စျေး မီဒီယာ
အခြား

သာယာတဲ့ အိမ်ထောင်ရေးတစ်ခုလိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်မ်ား

Posted by Zaw Lin Aung August 21, 2020
Fap0bc8kt24uuwar2jw5

သင့်အနေနဲ့ အခုချိန် ကြင်စဦး အိမ်ထောင်ရှင်ဘဝကို တည်ထောင်ထားသူပဲ ဖြစ်ဖြစ်၊ ငွေရတု၊ ရွှေရတု ပေါင်းများစွာ အိမ်ထောင်သက် ကြာညောင်းနေသူပဲ ဖြစ်ဖြစ် သင့်အနေနဲ့ သံယောဇဉ်ကြိုးခိုင်မြဲပြီး ချစ်ခင်ကြင်နာမှု အပြည့်နဲ့ သစ္စာတရားပြည့်ဝနေတဲ့ အိမ်ထောင်ရေးကိုသာ လိုချင်ကြမှာ အမှန်ပါပဲ။ ဒီလို အိမ်ထောင်တစ်ခုလည်း ပိုင်ဆိုင်ချင်တယ်၊ ဒီလို ဖြစ်လာဖို့အတွက်လည်း ဘယ်လိုနည်းလမ်းတွေကို လုပ်ဆောင်ရမှန်း မသိဘူးဆိုရင် ကျွန်တော်တို့ က်ားေလးမွ ခိုင်မာတဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် မမေ့သင့်တဲ့ အချက်လေးတွေကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

Ovslptjhkspz6zfnkr6d

၁။ စိတ်ဝင်တစား နားထောင်ပေးပါ
-------------------------------------

Relationship ဆိုင်ရာ အတိုင်ပင်ခံတွေအားလုံးက တကယ့် အစစ်အမှန် နားထောင်ခြင်းဟာ ရန်ဖြစ်ခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ယုံကြည်မှုကို တိုးမြှင့်ပေးနိုင်ပြီး ပျော်ရွှင်မှု ပြည့်ဝတဲ့ Realtionship တစ်ခုဖြစ်လာအောင် ပုံသွင်းပေးနိုင်တယ်လို့ လက်ခံထားကြပါတယ်။ နားထောင်ခြင်းက တခြားလူတွေနဲ့ဆိုရင် တော်တော်လေးကို လွယ်မယ့် ကိစ္စတစ်ရပ်ဖြစ်ပေမဲ့ သင့်လက်တွဲဖော်က စကားပြောနေမယ်ဆိုရင်တော့ တော်တော်ကို ခက်ခဲတဲ့ ကိစ္စတစ်ရပ်ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ နားထောင်ခြင်းရဲ့ စွမ်းအားက ကြီးမားလွန်းတဲ့ အတွက် ရအောင်ကြိုးစားလေ့ကျင့်ပါ။ သင် တကယ်နားထောင်နေတယ်ဆိုတာ ပြဖို့အတွက် TV ဖွင့်ထားရင် TV ပိတ်လိုက်ပါ၊ ဖုန်းသုံးနေရင် ဖုန်းပိတ်လိုက်ပါ၊ အာရုံစူးစိုက်မှုအပြည့်ပေးပါ၊ ပြီးရင် မျက်လုံးဆုံမှု ရှိပါစေ။ နောက်ပြီးရင် ကိုယ်ကြားခဲ့တဲ့ အရာကိုလည်း တကယ်လုပ်ဆောင်ကြောင်း သက်သေပြပါ။ နားထောင်ခြင်းဟာ သင်ရဲ့ လက်တွဲဖော်က စိတ်ဆိုးနေတဲ့ အချိန်မျိုးမှာ တကယ် အရေးကြီးပါတယ်။ သင့်က တကယ်ကို နားထောင်ပေးမယ်ဆိုရင် ဘာပြဿနာ ဖြစ်နေတာလဲဆိုတာ နားလည်လာနိုင်မှာဖြစ်ပြီး ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း သိလာမှာ ဖြစ်ပါတယ်။ နားထောင်တတ်ဖို့ အတွက် လေ့ကျင့်မှုတွေလိုအပ်မှာဖြစ်ပြီး အလုပ်က Customer တွေတဲ့အခါ နားထောင်သလိုမျိုး၊ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အခါ နားထောင်သလို မျိုး နားထောင်တတ်ဖို့ လိုပါတယ်။ နားထောင်တတ်တဲ့ အရည်အချင်းတစ်ခု အိမ်ထောင်ရေးတစ်ခုမှာ ရှိလာပြီဆိုတာနဲ့ လက်တွဲဖော်နဲ့ ရန်ဖြစ်တာတွေ နည်းလာမှာပါ။

