှစ်မျိုးလုံးကို ကလေးက တစ်ပြိုင်နက်တည်းတတ်သွားမယ် တစ်နည်းပြောရင်တော့ Billingual ဖြစ်သွားလိမ့်လို့ တစ်ချို့သော မိဘ များက ထင်တတ်ကြပါတယ်။ မိဘ နှစ်ပါးမှာ တစ်ဦးက အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံက လာတဲ့လူ မျိုး ဖြစ်မယ်၊တစ်ဥိးကတော့ မြန်မာ လူမျိုး ဖြစ်မယ်ဆိုရင်တော့ ကလေးဟာ ဘာသာစကားနှစ်မျိုးကို တစ်ပြိုင်နက်တည်း တတ်သွားနိုင်ပါတယ်။အဲလိုမှ မဟုတ်ဘူး အမေရော၊အဖေပါ မေွးကတည်း က မြန်မာ လိုပြောလာသူ ၊ဒါပေမယ့် အင်္ဂလိပ်လို လည်း ကျွမ်းကျင်စွာ တော့ ပြောနိုင်တယ်။ ဒါကြောင့် ကလေးကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါငယ်ငယ်ကတည်းကပြောပေးတယ်။ ကလေးက လည်း အင်္ဂလိပ်လိုရော၊မြန်မာလိုပါ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီကလေး ဟာ ဘာသာစကားနှစ်မျိုးလုံးကို ထုံလိုခြေသူတော့ မဖြစ်နိုင်ပါဘူး။တစ်နည်းပြောရရင်တော့ Bilingual မဖြစ်လာနိုင်ပါဘူး။
ဘာကြောင့်Bilingual မဖြစ်နိုင်သလဲ
ဘာသာစကား ဟာ ဘာသာရပ်တစ်ခု မဟုတ်ပါဘူး။ ဘာသာစကားဆိုတာ ဟာ လူမျိုးတစ်မျိုးက အသုံးပြုသောစကားပါ။ ဒီလူမျိုး ရဲ့ ယဉ်ကျေးမှု ၊ထုံးတမ်းစဉ်လာတေွအားလုံးဟာ ဒီလူမျိုးရဲ့ ဘာသာ စကား ထဲမှာ စီးမြောပါ၀င်လို့နေပါတယ်။ အဖေက အင်္ဂလိပ်စကားပြောတဲ့တိုင်းပြည် က လာသူ၊ ငယ်ငယ်ကတည်းက လူမျိုးရဲ့ ဓလေ့ထုံးတမ်းကို သိသူ၊စကားကို ရေလဲအမျိုးမျိုး နဲ့ပြောင်းပြီးပြောနိုင်သူမို့ ကလေးကို စကားပြောတဲ့ အချိန်မှာ ရင်ထဲက လာတိုင်း အတိုင်း ဒိုးယိုပေါက် ပြောပါတယ်။ ကလေးကလည်း ရင်ထဲက လာသလို အဖေပြောလိုက်တဲ့ အင်္ဂလိပ်စကားကို ခံစားနားလည်ပါတယ်။ဒါဟာ ဘာသာစကား သင်ယူမှု မှာ သိပ်အရေးကြီး တဲ့ အရာပါ။
ဥပမာ -အားဖြင့် ကျွန်မ ထပ်ရှင်းပြရမယ် ဆိုရင်တော့ မြန်မာစကားတတ်တဲ့ မိခင်တစ်ယောက် က သူ့ကလေးကို ဆော့လိုက်တာ ဟယ် လက်လက်ကို စင်နေတာပဲ ဆိုတဲ့စကားမျိုးကို မြန်မာလိုတတ်တဲ့ နိုင်ငံ ခြားသူတစ်ယောက်က သူ့ကလေးကို မြန်မာလို အဲဒီလို သုံးပြီးတော့ မပြောနိုင်ပါဘူး။ ဒီလိုပဲ မိခင်ဘာသာစကားဟားးးးးးးးးး အင်္ဂလိပ်စာ ဖြစ်တဲ့ နိုင်ငံခြားသားတစ်ယောက်လောက်တော့ ဘယ်လောက်ပဲ အင်္ဂလိပ်စာတတ်သူ ဖြစ်နေပါစေ ရင်ထဲကလာတဲ့စကားနဲ့ ဘာသာစကားကို ရေလဲ မသုံးနိုင်တာ သေခြာလှပါတယ်။ ဘာသာစကားကို သုံးတဲ့အချိန်မှာလူ တစ်ယောက်နဲ့ တစ်ယောက် သုံးတဲ့ လေယူလေသိမ်း၊ စကားလုံး ၊ ပုံခိုင်းပုံ စတာတေွ ဟာလည်း မတူပါဘူး။ ဒါကြောင့် ကလေးကို ငယ်ငယ်ကတည်း အိမ်မှာ ဘာသာစကားနှစ်မျိုးလုံ ပြောလို့ ကလေးက အင်္ဂလိပ်လို ပြောနိုင်လည်း ကလေးနဲ့ နေသူ ရဲ့မိခင်ဘာသာ စကားဟာ အင်္ဂလိပ်စကား မဟုတ်ဘူး ဆိုရင် ကလေးဟာBilingual မဖြစ်နိုင်ပါဘူး။
ဒုတိယဘာသာစကား (second language)
ဒုတိယ ဘာသာစကား ကတော့ မိခင်ဘာသာစကားပြီးရင် နောက်ထပ် အပိုသင်တဲ့၊ အပိုပြောတဲ့ ဘာသာစကားပဲပေ့ါ။ ဒုတိယ ဘာသာ စကားကို ဘယ်လို သင်မလဲ၊ဘယ်အချိန်မှာ သင်မလဲ မပြောခင်မှာ ဘာသာစကားကို ကလေးတို့ သင်ယူတဲ့ကာလ (Critical Period) အကြောင်းကို အရင်ဆုံး ပြောချင်ပါတယ်။မေွးစကနေခြောက်နှစ်အရွယ် ကာလဟာ ဦးနေှာက်နျူရွန်ဆဲလ်တေွ အများဆုံးချိတ်ဆက် နိုင်တဲ့ကာလမို့ Sensitive Period လို့ခေါ် းးးးတယ်။ဒီကာလမှာ ကလေးဟာ ဘာသာစကားကို အများဆုံးသင်ယူလေ့လာနိုင်သမို့ Critical Period ကာလ လို့ လည်း ခေါ်ပါတယ်။ဘာသာစကား သင်ယူမှု ဟာ သိပ်ကို မှ မြန်ဆန်သွက်လက်တာမို့ ဒီ ကာလမှာ ဒုတိယဘာသာစကားကို သင်ကြားခဲ့မယ်ဆိုရင် မြန်မြန်တတ်တယ်လို့ ယူဆမှု ရှိခဲ့ပါတယ်။
ဒီယူဆမှုကြောင့်ပဲ အင်္ဂလိပ်စကားကို ဒုတိယ ဘာသာစကားအဖြစ် အရေးတကြီးသင်ယူကြတဲ့ တိုင်းပြည်များမှာ ကလေးတေွကို နှစ်နှစ်လောက် ကတည်းက အင်္ဂလိပ်လို ပြောတာ ၊သင်တာတေွ လုပ်လာ ကြတယ်။ ဒီ Critical Period ကာလ ဟာ ဘာသာစကား သင်ယူမှု အတွက် အရေးကြီးဆုံး ကာလ ဖြစ်ပေမယ့် ဒုတိယ ဘာသာစကားကို Critical Period မှာ တကယ်သင်လို့ ရရဲ့လား။ အဲဒီ့လို သင်ကြားလိုက်ရင် မိခင် ဘာသာ စကားအပါအဝင် တခြား ဖွံ့ဖြိုးမှုနဲ့ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုရော ထိခိုက်စေနိုင်သလား ဆိုတာ ဟာ ပညာရှင်တေွှကားထဲမှာ စဉ်းစားစရာ တစ်ခု ဖြစ်ခဲ့ရပါတယ်။
