" ကလေးတေွ သွားဆေးခန်းမှာ မငိုအောင် ဒီအချက်တေွ လိုက်နာပေးပါ "
ကျွန်တော်တို့လူကြီးတေွကိုယ်တိုင်တောင် သွားဆေးခန်းဆို အလိုလိုကျောချမ်းသွားရော ။ ဒီတော့ ကလေးလေးတေွအနေနဲ့ သွားဆေးခန်း ကြောက်တာ မဆန်းဘူးပေါ့ ။
ဒါပေမယ့် ပြန်တေွးကြည့်ရင် ကလေးကြောက်နေတာက ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး ။ ကလေးအနေနဲ့ ပထမဆုံးရက်ချိန်းမှာ ကုသမှုခံယူဖို့ အတင်းဖိအားပေးခံရရင် နောက်တစ်ကြိမ်မှာ ပိုဆိုးသွားမှာဖြစ်ပါတယ် ။ ဒါဆို တစ်ခုခုဖြစ်လို့ ဆေးခန်းသွားရတဲ့အခါ ကလေးရော မိဘရော ဆရာဝန်ရော ဗြောင်းဆန်ကုန်ရော ။
သွားဆေးခန်းသွားတဲ့အခါ ကလေးတေွစိတ်ထဲမှာ ပေါ့ပေါ့ပါးပါးဖြစ်အောင် စိတ်မဖိစီးအောင် ဖေဖေ/မေမေတို့က ဒီအချက်လေးတေွကို လိုက်ဖတ်ကြည့်ရအောင်ခင်ဗျ ။
(၁) ကလေးသွား စပေါက်ကတည်းက သွားဆေးခန်းစပြပေးပါ ။
သွားဆေးခန်းဆိုတာ ကလေးတေွ သွားနာမှ/ သွားကိုက်မှ လာရတဲ့ နေရာမျိုးမဟုတ်ပါဘူး ။ သွားနူတ်တဲ့နေရာလည်းမဟုတ်ပါဘူး ။
ကလေးတေွ သွားနာပြီး နာနာကျင်ကျင်ငိုနေတာတေွကိုလည်း ဘယ်မိဘကမှ မြင်ချင်ကြမယ်မထင်ပါဘူး ။
ဒါကြောင့် ကလေးတေွ တစ်ခုခုဖြစ်မှ သွားဆေးခန်းသွားတာထက် ကလေးသွားစပေါက်ကတည်းက စပြီး (၆) လတစ်ကြိမ် သွားဆေးခန်းမှာ Check Up (သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးမွု) လုပ်ပေးပါ ။
ဒီလိုလုပ်ပေးခြင်းအားဖြင့် ကလေးအတွက် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရေှာက်မွုပုံစံတေွကို သွားဘက်ဆိုင်ရာဆရာဝန်ထံမှ အမြဲသင်ယူနိုင်မှာဖြစ်သလို ကလေးရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအခြေအနေကိုလည်း အမြဲသိခွင့်ရမှာဖြစ်ပါတယ် ။
စောင့်ကြည့်နေရင်း ဥပမာ သွားပိုးစားလာပါက ကလေးသွားမနာလာခင်မှာပဲ ကုသမွုပြီးစီးမှာဖြစ်ပါတယ် ။
ကလေးဘက်က ကြည့်ရင် သွားဆေးခန်းဟာ သူ့အတွက် ရင်းနှီးပြီး လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ် နေသားကျနေမှာဖြစ်ပါတယ် ။
ဆရာဝန်နဲ့မိဘတေွရဲ့ ရင်းနှီးမွုကြောင့် ကလေးအခြေအနေများကို ပိုပွင့်ပွင့်လင်းလင်း နေွးနေွးထေွးထေွးဆေွးနေွးနိုင်ပါလိမ့်မယ် ။
ဒါကြောင့် ကလေးတေွကို ငယ်ကတည်းက (၆) လ တစ်ကြိမ် Dental Check Up လုပ်ပေးပါ ။
(၂) ကလေးတေွကို ဆရာဝန်တေွနဲ့ မခြောက်လန့်ထားပါနဲ့ ။