Unjfq71ktpjklyxtei8k

၂။ အိမ်ထောင်ရေး ခိုင်မြဲဖို့ အတွက်ပဲ အာရုံစိုက်ပါ
---------------------------------------------------

စိတ်ပညာအရ လူတစ်ယောက်နဲ့ ပထမဆုံး အကြိမ်စတွေ့တဲ့အခါမှာ သင်ဟာ သင်ကြိုက်တဲ့ အရာတွေကို အားလုံးကို ဂရုစိုက်တတ်ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့ အခါမှာ သင်ဟာ သင်မကြိုက်တဲ့ အရာတွေကိုပဲ ဂရုစိုက်လာပါတော့တယ်။ အကယ်၍ အိမ်ထောင်ရေးတစ်ခုမှာ ကောင်းတဲ့ အချက်တွေကို ဂရုမစိုက်ဘဲ ဆိုးတဲ့ အချက်တွေကို သာ အာရုံစိုက်လာမယ်ဆိုရင် မကြာခင်မှာပဲ ဒီ အိမ်ထောင်ရေးက ပျက်ဆီးသွားမှာ ဖြစ်ပါတယ်။ ဒီအချက်ကိုဖြေရှင်းဖို့ အတွက်နည်းလမ်းတစ်ခုကတော့ သင့်လက်တွဲဖော်ရဲ့ ကောင်းတဲ့ အချက်တွေ၊ သင်ကြိုက်တဲ့ အချက်
တွေကို သင်က သတိရှိရှိနဲ့ အာရုံစိုက်ဖို့ပါပဲ။ သင့်ရဲ့ လက်တွဲဖော်မှာ သင်ကြိုက်တဲ့ အချက်များစွာရှိမှာပါ။ ဒါ့ကြောင့် ဒီအချက်တွေကို စိတ်ထဲ စွဲစွဲမြဲမြဲမှတ်ထားပါ။ လိုအပ်လာရင်စာရွက်တစ်ရွက်ပေါ်မှာ ချရေးထားနိုင်ပါတယ်။

T41hg1peosrgekdtqtvo

၃။ နားပူနားဆာလုပ်တာတွေ လျှော့ပါ
----------------------------------------

နားပူနားဆာ လုပ်ခြင်းက ဆက်ဆံရေးကို တင်းမာစေတဲ့အပြင် ပြဿနာတစ်ခုကိုလည်း ပြေလည်အောင် မဖြေရှင်းပေးနိုင်ပါဘူး။ သင်က နားပူနားဆာလုပ်လေလေ သင့်အဖော်ဖြစ်သူက နားမထောင်လေပါပဲ။ တကယ်၍ တစ်စုံတစ်ယောက်က သင်လိုချင်တာကို မပေးနိုင်ဘူးဆိုရင် ကိုယ်ဘာတွေ လုပ်နေသလဲဆိုတာ ကိုပြန်စဉ်းစားပါ။ ကိုယ်တောင်းဆိုနေတာ မရဘူးဆိုရင် ကိုယ်မလိုချင်တာကိုပြောမဲ့အစား ကိုယ်ကြိုက်နှစ်သက်တဲ့ အရာကို ပြောင်းပြောကြည့်ပါ။ နားပူနားဆာလုပ်နေမယ့်အစား နည်းလမ်းပြောင်းကြည့်ပါ။ ဝေဖန်တာတွေ နားပူနားဆာလုပ်မိတဲ့အခါမှာ တစ်ဖက်ကလည်း သူ့ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးပါ။ သင့်လက်တွဲဖော်ကိုပြောင်းလဲစေချင်တယ်ဆိုရင် သူ့ရဲ့ ကောင်းကွက်တွေကိုပါ ထည့်ပြောပေးပါ။ အကယ်၍သူဟာ ကျေးဇူးတင်ခံရမယ်၊ စိတ်ကျေနပ်မယ်ဆိုရင် သင့်လက်တွဲဖော်ကသင်စိတ်ကျေနပ်ဖို့ ပိုပြီး ပြောင်းလဲပေးချင်မှာ ဖြစ်ပါတယ်။

