ကလေး နှာစီးလျှင်
============
ကလေး နှာစီးလျှင်
(၁) အဖျားကြီးလား (၁၀၂ ကျော်)
(၂) နို့စို့လား/ စားဝင်လား
(၃) အန်လား
(၄) အသက်ရှူမြန်လွန်းလား စစ်ပါ။
၁ မှ ၄ တစ်ခုခုတွင် စိုးရိမ်ဖွယ်ရှိလျှင် ဆေးရုံ/ဆေးခန်း ခေါ်သွားပါ။
၁ မှ ၄ စိုးရိမ်စရာ ဘာမှ မရှိလျှင် ဘာဆေးမှ မပေးပါနှင့်။ နှာစီးရုံက အန္တရာယ်မရှိဘဲ ဆေးတိုက်ပြီး အခန့်မသင်လျှင် အန္တရာယ်ရှိနိုင်သည်။ နို့ပိုတိုက်ပါ။ ၆ လကျော်ကလေး ရေပိုတိုက်ပါ။ တစ်ပတ်ကြာရင် ပျောက်သွားမည်။
၁ မှ ၄ ဘာမှ မရှိသော်လည်း နှာခေါင်းပိတ်ရုံ ပိတ်သည်။ ဘာမှ မလုပ်ပါနှင့်။ နှာခေါင်းပိတ်၍ အသက်ရှူခက်လျှင် ကလေးကြီးလျှင် နှာ ညှစ်ပေးပါ။ ကလေး ငယ်လျှင်
အဆင့် -၁
အိမ်တွင်းဖြစ် (ရေနွေးနွေး ၅၀၀ ml တွင် ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း ရော) သို့မဟုတ် အသင့်ရောင်း ဆားရည် (saline)ကို နှာခေါင်းတစ်ဖက်စီ ၂-၃ စက် ထည့်ပါ။ ထည့်လျှင် နှာခေါင်းပေါက်တည့်တည့် နှင့် အတွင်းနံရံဘက်ကို မထည့်ဘဲ ဘေးပြင်ဘက်ကို ဦးတည်ထည့်ပါ။ စက္ကန့် ၂၀-၃၀ စောင့်ပါ။ နှာရည်များ ထွက်ကျလာလိမ့်မည်။ နှာခေါင်းရှင်းသွားလျှင် ထပ်ပေးစရာ မလိုပါ။ မရလျှင်
အဆင့်-၂
အိမ်တွင်းဖြစ် ရေနွေးငွေ့ပေးပါ သို့မဟုတ် ပြည်ပမှ လာသော ရေနွေးငွေ့စက်များ humidifier သို့မဟုတ် vaporizer ဖွင့်ပေးပါ။ ပွင့်သွားလိမ့်မည်။ မရလျှင်
အဆင့်-၃
ကလေးအတွက်ထုတ်သော နှာရည်စုပ်ပြွန်လေးနှင့် စုပ်ပေးပါ။ စုပ်ပြွန်သုံးနည်းမှန်ပါစေ။ ဘေးမညှစ်ပဲ အပေါ်ကို ညှစ်ပါ။မရလျှင် သင်လုပ်နည်းမှားသလား ပြန်သုံးသပ်ပါ။
နှာစေးပျောက်သွားသည်။ သို့သော် ခဏ ခဏ ပြန်ဖြစ်သည်။ အောက်ပါ အချက်များ စစ်ဆေးပြုပြင်ပါ။
(၁) အိမ်မှာ ထူနေသော ဖုန်
(၂) အိမ်မှာ ဆေးလိပ်သောက်သူ
(၃) အိမ်မှာ ထွန်းတဲ့ ခြင်ဆေးခွေ
(၄) လူထူထပ်ရာ ကလေး ကို ခဏခဏ
ခေါ်သွားမိလား
(၅) မိဘ ကလေးထိန်းသူများ လက်ပုံမှန်ဆေးရဲ့လား။
မှတ်ချက် *******
၆ ပတ်အောက် ကလေးများ၏ နှာရည်သည် အနောက်သို့ စီးဆင်းမှု မဖွံဖြိုးသေး၍ အရှေ့သို့ကျသည်မှာ သဘာဝ ဖြစ်ပါသည်။ ဆေးမလိုပါ။
ကလေး နှာစီးတာ နှစ်ပတ်ထက်ကြာရှည်ပြီး အနံ့ဆိုးသော နှာရည် အစိမ်းရောင်ပျစ်ပျစ်များထွက်လာရင်, ပါးစပ်တအားနံလျှင်, ကလေးကြီးများ ခေါင်းကိုက်လျှင် ထိတ်ခပ်နာဖြစ်နိုင်၍ တတ်ကျွမ်းသောဆရာဝန်နှင့်ပြပါ။ ထိတ်ခပ်နာ ဆိုသည်မှာ နှာခေါင်း နောက်ဘက်မှ လေခန်းများတွင် bacteria ပိုးများဝင်ရောက်နေခြင်းဖြစ်၍ antibiotics လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။
Credit to နေနေမိုးဆွေ ( Child Health Myanmar Page)
#naynaymoeswe
.........................................