ကလေးတေွဆိုတာ ဘာမှမဟုတ်တဲ့ "ဒေဝေါလာပြီ " ဆိုတဲ့ စကားလုံးကိုတောင် ကြောက်ကြတာပဲ ။
နည်းနည်းနားလည်စ ပြုနေပြီဖြစ်တဲ့ ကလေးအရွယ်တေွအတွက် ဆရာဝန်ဆိုတာ ကလေးတေွကို နာကျင်အောင် လုပ်မယ့်သူအဖြစ် ပုံမဖော်ပါနဲ့ ။
ဒါကြောင့်ကလေးသွားဆေးခန်းပြမယ့်နေ့မှာ မိသားစုဝင်တေွအနေနဲ့ ကလေးကို "မင်းကို ဆရာဝန်က အပ်အကြီးကြီးနဲ့ ဆေးထိုးမှာ " " သွားကို ပလယာနဲ့ ဆွဲနူတ်မှာ " စသဖြင့် မစနောက်ရပါဘူး ။
မိသားစုထဲက ရင်းနှီးတဲ့ ဆရာဝန်တေွနဲ့ တေွ့တဲ့အခါ " မလိမ္မာရင် ဦးဦးဆရာဝန်ကို ဆေးထိုးခိုင်းလိုက်ရမလား " စသဖြင့် မစနောက်ပါနဲ့ ။
ဒီလို ခြောက်လှန့်ခံထားရတဲ့ကလေးဟာ သေရာပါ ဆေးရုံဆေးခန်းကြောက်နေမှာဖြစ်ပြီး တစ်ခုခုဖြစ်တဲ့အခါ ကုသရတာ အရမ်းခက်ပါတယ် ။
တစ်ခုခုဖြစ်ရင်လည်း ကြောက်ပြီး အရင်သည်းခံနေတတ်ကြတာမို့ အခြေအနေအရမ်းဆိုးမှသာ ဆေးခန်းလာကြပါတော့တယ် ။
ဒါကြောင့် ငယ်ငယ်ကတည်းက ဆေးခန်းနဲ့မရင်းနှီးတဲ့ ကလေးတေွကို ဆရာဝန်တေွနဲ့ မခြောက်လန့်ပါနဲ့ ။ မစနောက်ပါနဲ့ ။
(၃) ကလေးဆေးခန်းမှာ ငိုနေရင် မရှက်ပါနဲ့ ။
ကျွန်တော်တို့ လူကြီးတေွကိုယ်တိုင်လည်း တစ်ခုခုဖြစ်လို့ ဆေးခန်းပြရတဲ့အခါ စိတ်ဖိစီးပါတယ် ။ ဒါကြောင့် ကလေးတေွ ကြောက်တာဟာ အဆန်းကြီး မဟုတ်ပါဘူး ။ သွားဆရာဝန်အတွက်ဆို ရိုးနေပါပြီ ။
ဒါကြောင့် သွားဆေးခန်းမှာ ကလေးငိုရင် ဂျီကျရင် မိဘတေွအနေနဲ့ ရှက်ပြီး ဆူတာ ငေါက်တာ ကြိမ်းမောင်းတာ ရိုက်တာမျိုးတေွ မလုပ်ပါနဲ့ ။
ဒီလိုတေွလုပ်ပါက ကလေးက ပိုစိတ်ရှုပ် ဝမ်းနည်းသွားပြီး ဘာမှလုပ်မရတော့ပါဘူး ။
ဆရာဝန်က ကလေးအခြေအနေကို သူတို့ Behavior (အမူအကျင့်) အလိုက် သေချာကိုင်တွယ် ချော့မော့သွားမှာဖြစ်ပြီး မိဘတေွက ဆရာဝန်နဲ့ ပူးပေါင်းပေးပါနော် ။
(၄) ကလေးကုသမွုလုပ်နေစဉ် ကလေးဘေးမှာ မိသားစုဝင်တေွအကုန်လုံး မနေရ ။
ဆေးခန်းပြမှာက ကလေးလေးတစ်ယောက်ပဲ ဒါပေမယ့် ဆေးခန်းကို အဖေ၊ အမေ ၊အဖိုး ၊အဘွား၊ အဒေါ် ဦးလေး အကုန်ခေါ်လာလို့ အဆင်မပြေပါဘူး ။ လိုက်လာချင်ရင်လည်း အပြင်မှာ ထိုင်စောင့်ပေးပါ ။ ကလေးဘေးမှာ အုပ်ထိန်းသူ နှစ်ယောက်လောက်ပါလာရင် အဆင်ပြေပါပြီ ။
ဘေးကနေပြီး ကုသမွုအောင်မြင်ဖို့ ကူညီပေးပါ ။
အိမ်မှာ ဘယ်လောက်ပဲ အလိုလိုက်ထား လိုက်ထား ဆေးခန်းမှာ ကုသမွုကို အနေှာက်အယှက်ဖြစ်တဲ့အထိ Sensitive ဖြစ်နေတာမျိုး မလုပ်ရပါဘူး ။ " သားသားကို နာအောင်လုပ်ရင် ဆရာကို ဖေဖေက ရိုက်မှာ " စတဲ့ ဆရာဝန်ကို စော်ကားသော စကားများ မပြောဆိုမိဖို့ သတိထားပေးပါနော် ။