အင်္ဂလိပ် စာကို ဒုတိယဘာသာစကား အဖြစ် သုံးတဲ့ ဗီယန်နမ်နိုင်ငံ မှာ 1987 ခုနှစ် ခုနှစ်က နေ 1991 ခုနှစ်အထိ ဗြိတိန်နိုင်ငံမှ ပညာရှင်များက သုတေသန တစ်ခု လုပ်ခဲ့ကြပါတယ်။ ဘယ်လို သုတေသနမျိုး လည်း ဆိုတော့ Critical Period ကာလဟာ တကယ်ရော ဒုတိယ ဘာသာစကားကို သင်ဖို့ထိရောက်ရဲ့လား။ ဒီကာလ မှာ ဒုတိယ ဘာသာ စကားကို သင်ကြားတဲ့အတွက် ကလေး မှာ ဘယ်လိုအားနည်းချက်တေွ ဖြစ်သွားနိုင်သလဲ။ မိခင်ဘာသာစကား ကိုရောထိခိုက်စေနိုင်သလားဆိုတဲံ စမ်းသပ်ချက်တေွ လုပ်ကြည့်ကြတာပါပဲ။ ။ စမ်း သပ်တေွ့ရှိချက် အရ နှစ်နှစ်ကနေ လေးနှစ်အတွင်းမှာ ဒုတိယဘာသာစကားကို သင်ကြားခြင်း ကြောင့် ကလေး ဟာ ကိုယ့်မိခင်ဘာသာ စကားကို သိပ်ကျွမ်းကျွမ်းကျင်ကျင်နဲ့ မပြောနိုင်တော့တာကို သွားတေွ့ရပါ တယ်။နောက် ထပ် တေွ့ရတဲ့အချက် ကတော့ ကလေးဟာ ဘာသာစကားပြေတဲ့အချိန်မှာ ရှုတ်ထေွးနေတာကို သွားတေွ့ရတာပါပဲ။ ရှုတ်ထေွးနေတယ်ဆိုတာက ဒီလိုပါ။ ကလေးဟာ သူ့ရင်ထဲက ခံစားချက်တေွ၊ သူ တွတ်တီးတွတ်တာ ပြောချင်တာတေွကို ပြောဖို့အတွက် ဘယ်ဘာသာစကားကို ဘယ်လိုသုံးပြီး ပြောရမှန်း မသိတော့ဘူး။ သူ့ စိတ်ထဲ ရှိတဲ့ အတိုင်း တိုးလျိုပေါက် မပြောနိုင်တော့ပါဘူး။ ရှုတ်ထေွးနေတယ်လို့ ဆိုလိုတာပါ။ အဲဒီ့ရဲ့နောက်ဆက်တွဲ အကျိုးဆက်ကတော့ ကလေးဟာ စကားပြောဖို့ ၊ ဘာသာစကားကို သုံးပြီးေ ရးသားပြောဆို ဖို့ အတွက် သူ့ကိုယ်သူ ယုံကြည်အကောင်းမြင်စိတ် (Self-Esteem) အားနည်း သွားပါတော့တယ်။ းးးးးးးးး ဒီအချက်တေွကို တေွ့ရှိခဲ့ပြီးနောက်ပိုင်းမှာတော့ အင်္ဂလန်နိုင်ငံ မှ အစိုးရ ကျောင်းတေွရဲ့ သင်ရိုးညွှန်းတန်းမှာ ဒုတိယဘာသာစကား (Second Language) ကို အသက်ခြောက်နှစ်မှ စတင်သင်ကြားဖို့ သတ်မှတ်ခဲ့ကြတယ်။
ဘာသာစကား ဘယ်လိုသင်ကြားသလဲ
ဘာသာစကားကို ကလေးတို့ဟာ ဘယ်အချိန်ကနေ စတင်သင်ကြားခဲ့သလဲ ဆိုရင် အမိ၀မ်းကတည်း ကကျွတ်ကတည်း က စတင်သင်ကြားခဲ့တာပါ။ အမြင်၊အကြား၊အနံ့၊အရသာ၊အထိတေွ့၊ ခံစားမှု အားဖြင့် ဘာသာ စကားကို သင်ကြားပါတယ်။ ဒီအရွယ်မှာ ကလေး ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် များများမြင်အောင်၊ များများကြားအောင်၊ အနံမျိုးစုံ ကို များများသိအောင်၊ အထိတေွ့ ကို (ကြမ်းတာ၊မာတစတာတေွတေွကို ) များများ သိအောင်လုပ်ပေးရပါမယ်။ ( ဉာဏ်ကြီးရှင် မဂဇင်းရဲ့ ဘေဘီ ၀-၁ ဂဏ္ဍမှာေ့လကျင့်ခန်းတေွ ပါပြီးဖြစ်လို့ အသေးစိတ် ကျွန်မထပ်မပြောတော့ပါဘူး)
