စျေး မီဒီယာ

Posted by mal madi August 18, 2020

💛ကလေး ရေချိုးခေါင်းလျေှာ်ခြင်း💛
*************************
အလွန်ရိုးရှင်းသော ကိစ္စဟုထင်ရဖွယ်ရှိသော်လည်း မိဘများက နေ့စဉ် အမေးများပြီး သိလည်းသိသင့်သောကြောင့် ရေးဖြစ်ပါသည်။

💚(၁) မေွးကင်းစကို ရေဘယ်တော့ စချိုးပေးမလဲ?

-ချက်ကြေွှပီးမှ ရေစချိုးပေးလျှင် ချက်အနာကျက်ဖို့ ပိုစိတ်ချရသည်။✅

-ရာသီဥတု အလွန်ပူပြီးချေွးထွက်များလျှင် မေွးကင်းစကို နေ့စဉ်ချိုးပေးကောင်းချိုးပေးနိုင်ပါသည်။✅

-ဆောင်းတွင်းမေွးသောမေွးကင်းစ (သို့) အလွန်အေးသောဒေသတွင်မူ တစ်ပတ် ၃ ကြိမ်ချိုးပေးလျှင် လုံလောက်ပါသည်။✅

-ကလေးအတွက် သီးသန့်ထုတ်ထားသော ကိုယ်သန့်စင်ရည်က သင့်လျော်ပါသည်။ ဘာမှ မသုံးဘဲ ဂွမ်းလုံးလေးနှင့်လည်း အရေပြားကို ရိုးရှင်းစွာ သန့်စင်ပေးနိုင်ပါသည်။ ဆပ်ပြာတော့ ၃-၄ လလောက်ထိမသုံးသင့်သေးပါ။✅

-မေွးကင်းစကို တစ်ပတ် ၁ ကြိမ် ၂ ကြိမ်လောက် ခေါင်းလျေှာ်ပေးနိုင်ပါသည်။ ခေါင်းချေွးအထွက်များသော မေွးကင်းစကို မေမေက နေ့တိုင်းခေါင်းလျေှာ်ပေးချင်သည်ဆိုလျှင်လည်း မကန့်ကွက်လိုပါ။ ခေါင်းလျေှာ်ရည် သုံးရန်မလိုပါ။ ✅

💚(၂) ကလေးများကို တစ်နေ့ဘယ်နှစ်ကြိမ်ရေချိုးပေးရမလဲ?

-နိုင်ငံပေါင်း ၁၅၀ ကျော်မှ Child Health Myanmar ကို ပုံမှန်ဖတ်ရှုနေသော မိဘများ အားလုံးအတွက် အဆင်ပြေအောင် ဖြေပေးရလျှင် နေထိုင်ရာအရပ်မှ အပူချိန်နှင့် စိုထိုင်းမှု အပေါ်မူတည်ပါသည်။ ✅

-အများအားဖြင့် ပူပြင်းစိုစွတ်သော နေရာတွင်နေထိုင်လျှင် ကလေးများ ချေွးထွက်များသဖြင့် တစ်နေ့ကို အနည်းဆုံး ၁ ကြိမ် ၂ ကြိမ်ချိုးပေးသင့်ပါသည်။ အလွန်ပူပြင်းသော ရာသီတွင် တစ်နေ့ ၃-၄ ကြိမ်ထိ ချိုးပေးနိုင်ပါသည်။ ✅

-အေး၍ ခြောက်သေွ့သော ရာသီဥတုတွင် မေွးကင်းစမှ တစ်နှစ်ထိကလေးများကို တစ်ပတ် ၃-၄ ကြိမ်ချိုးပေးလျှင် လုံလောက်ပါသည်။ ၁ နှစ်ကျော် ကလေးများက ကစားတတ်ပြီဖြစ်၍ ချေွးထွက်ခြင်း၊ ဖုန်ပေခြင်းများရှိနိုင်၍ အနည်းဆုံး တစ်နေ့တစ်ကြိမ် ချိုးပေးသင့်ပါသည်။✅

💚(၃)ကလေးကို ဘယ်အချိန်ရေချိုးပေးရမလဲ?

မြန်မာ့ရိုးရာအယူများအရ ညနေဘက် ညဘက်ရေချိုးလျှင် အအေးမိတတ်သည်ဟုဆိုကြသော်လည်း ဆေးပညာရှုထောင်မှ ကြည့်လျှင် ညနေစောင်းနှင့် ညအိပ်ခါနီးချိုးပေးခြင်းဖြင့် ညဘက် သိပ်ရခက်သော ကလေးများ အိပ်ပျော်ဖို့ အထောက်အကူဖြစ်ကြောင်းတေွ့ရှိရပါသည်။✅

ထမင်းကျေွးပြီးလျှင် ညစ်ပေသွားတတ်သော ကလေးငယ်များကို ရေချိုးပေးလိုလျှင် ချိုးပေးနိုင်ပါသည်။✅

📌ရေမှန်မှန်ချိုးခြင်း၏ အကျိုးကျေးဇူးများ📌

ကလေးကို ရေပုံမှန်ချိုးပေးခြင်းဖြင့် တကိုယ်ရေသန့်ရှင်းရေးကို အထောက်အကူပြုပြီး
-အရေပြားတွင် ဖြစ်သော ဝဲရောဂါ၊ ပေွးနီကွက်၊ ညှင်းဖြူကွက်များနှင့် ကျောင်းသွားရွယ်ဖြစ်တတ်သော အနာများကို ကာကွယ်ပေးနိုင်ပါသည်။
-သားသားမီးမီး ရှူးရှူးပေါက်ရာ အီအီးပါရာမှ ကျန်ခဲ့သော အညစ်အကြေးအကြွင်းအကျန်များကိုလည်း သန့်စင်ပေးရာရောက်ပါသည်။
-အလွန်ကူးစက်လွယ်သော မျက်စိနာရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။

📌သတိထားရန်📌

ရေခဏခဏမချိုးပေးသင့်သောအချိန်မှာ ဆောင်းတွင်း အသားပတ်ချိန်ဖြစ်ပြီး
ရေခဏခဏမချိုးပေးသင့်သော ကလေးမှာ မေွးရာပါ အရေပြားခြောက်သေွ့ပြီး နို့ပေွးရှိသောကလေးဖြစ်ပါသည်။နို့ပေွးက ကူးစက်ရောဂါ မဟုတ်ပါ။

#နေနေမိုးဆေွ (Child Health Myanmar Page)
#naynaymoeswe
Photo Credits to Googles

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright Š 2019 Kyarlay . All Rights Reserved.