ကိုယ်ဝန်ပထမ(၄)လပတ်မှာ သွေးယိုစီးနေတယ်ဆိုရင် ဘာလုပ်သင့်လဲ
ကိုယ်ဝန်ပထမ ၄ လပတ်မှာ သွေးဆင်းတယ်ဆိုရင် ဒုတိယနဲ့ တတိယ ၄ လပတ်တွေမှာ လည်း သွေးဆင်းတာမျိုး ကြုံရ နိုင်ပါတယ်။ ဒါကြောင့် သတိလေးတော့ ထားပါမေမေရေ
ပထမ ၄ လပတ်မှာ ကိုယ်ဝန်သည် အမျိုးသမီးတွေ တစ်ခါတလေ သွေးဆင်းမှာပါ။ ဒါက ပထဆုံး ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေအတွက်ဆို ထိတ်လန့်စရာ ကြီးတစ်ခုပါ။
ကိုယ်ဝန်ပထမ ၄ လပတ်မှာ သွေးယိုစီးရခြင်းရဲ့ အကြောင်းရင်း
သွေးထွက်တဲ့ အဆင့်ပေါ် မူတည်တဲ့အတွက် အကြောင်းရင်းတွေကလည်း ကွာခြားမှာပါ။ ကိုယ်ဝန်ပထမ ၄ လပတ်မှာ သွေးယိုစီးတဲ့ ကိုယ်ဝန်သည် မိခင်တွေရဲ့ ၅၀% လောက်က ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
လိင်ဆက်ဆံပြီးတဲ့အခါ သွေးထွက်ခြင်း – ဒီအဆင့်မှာ မိန်းမအင်္ဂါရဲ့ နံရံကပါးလွှာလွန်းတဲ့ အတွက် လိင်ဆက်ဆံပြီးတဲ့အခါ သွေးထွက်နိုင်ခြေများပါတယ်။
မျိုးအောင်တာကြောင့် သွေးထွက်ခြင်း – မျိုးအောင်ပြီးတဲ့အခါ ဥတွေက သားအိမ်နံရံကို နေရာ ရွှေ့ပြီး အမြစ်တွယ်ကြပါလိမ့်မယ်။ အဲဒီအခါ သွေးနည်းနည်း ထွက်နိုင်ပေမယ့် ဒါက ပုံမှန်ကိစ္စ တစ်ခုဖြစ်လို့ စိတ်ပူ စရာ မရှိပါဘူး။
မိန်းမအင်္ဂါနဲ့ သားအိမ်ခေါင်းရောဂါပိုး ကူးစက်ရောခြင်း၊ သင့်တော်တဲ့ ဆေးကုသမှုမခံယူခြင်းတွေက ကိုယ်ဝန် ပထမ ၄ လပတ်မှာ သွေးယိုစီးရခြင်းရဲ့ အကြောင်းရင်းတွေပါ။
သွေးထွက်ရင် ဘာလုပ်ရမလဲ
ကိုယ်ဝန်ဆောင်နေတုန်း အမျိုးသမီးတွေရဲ့ ၃၀% က သွေးဆင်းတတ်ကြပြီး အခြေအနေ အားလုံးက စိုးရိမ်ရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သွေးထွက်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပြီး ဘာဖြစ်လဲဆိုတာ သိရအောင် လုပ်သင့်ပါတယ်။ တချို့ ကိစ္စတွေမှာ ဆရာဝန်တွေက သွေးဆင်းရတဲ့ အကြောင်းရင်းကိုရှာဖို့ စစ်ဆေးတာလေးတွေ လုပ်ပါလိမ့်မယ်။
ကိုယ်ဝန်သည် မိခင်ရဲ့ ဟော်မုန်း ပမာဏကို သိဖို့ သွေးနဲ့ ဆီးစစ်ခြင်း။
သားအိမ်ခေါင်း ပွင့်လာတဲ့အခြေအနေကို ကြည့်ခြင်း။
သန္ဓေသားရဲ့ နှလုံးခုန်သံကို အာထရာဆောင်းနဲ့စစ်ဆေးခြင်း။
လူတော်တော်များများက ကိုယ်ဝန်ဆောင်စဉ် သွေးထွက်တာကို ကိုယ်ဝန်ပျက်ကျ နိုင်တာရဲ့ လက္ခဏာလို့ ပြောကြတယ်။ ဒါပေမဲ့ ဒီလို စဉ်းစားတာက လုံးဝမမှန်ပါဘူး။ ကလေးပျက်ကျတာရဲ့ လက္ခဏာက သားအိမ်အရမ်းကျုံ့တာ၊ ခါးအရမ်း နာတာတွေနဲ့ ဆက်စပ်နေပြီး သွေးခဲတွေလည်း ဆင်းတတ်ပါတယ်။