ကလေးဟာတစ်လ ကျော်လောက် ကနေ စပြီးခြောက်လအတွင်းမှာ ဘူးမှုတ်တာ မျိုးကအစ အသံတေွကို သူစတင်ထွက်ကြည့်၊ လုပ်ကြည့်လာပြီ။ သူ့ပါတ်ဝန်းကျင်မှာ ရှိတဲ့အသံမျိုးစုံကိုလည်း စတင် စိတ်ဝင်တစားနဲ့တုံ့ပြန်လာပြီ။ မေမေ စာဖတ်တာ၊သီချင်းဆိုတာ ကအစ သစ်ရွက်ကြေွသံ၊မိုးရွာသံ အဆုံး အသံပေါင်းစုံကို ကလေးကို နားထောင်ခိုင်းလုပ်ခိုင်းဖို့လိုပါတယ်။
ဒီလို လေ့ကျင့်ခန်းတေွကို ကလေးကိုလုပ်ပေးမယ်။ ကလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားပေး မယ် ။ ကလေးကို ကြင်နာနေွးထေွးစွာဆက်ဆံပေးမယ် ဆိုရင်ဖြင့် ကလေးရဲ့ ဘာသာစကားသင်ယူမှု ပိုကောင်းလာမယ်။ (တစ်နည်းပြောရင်) ဦးနေှာက်ထဲမှာ ရှိနေတဲ့ နျူရွန်ဆဲလ် ( ဦးနေှာက်ဆဲလ်)လေးတေွ ဟာ ပိုပြီေးတာ့ များများ ချိတ်ဆက် လာနိုင်ပါတယ်။
ကလေး နဲ့ လှုံဆော်မှု
မေွးစကနေ သုံးနှစ်တာကာလ ဟာ ဘာသာစကားအပါ၀င် တခြားဖွံဖြိုးမှုတေွ အတွက်ပါ အလွန်တရာ အရေးကြိးတဲ့ အခြေခံကာလ (Foundating) ကာလပဲ ဖြစ်ပါတယ်။ ဒီကာလ မှာ ချစ်ခြင်းမေတ္တာနဲ့ သူတို့ကို ဂရုတစိုက် ဆော့ကစားစောင့်ရေှာက်ပေးခြင်းဟာ ကလေး တို့ရဲ့ ဦးနေှာက်ဖွံ့ဖြိုါ် ရေးအတွက်သိပ်ကိုမျ အရေးကြီးလှပါတယ်။ မိဘမဲ့ဂေဟာ များ မှာ လေ့လာစမ်းသပ်ခဲ့တဲ့ ဥိးနေှာက်ပိုင်းဆိုင်ရာသိမှုပညာရှင်များ ရဲ့ လေ့လာစမ်းသပ်မှုများအရ ကလေးကို အခြေခံလိုအပ်ချက် တေွှဖစ်တဲ့ ရေချိုးပေး၊အဝတ်ဝတ်ပေး၊ အစာကျေွး ဒီ သုံးမျိုးကိုပဲလုပ်ပေးပြီတော့ ကျန်တဲ့ ကလေးနဲ့ စကားပြောတာ၊ စာဖတ်ပြတာ၊ ပေွ့ချီတာ၊ သီချင်းဆိုပြတာ စသဖြင့် ဘာမှ မလုပ်ပေးတဲ့ ကလေးဟာ ဘာသာစကားသင်ယူနိုင်မှု စွမ်းရည် ကျဆင်းသွားတယ်လို့ သိရပါတယ်။