ဒီလိုတေွ မိဘတေွက ဘေးကနေ လုပ်နေရင် ကလေးက ပိုဂျစ်လာပြီး ဘယ်လိုမှ ကုသမွုလုပ်လို့ရတော့မှာ မဟုတ်ပါဘူး ။
(၅) သွားဆေးခန်းပြတဲ့အခါ ကလေးရဲ့ အိပ်ချိန် ၊ ကစားချိန်တေွကို ရေှာင်ပေးပါ ။
ကလေးတေွရဲ့ အိပ်ချိန်တေွ ကစားချိန်တေွကို ဆေးခန်းပြခြင်းအားဖြင့် ကလေးဟာ စိတ်ကြည်မှာမဟုတ်လို့ ဆေးခန်းမှာ ဂျီကျနိုင်ပါတယ် ။
ဆေးခန်းမလာခင် အစားတစ်ခုခု ကျေွးလာပြီး သန့်ရှင်းရေးလုပ်လာပေးပါ ။ ဆေးခန်းရောက်တဲ့ အထိ မုန့်ပဲသွားရည်စာတေွ ကျေွးလာတာမျိုး မလုပ်ရဘူးနော် ။
မနက်ခင်းပိုင်းတေွကတော့ ကလေးတေွအတွက် ဆေးခန်းပြဖို့ အသင့်တော်ဆုံးအချိန်ပါပဲ ။
(၆) ပေါ့ပေါ့ပါးပါး Appointment ဖြစ်ပါစေ ။
သွားဆေးခန်ပုံမှန်ပြနေကျ ကလေးဆိုရင်တော့ သွားဆေးခန်းပြတာက ပေါ့ပေါ့ပါးပါးဖြစ်နေဖို့ သေချာသလောက်ပါပဲ ။
ကလေးငယ်တေွဆိုရင်တော့ သွားဆေးခန်းမပြခင် အိမ်မှာ ကြိုတင်ပြင်ဆင်ရမယ်နော် ။ ကလေးကို သွားဆေးခန်းပြတဲ့ ကာတွန်းလေးတေွ ပြပေးတာမျိုး ၊ ဓာတ်မီးလေးတေွနဲ့ သွားစစ်ဆေးတမ်း ကစားတာမျိုးလေးတေွ လုပ်ပေးသင့်ပါတယ် ။
ကလေးကြီးတေွကတော့ ပြောပြရှင်းပြရင် နားလည်တာမို့ သွားကျန်းမာရေးက လူတေွအတွက် အရေးကြီးတဲ့အကြောင်း ပြောပြပြီး ခေါ်လာရမယ်နော် ။
သွားဆေးခန်းကြောက်တဲ့ကလေးက သွားဆေးခန်းပြတယ်ဆိုရင် လိမ္မာရင် သူတို့နှစ်သက်တာလေးတေွ ဆုချပေးပါ ။
(၇) ရက်ချိန်းရှိရင် အချိန်ပေးပြီး မှန်မှန်သွားပါ ။
ကလေးတေွရဲ့ ပထမဆုံး Appointment ဟာ သွားနူတ်ခံရမယ့် Appointment မျိုးမဖြစ်သင့်ပါဘူး ။ ဒါကြောင့် သွားဆရာဝန်တေွက ပထမဆုံးရက်ချိန်းမှာ ကလေးနဲ့ ရင်းနှီးမွုရအောင် သွားနှင့်ခံတွင်းစစ်ဆေးပေးတာမျိုး နဲ့ မိဘနဲ့ ဆေွးနေွးတိုင်ပင်တာမျိုးကို ပြုလုပ်ပေးလေ့ရှိကြပါတယ် ။
ပြီးတော့ တချို့ကုသမွုတေွက နှစ်ခါသုံးခါ ရက်ချိန်းလာရတာမျိုးလည်း ရှိတတ်ပါတယ် ။
ကလေးက ကြောက်နေတာတောင် ဆရာဝန်ကို အတင်းကုသခိုင်းတာမျိုး မလုပ်ရပါဘူး ။
ပြီးတော့ ကလေးတေွက ပါးစပ်အကြာကြီး မဟနိုင်ကြတာကြောင့် ကလေးမှာ လိုအပ်တာတေွကို တခါတည်းပြီးအောင်လုပ်ပေးဖို့လည်း မတောင်းဆိုရပါဘူး ။
ကလေးကျန်းမာရေးအတွက် အချိန်ပေးပါ ။ ရက်ချိန်းလည်း မှန်ပါစေ ။
(၈) ဆရာဝန်တစ်ဦးတည်း စွဲပြပါ ။
