
အဖျားတက်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ထက် မြင့်မားနေခြင်းကို ဆိုလိုပါတယ်။ များသောအားဖြင့် ကူးစက်ရောဂါပိုးများကို ခန္ဓာကိုယ်ကတိုက်ဖျက်နေချိန်မှဦ အဖျားတက်တတ်ပါတယ်။ ရင်သွေးငယ်လေးတွေမှာ အဖျားတက်တဲ့အခါ စိုးရိမ်ရမယ့်အချိန်လေးတွေ ရှိပါတယ်။
သင့်ရင်သွေးဟာ ၃လသားအောက်ဖြစ်ပြီး ကိုယ်အပူချိန် ၁၀၀ဒီဂရီဖာရင်ဟိုက်ရှိပါက ဆရာဝန်ထံသို့ အမြန်ဆုံး သွားရောက်ရပါတယ်။ ငယ်ရွယ်သော ကလေးငယ်များမှာ ပြင်းထန်သော ရောဂါပိုးကူးစက်မှု (သို့) ရောဂါရှိမရှိ စစ်ဆေးရန် လိုအပ်ပါတယ်။
၃လသားအထက် ကလေးတွေ ဖျားနာရင်တော့ သူတို့ရဲ့ အမူအရာနဲ့အကြည့်တွေကို သေချာစောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ တကယ်လို့ ကလေးဟာ အရည်များသောက်နိုင်နေတယ် ၊ အခြားထူးခြားတဲ့ လက္ခဏာမရှိဘူး ၊ အဖျားက ၂၄နာရီထက်လည်း မပိုဘူး ၊ အပူချိန်ကလည်း ၁၀၄ ဒီဂရီ ဖာရင်ဟိုက် အထက်မရောက်ဘူးဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး။
သင့်ရင်သွေးဟာ အသက်၃လနှင့်၆လအကြား ကိုယ်အပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက်နှင့်အထက် ၊ အသက်၆လနှင့်အထက် အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက်နှင့်အထက်ရှိပြီး အောက်ပါ လက္ခဏာများ တွေ့ရှိပါက ချက်ချင်း ဆေးရုံ ၊ ဆေးခန်းသို့ သွားရောက်ပြီး ကုသမှုခံယူပါ။
အစားစားချင်စိတ်ပျောက်ဆုံးခြင်း
ချောင်းဆိုးခြင်း
နားကိုဆွဲခြင်းကဲ့သို့ နားကိုက်ခြင်းလက္ခဏာများ
ပုံမှန်မဟုတ်သော ဇီဇာကြောင်ခြင်း
အော့အန်ခြင်း ၊ ဝမ်းလျှောခြင်း
အသားရောင်ဖျော့တော့ပြီး သွေးရောင်လွှမ်းခြင်း
ရှင်းလင်းပြတ်သားမှုမရှိသော အဖုအပိန့်များထွက်ခြင်း
အသက်ရှူမြန်ခြင်း
HYA (kyarlay)