ကလေးတို့ဟာ မိခင် ဘာသာစကားကို သေသေခြာခြာ ကြိး ကြွယ်ကြွယ်ဝဝ၊ ပြည့်ပြည့်စုံစုံ တတ်ဖို့လိုပါတယ်။ မိခင်ဘာသာစကားကို သေသေခြာခြာ နားလည် နိုင်ပါမှ ဒုတိယ ဘာသာ စကားကို သူ သေသေခြာခြာ သဘောပေါက်နားလည်နိုင်မှာပါ။ ရေှ့မှာ ကျွန်မပြောသလိုပဲ ကလေးနားမှာနေသူ အမေ (သို့မဟုတ်) အဖေဟာ အင်္ဂလိပ်စာကို မိခင်ဘာသာစကားအဖြစ်ပြောတဲ့နိုင်ငံ ကနေ လာသူ ဆိုရင်တော့ ကလေးကို သူက အင်္ဂလိပ်လိုပြော၊ အမေ က ဗမာလို ပြော တာကိစ္စ မရှိပါဘူး။ အဲလို မှမဟုတ်ဘဲနဲ့့ ကိုယ်က အင်္ဂလိပ်လိုပြောတဲ့အချိန်မှာ ဘာသာစကားကန့်သတ်ချက် နဲ့ပြောနေရသူဆိုရင်တော့ ကလေးဟာဘာသာ စကားရဲ့ တကယ်အဓိပါယ်ကို ဖမ်းဆုတ်နိုင်ဖို့ မလွယ်ပါဘူး။
ဥပမာ-အနေနဲ့ပြောရရင် ကျွန်မသား ငယ်လေး သုံးနှစ်သားတို့ ဟိုတလောကဖြစ်သွားတဲ့ အဖြစ်ကလေးကို ဥပမာအားဖြင့်ပေးချင်ပါတယ်။ သားငယ်လေး နဲ့ ကျွန်မမတော်တဆ တိုက်မိကြတဲ့အချိန်မှာ ကျွန်မတော်တော် လေး နာသွားပါတယ်။ ကျွန်မနာသွားတာကို တေွ့တော့ မေမေနာသွားလား။သားသား စိတ်မကောင်းဘူးမေမေ။ မေမေ နာသွားတာ သားဝမ်းနည်းတယ်။ သား ငိုချင်တယ်။မေမေ နာတော့ သားမပျော်ဘူးလို့ ပြောပါတယ်။ အမေ နာသွားတဲ့ အချိန်မှာ သူ့ စိတ်မကောင်းဖြစ်တဲ့အကြာင်းကို စိတ်မကောင်းဘူး။ ၀မ်းနည်းတယ်။ငိုချင်တယ်။ မပျော်ဘူး ဆိုပြီးတော့ သူ့ခံစားချက်ကို စကားလုံးရေလဲ သုံးပြီးတော့ ပြောသွားတာပါ။ သူ့ဘာကြောင့် ဒီလို ပြောနိုင်သလဲဆိုရင် သူ့ဘေးနားမှာနေသူ ကျွန်မတို့က ကျွန်မတို့ရဲ့ မိခင်ဘာသာစကားကိုကြွယ်ဝ စွာ သုံးနိုင်တဲ့ သူတေွ ဖြစ်လို့ပါပဲ။ သူ့နဲ့ ထိမိ၊တိုက်မိ လို့ သူနာသွားတဲ့အချိန်မှာ ကျွန်မတို့ ပြော တဲ့ တစ်ခါနဲ့ တစ်ခါ မတူတဲ့ စကားတေွ သူမှတ်ထားတယ်။
သူနဲ့ ထိမိတိုက်မိတိုင်းမှာ ကျွန်မတို့က မြန်မာလိုမပြောဘူး။ အင်္ဂလိပ်လို ပြောမယ်ဆိုရင် I m Sorry တစ်လုံးပဲပြောနိုင်မှာပဲ။ သူကလည်း ကျွန်မတို့ကို I’m sorry ပဲ ပြောမှာပဲ။ ဆိုလိုချင်တာ က ဘာသာစကား ရဲ့ စကားလုံးကြွယ်ဝမှု ကို သူ မရနိုင်တော့ဘူး ။ဒုတိယဘာသာစကားကို ကျွန်မက ကန့်သတ်ချက် နဲ့ ပဲပြောတတ်သူ ဆိုတော့ I’m sorry ပဲသူ့ကိုပြောမှာပါပဲ။ မြန်မာလို လည်းကောင်းကောင်းမတတ်၊ အင်္ဂလိပ်လို လည်း တကယ်ကျွမ်းကျင်စွာမတတ်။ နှစ်ဘာသာ လုံးကို အလုပ်ဖြစ်ရုံလောက် ပြောတတ်တဲ့ ကလေးတေွ အဖြစ် ရောက်လာတော့တာပါပဲ။
ဘာသာစကားနဲ့ အသံ
