ဆုံးမပဲ့ပြင်ခြင်းဟာ သင်ကြားခြင်းအယူအဆတစ်မျိုးဖြစ်ပြီး အပြစ်ပေးခြင်း ပုံစံမဟုတ်ပါဘူး။ သင့်ရင်သွေးဟာ အခြားသူများနဲ့ ဘယ်လို အကျွမ်းတဝင်ရှိရမယ် ၊ မျှဝေခြင်း ၊ ပူးပေါင်းဆောင်ရွက်ခြင်း ၊ သည်းခံခြင်းတို့ကို သင်ကြားထားရပါမယ်။
မိဘဟာ လက်ဦးဆရာဖြစ်တာကြောင့် ဒီအရာများကို စိတ်ရှည်ရှည်နဲ့ ရေရှည်ကိုရည်ရွယ်ပြီး သင်ကြားပေးဖို့ လိုပါတယ်။ သင့်ရင်သွေး မမှန်ကန်သော အပြုအမူတစ်ခုကို လုပ်မိတဲ့အခါ ဒေါသတကြီး မဆူပါနဲ့။
ဒီအရာဟာ ကလေးငယ်ကို ဘယ်လိုထိခိုက်နိုင်သလဲဆိုတာ သေသေချာချာ နားလည်အောင် ရှင်းပြပါ။ ဘယ်လိုပြန်လည် ပြုလုပ်သင့်သလဲဆိုတာ နည်းလမ်းပေးပါ။ ထိုသို့နည်းလမ်းအမှန်ကို ရှင်းပြခြင်းကြောင့် ရင်သွေးငယ်လေးမှာ အာရုံစူးစိုက်မှု ကောင်းမွန်ပြီး ပျော်ရွှင်ပါလိမ့်မယ်။
ကလေးငယ် မည်မျှ ဆိုးဆိုးရွားရွား ပြုမူနေစေကာမူ ရိုက်နှက်ဆုံးမခြင်းဟာ လုံးဝမပြုလုပ်သင့်တဲ့ အရာတစ်ခုပါ။ ဆုံးမပဲ့ပြင်ခြင်းဟာ မည်သည့်အခါတွင်မှ အပျက်သဘောမျိုး မဖြစ်ရပါ။ ရင်သွေးငယ်လေးရဲ့ ကစားခြင်းနှင့် စူးစမ်းလေ့လာတဲ့ အခွင့်အလမ်းများကို အမြဲမြှင့်တင်ပေးရပါမယ်။
HYA (kyarlay)