Dk9cy7vcmumc6ypwe4e7

၄။ အချိန်တူတူ ကုန်ဆုံးပါ
---------------------------

အိမ်ထောင်ရေးတစ်ခု ခိုင်မာချင်တယ်ဆိုရင် အချိန်အကြာကြီး အတူတူ ရှိနေဖို့လိုတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် အိမ်ထောင်သည်ဘဝကို ရောက်သွားတဲ့အချိန်မှာလည်း ညစာထွက်စားတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးကို မပျက်ပါစေနဲ့။ သင့်ရဲ့ ပြက္ခဒိန်ထဲမှာ တွေ့မယ့်ရက်တွေကို မှတ်ထားခြင်းကလည်း သင်မမေ့အောင် ကူညီပေးနိုင်ပါတယ်။
အိမ်ထောင်ရေးတစ်ခုမှာ ဒီလို အလေးထားတဲ့ အကျင့်လေးတွေ ရှိတဲ့အခါမှာ ကောင်းကျိုးကို ခံစားရမှာ ဖြစ်ပါတယ်။ တခြားလူတွေမပါဘဲ ၂ ယောက်တည်း အတူတူတွေ့ခြင်းဖြင့် အိမ်ထောင်ရေး သံယောဇဉ်ကို ပိုခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်သွားတဲ့အတွက် အထူးအဆန်း လုပ်နေဖို့ မလိုဘူးဆိုတဲ့ အမှားမျိုးမလုပ်ကြဘဲ နေ့တိုင်းနေ့တိုင်း ကိုယ်ရဲ့ လက်တွဲဖော်နဲ့ အချိန်အနည်းငယ်စီ ကုန်ဆုံးစေပါ။ တွေ့တဲ့အချိန်မှာလည်း ကောင်းတဲ့အရာတွေကိုပဲ ဦးစားပေးပြောဆိုဖို့လိုအပ်ပြီး လက်တွဲဖော်အိမ်ကိုရောက်လာတာနဲ့ လုပ်လက်စ အလုပ်တွေကိုရပ်ပြီး နှုတ်ဆက်ပါ။ ဒါ့ဟာ အိမ်ထောင်ရေးမှာ ခံစားချက်တွေကိုပို ခိုင်မာလာစေပြီး သင့်ရဲ့ အိမ်ထောင်ဖက်ကို အရေးကြီးတဲ့ လူတစ်ယောက်ကဲ့သို့ဆက်ဆံခြင်းဖြင့် အိမ်ထောင်ရေးက ပိုခိုင်မြဲလာမှာ ဖြစ်ပါတယ်။

Sxtgzlsezb6k1lhlh7y4

၅။ အထိအတွေ့ရှိနေပါစေ
---------------------------

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိတွေ့မှု ရှိခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ခြင်းကဲ့သို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီးသင့်ရဲ့ လက်တွဲဖော်ကို သင်က ဂရုစိုက်ကြောင်း ပြသနေပါတယ်။ အိမ်ထောင်ရေးမှာ နမ်းရှုပ်ခြင်း၊ ပွေ့ဖက်ခြင်းတို့ကို နေ့တိုင်း ပုံမှန်လုပ်ဆောင်နေမယ်ဆိုရင် ရန်ဖြစ်ဖို့ ခဲယဉ်းပါတယ်။

Falfrlxu12tpalkd5aev

၆။ အကျင့်ဆိုး (၇) ခုကို စွန့်ပစ်ပြီး အကျင့်ကောင်း (၇) ခုကိုမွေးမြူပါ
------------------------------------------------------------------------