ဘာသာစကားမှာ အရေးကြီးဆုံးက ဘာလဲ လို့ မေးရင် အသံ လို့ဖြေရမှာပါပဲ။ အသံဟာ သိပ်အရေးကြီးပါတယ်။ ကလေးဟာ အသံမျိုးစုံကို နားကကြားဖူးထား ရမယ်လု့ ိ ကျွန်မပြောခဲ့ပါတယ်။ ဂီတသံ၊တူရိယာ သံကိုလည်း ကလေးကသိဖို့လိုတယ်။ကဗျာလေးတေွ ဖတ်ပြ ရင်းနဲ့ ကာရံကိုသိဖို့လိုတယ်။ အဲလိုပဲ သီချင်းလေးတေွ နားထောင်ရင်း၊ဆိုပြရင်းနဲ့ ကလေးဟာ အသံတို၊ အသံရှည်၊အသံပြင်း၊အသံပျော့ ၊ရပ်သံ၊နှာသံ တို့ကို နားလည်သွားမှာပါပဲ။ အဲဒီလို သိ ထားမယ်ဆိုရင် ကလေးကို ဘာသာစကား သင်ကြားတဲ့အခါမှာ လွယ်ကူ တာကို တေွ့ရမျာပါ။ အင်္ဂလိပ်လို နောက်ပိုင်း မှာ Phonics နဲ့ သင်ကြားတယ်ဆို ပါတော့။ ကလေးဟာ အသံကိုနားထောင်ပြီေးတာ့ အလွယ်တကူနဲ့ စားလုံးကို ပေါင်းတတ်လာမှာပါပဲ။ ဒါကြောင့် ဘာသာစကားကို ကလေးတို့ သင်ယူနိုင်ဖို့အတွက် အခြေခံFoundation အားဖြင့် အသံဟာ အရေးကြီးတယ်လို့ ဆိုလိုတာပါ။
ကလေးတို့ အတွက် ဘာသာစကားမှာ အကြား၊အပြော၊အရေး၊အဖတ် ဆိုပြီးလေးမျိုး ရှိတဲ့အတွက် မိခင်ဘာသာစကားကို သင်သင်၊ ဒုတိယ ဘာသာစကားကို ပဲ ပြောပြော ဒီလေးမျိုးလုံးကို တစ်ပြိုင်နက်တည်း သိဖို့ အရေးကြီးပါတယ်။ ဒီလေးမျိုးလုံး သိဖို့အတွက် ဘာသာရပ်တေွကိ သင်သလို ဘာသာ စကားကို သင်လို့ မရပါဘူး။ ဘာသာ စကားဟာ ဘာသာ ရပ်မဟုတ်ဘူး။ သူဟာ ဆက်သွယ်မှု တစ်ခု ပဲ ဖြစ်ပါတယ်။ဒီဆက်သွယ်မှု ကို အမြင်၊အကြား၊အထိတေွ့ ၊အနံ၊အရသာ ခံစားမှု အားဖြင့်သာ ဆက်သွယ်နိုင်တာ မို့လို ကလေးကို ဘာသာစကား သင်ချင်တယ်။ အင်္ဂလိပ်လို ရော၊မြန်မာလို ပါ ကောင်းစေချင်တယ်ဆိုရင်တော့ သိမှု ဉာဏ်ပိုင်းဆိုင်ရာ ပညာရှင်များရဲ့ အလိုအရ မေွးစကတည်းက ကလေးကို ပျော်ရွှင်အောင် ထား၊ ချစ်ခြင်းမေတ္တာအားဖြင့် ဂရုစိုက်၊ Five Sense (အမြင်၊အကြား၊အနံ၊အရသာ၊အထိတေွ့) ကို များနိုင်သမျှ များအောင် လုပ်ပေးဖို့ပါပဲ။ မိခင်ဘာသာ စကားကိုလည်း လုံလောက်ကြွယ်ဝ စွာပြောနိုင်မယ်။ Critical Period ကာလ (တစ်နည်းပြောရရင်) အုတ်မြစ်ချ ကာလမှာ ကလေးဉာဏ်ရည်ဖွ့့ဖြိုစေဖို့ လုပ်ပေးထားနိုင်မယ်ဆိုရင် ဖြင့် ကလေးတို့ ဒုတိယဘာသာ စကားရော၊တတိယ ဘာသာ စကားပါ သင်သင် အလွယ်တကူ သင်ယူတတ်မြောက်သွားနိုင်မှာပါ။
ခေတ်ဘုန်းသစ်