မေမေတို့ရေ ရင်သေွးငယ်လေးတေွ အသက်တစ်နှစ်အရွယ်ရောက်လာပြီဆိုရင်တော့ အစားကိုကောင်းကောင်းစားတတ်နေပြီနော်။ ကျေွးသမှျကို စားနိုင်တဲ့အရွယ်ဖြစ်နေပြီပေါ့။ အဲ့ဒီအချိန်ရောက်ရင်တော့ အနည်းဆုံး တစ်နေ့ကို ထမင်းသုံးကြိမ်နဲ့ သွားရေဆာ နှစ်ကြိမ် ကျေွးသင့်ပါတယ်။ မိသားစုတေွစားတဲ့အတိုင်း ထမင်းဝိုင်းကအစားကို အပူအစပ်တေွကလွဲပြီး အားလုံးကျေွးနိုင်နေပါပြီ။
အချို့မိခင်တေွကတော့ ရင်သေွးငယ်တေွကို အစားအစာကျေွးတာနဲ့ ပတ်သက်ပြီး အယူလွဲတာတေွလည်းရှိတတ်ပါတယ်။
- (၃) လအရွယ်နဲ့ ကလေးကို ပျားရည်၊ သကြားရည်တိုက်တာတေွှပုလုပ်တတ်ကြပါတယ်။ (ရေှာင်ရှားသင့်ပါတယ်နော်။)
- (၈) လအရွယ်ရောက်နေပေမယ့် မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ကျေွးတာမျိုးကိုလည်း ရေှာင်ရှားသင့်ပါတယ်။
အချို့မိခင်တေွကတော့ ..
- ပဲကျေွးရင် ၀မ်းဖောမယ်လို့အယူလွဲတာ
- ငါးကျေွးရင် သန်ထမယ်လို့ အယူလွဲတာ
- ဥကျေွးရင် ၀မ်းပုပ်မယ်လို့ အယူလွဲတာ
- ဟင်းရွက်ကျေွးရင် ၀မ်းနာမယ်လို့ အယူလွဲတာ
- နေမကောင်းရင် အစားမကျေွးရဘူးလို့ အယူလွဲတာတေွ ရှိတတ်ပါတယ်။ အဲ့ဒီလိုအယူလွဲတာတေွကိုတော့ မေမေတို့အားလုံးက ရေှာင်ရှားဖို့အတွက် ကျားလေးက အကြံပြုလိုက်ပါတယ်နော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)