အိမ်ထောင်ရေးတစ်ခုကို ခိုင်မြဲစေချင်တယ်ဆိုရင် အိမ်ထောင်ရေးတစ်ခုမှာ မရှိသင့်တဲ့ အကျင့်ဆိုး (၇) ချက်ကို ရှောင်ရှားပြီး အကျင့်ကောင်း (၇) ချက်ကို မွေးမြူသင့်ပါတယ်။ ဒီအကျင့်တွေကို မွေးမြူရတာက ခက်ခဲမှာပါ။ ဒါပေမဲ့ သင့်အနေနဲ့ သာယာတဲ့ အိမ်ထောင်ရေး တစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင် စိတ်ရှည်ရှည်နဲ့ မွေးမြူဖို့ လိုပါလိမ့်မယ်။ စွန့်ပစ်ရမယ့် အကျင့်ဆိုး ၇ ခုကတော့ အပြစ်ရှာခြင်း၊ ဝေဖန်ခြင်း၊ ညဉ်းညူခြင်း၊ နားပူနားဆာလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အပြစ်ပေးခြင်းနဲ့ အကျင့်ပျက်ခြင်းတို့ ဖြစ်ပါတယ်။ အစားထိုးရမယ့် အလေ့အကျင့် (၇) ခုကတော့ အားပေးခြင်း၊ တိုက်တွန်းခြင်း၊ နားထောင်ခြင်း၊ လက်ခံတတ်ခြင်း၊ ယုံကြည်ခြင်း၊ လေးစားခြင်းနဲ့ ခြားနားမှုတွေကို ညှိနှိုင်းတတ်ခြင်းတို့ ဖြစ်ပါတယ်။

Cmc825wobwvbhqdcai8i

၇။ ကိုယ့်ရဲ့ လက်တွဲဖော်ကို လေးစားပါ
-----------------------------------------

အိမ်ထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တွေရဲ့ ထိပ်ဆုံးက အချက်ကတော့ လေးစားမှုပါပဲ။ သင့်အနေနဲ့ လူတစ်ယောက် အချစ်မပါဘဲ လေးစားလို့ရပေမဲ့ လေးစားမှုမပါဘဲ ချစ်လို့မရပါဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ဆွေမျိုးတွေ၊ ကလေးတွေ၊ မိတ်ဆွေတွေရှေ့မှာ အသုံးမကျကြောင်းမပြောပါနဲ့။ အိမ်ထောင်ရေး မှာပြဿနာရှိတဲ့အခါ အပြင်မသယ်ဘဲ အချင်းချင်း ၂ ယောက်သားဆွေးနွေးပါ။

Agxlxssgwwoohy5j8ppw

၈။ ဖိအားမပေးပါနဲ့
--------------------

လူတစ်ယောက်ဟာ သူတို့ပြောင်းလဲချင်မှ ပြောင်းလဲတယ်ဆိုတဲ့ သဘောကို သတိထားပါ။ သင့်အနေနဲ့ သင့်အိမ်ထောင်ဖက်ရဲ့ နှစ်ပေါင်းများစွာ ရှိလာတဲ့ အမူအကျင့်တစ်ခုကို သွားပြောင်းလဲပေးလို့မရပါဘူး။ သူတို့ မှားနေတယ်လို့ မထင်တဲ့အရာတစ်ခုကို သင်က ဖိအားပေးပြီး ပြောင်းလဲခိုင်းလို့မရပါဘူး။ ဒါ့ကြောင့် ဒီလိုပြဿနာတွေကို အပေါ်ယံ ပြောင်းတော့ဆိုတဲ့စကားပြောမယ့်အစား လက်တွဲဖော်ရဲ့ လိုအပ်ချက်တွေကို အချိန်ယူနားထောင်ပေးပြီး ပြောင်းလဲရာမှာ ကူညီဖို့လိုပါတယ်။
#Ref( အာကာဟိန်း - သာယာတဲ့ အိမ်ထောင်ရေး ဖန်တီးခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.