စျေး မီဒီယာ

Posted by Ngu Kay August 20, 2020

ကလေးနှင့် ကိုယ်လိမ်းပေါင်ဒါ
************************
ကလေးငယ်တွေမှာ ကိုယ်လိမ်းပေါင်ဒါသုံးတာဟာ နိုင်ငံအများစုမှာ လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပါတယ်။ ပေါင်ဒါလိမ်းခြင်းကြောင့် အရေပြားခြောက်သွေ့ပြီး သေးခံမလောင်အောင် ကာကွယ်တယ်လို့ ယူဆသုံးသူများရှိသလို ကလေးကိုယ်မွှေးအောင် ရေချိုးပြီးတိုင်းထည့်ပေးသူများလည်းရှိပါတယ်။

ကိုယ်လိမ်းပေါင်ဒါမှာ အဓိကပါဝင်တဲ့ ဓာတုဗေဒပစ္စည်းကို Talc/ Talcum လို့ခေါ်ပါတယ်။

အမေရိကန်နိုင်ငံမှ ကင်ဆာအဖွဲ့အစည်းရဲ့ သုတေသနပြုသူများအရ သဘာဝအလျောက်တွေ့ရှိသော Talc မှုန့်များမှာ အဆုတ်ကင်ဆာကို အားပေးတဲ့ ကျောက်ဂွမ်းလို့ခေါ်သော ဓာတုဗေဒပစ္စည်း Asbestos ပါဝင်ကြောင်း တွေ့ရှိပါတယ်။

ကလေးပေါင်ဒါနဲ့ ပတ်သက်ရင် နာမည် အကြီးဆုံး Johnson & Johnson ကုမ္ပဏီက သူတို့ထုတ်တဲ့ Talc ပေါင်ဒါမှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းကို လုံးဝမပါအောင် သန့်စင်ထားတယ်လို့ တရားဝင် ကြေငြာပါတယ်။ Talc မပါဘဲ ပြောင်းမှုန့်မှ ထုတ်ထားတာတွေလဲရှိပါတယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံ, မဲလ်ဘုန်းမြို့မှ တော်ဝင်ကလေးဆေးရုံကြီးကတော့ သေးခံလောင်တဲ့ ပြဿနာတွေမှာ ကလေးပေါင်ဒါများသုံးဖို့မလိုကြောင်း သတိပေးတားမြစ်ပါတယ်။

စာရေးသူ ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပြုလိုတာက ကလေးကိုယ်လိမ်းပေါင်ဒါကို မလိုအပ်ဘဲမသုံးပါနဲ့။ ဆေးပညာမှာလည်း ကိုယ်လိမ်းပေါင်ဒါကို ဆေးဝါးအနေနဲ့ အသုံးမပြုတော့ပါ။ မသုံးစေလိုတဲ့ အကြောင်းပြချက်များကတော့

(၁) မွေးကင်းစမှ ကလေးငယ်အားလုံးရဲ့ အရေပြားဟာ အင်မတန် နူးညံ့ပါးလွှာတဲ့အတွက် ပေါင်ဒါမှာ ပါဝင်တဲ့ အမွှေးနံရှိအောင် သုံးသော ဓာတုဗေဒ ပစ္စည်းအမျိုးမျိုး၊ သိမ်းဆည်းရာမှာ ဝင်အောင်းနေနိုင်သော ဖုန်မှုန့်များနဲ့ ပိုးမွှားများက ကလေးအရေပြားနဲ့ မတည့်တာ ဖြစ်တတ်ပါတယ်။

(၂) လိမ်းပေးနေစဉ်မှာ လေထဲလွင့်သွားတဲ့ ပေါင်ဒါမှုန့်များဟာ ကလေး အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ပြီး အသက်ရှူ လမ်းကြောင်း ပြဿနာများရှိတတ်ပါတယ်။ အထူးသဖြင့် လမစေ့ဘဲမွေးသော ကလေးများ၊ မွေးရာပါ နှလုံးရောဂါရှိသူများ၊ မကြာခဏ အဆုတ်ထဲပိုးဝင်သူ ကလေးများမှာ လုံးဝ မသုံးသင့်ပါ။

(၃) လိမ်းပေးနေစဉ်မှာ လေထဲလွင့်သွားတဲ့ ပေါင်ဒါမှုန့်များဟာ ကလေးမျက်လုံးထဲ မတော်တဆ ဝင်ရောက်ပြီး မျက်သားကို ရောင်ရမ်းစေနိုင်ပါတယ်။

(၄) ကလေးပေါင်ဒါများဟာ တံဆိပ်အမျိုးမျိုးရှိတဲ့အတွက် ထုတ်လုပ် ရောင်းချသူတိုင်းက ပေါင်ဒါမှုန့်မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေသော ပစ္စည်းကို သန့်စင်ထားခြင်း ရှိမရှိ မသိနိုင်ပါ။

မှတ်ချက်- ကလေးက ဘာရောဂါအခံမှမရှိဘဲ မိဘကလည်း ပေါင်ဒါ အလွန်သုံးချင်ပါလျှင် နာမည်ရှိသော တံဆိပ်ကို အနည်းငယ်သာသုံးပါ။ ကလေးနှာခေါင်းနှင့် မျက်လုံးထဲ မဝင်အောင် သတိပြုပါ။

#နေနေမိုးဆွေ (Child Health Myanmar Page)
Reference- American Cancer Society- Talcum Powder & Cancer, RCH Kid Health Information-Nappy Rash, Johnson's Baby powder- Safety Tips
Photo Credits to Google
#naynaymoeswe

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.