ကလေးကို ဟိုဆရာဝန်နဲ့ပြလိုက် ဒီဆရာဝန်နဲ့ပြလိုက် လုပ်တာထက် ဆရာဝန်တစ်ဦးတည်းထံမှာ ကုသမွုခံယူတာက အကောင်းဆုံးပါပဲ ။
ကလေးလေးတေွက ခင်တွယ်တာ မြန်တော့ ကလေးနဲ့ဆရာဝန်ကြားက Relationship က ပိုကောင်းပြီး ကုသမွုမြန်ဆန်ပါတယ် ။
တချို့ကလေးလေးတေွဆို သွားဆေးခန်းသွားချင်လွန်းလို့ ဆရာက ဆေးခန်း တစ်လပိတ်တယ် လို့တောင်ပြောယူရသတဲ့ ။ ဆေးခန်းပိတ်ထားတယ်ပြောတာမယုံပဲ တဂျီဂျီလိုက်ပို့ခိုင်းတဲ့ ကလေးလေးတေွကိုလည်း တေွ့ဖူးပါတယ် ။ ဆေးခန်းရောက်ရင် အရုပ်နဲ့သွားတိုက်တံလေးတေွ တဂျီဂျီပူစာတတ်တဲ့ ကလေးလေးတေွလည်း ရှိတယ် ။
ဆေးခန်းကို ငိုပြီးရောက်လာတဲ့ ကလေးတေွ ထက်တော့ အများကြီး စိတ်ချမ်းသာရတာပေါ့ ။
ဒါကြောင့် ဆရာဝန်တစ်ယောက်တည်းနဲ့သာ ပြပေးပါခင်ဗျာ ။
(၉) ဓာတ်ပုံ ၊ ဗီဒီယို ရိုက်ဖို့ ခွင့်တောင်းပါ ။
ဒါကတော့ ကလေးတေွ ဆေးခန်းမှာ မငိုဖို့ အချက်နဲ့ မသက်ဆိုင်ပဲ လမ်းကြုံ မိဘတေွ သတိပြုဖို့ထည့်ရေးထားတာပါ ။
အခုခေါတ်မှာ Social Media တေွ ခေါတ်စားလာတော့ ဘယ်နေရာရောက်ရောက် ကျွန်တော်အပါအဝင် ဓာတ်ပုံရိုက်တင်ကြတယ် ။
ဆေးခန်းတေွဟာ ဆရာဝန်တေွ သူနာပြုတေွ ဆေးရုံဝန်ထမ်းတေွရဲ့ အလုပ်ခွင်ဖြစ်တာကြောင့် သူတို့ရဲ့ Privacy ကို လေးစားသောအားဖြင့် သူတို့အလုပ်လုပ်နေတာကို ခိုးပြီး ဓာတ်ပုံမရိုက်သင့်ပါဘူး ။
ကလေးရဲ့ကျန်းမာရေးကိစ္စတေွကိုလည်း ကလေးရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တေွှဖစ်တဲ့အတွက် Social Media တေွပေါ် မတင်သင့်ပါဘူး ။
ကလေးက ဓာတ်ပုံရိုက်တာ ဝါသနာပါလို့ ၊ ကလေးဆေးခန်းလေးက အရမ်းချစ်စရာကောင်းလို့ အမှတ်တရ ဓာတ်ပုံရိုက်ချင်ရင် ခွင့်တောင်းပေးပါ ။ ဆရာဝန်နဲ့ အမှတ်တရပုံရိုက်ချင်ရင်လည်း ခွင့်တောင်းပေးပါနော် ။
(ခွင့်ပြုဖို့ များပါတယ် )
ဗီဒီယိုမှတ်တမ်းတင်ချင်ရင်တော့ Booking ယူကတည်းက ကြိုပြောပေးပါနော် ။
(များသောအားဖြင့်တော့ ရိုက်ခွင့်ပြုမှာမဟုတ်ပါဘူး ။ ကျွန်တော့်ဆေးခန်းတေွမှာတော့ ဗီဒီယိုရိုက်ဖို့ လုံးဝ ခွင့်မပြုပါဘူး)
ဒီလောက်ဆိုရင် ကလေးလေးတေွ သွားဆေးခန်းမှာ မငိုဖို့ မကြောက်ဖို့ မိဘတေွရဲ့ အခန်းကဏ္ဏကဘယ်လောက်အရေးကြီးတယ်ဆိုတာ ဗဟုသုတရမယ်ထင်ပါတယ်နော် ။
ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။
ဒေါက်တာမျိုးမြင့်အောင်
#YourMYOE
#YourDentist
#MyanmarParentingGroup