ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်များလွန်းတဲ့ မှားယွင်းစွာ သန္ဓေတည်ခြင်း
ကိုယ်ဝန်ဆောင်ကာစမှာ သားအိမ်မှာမဟုတ်ပဲ သားဥပြွန်မှာ ကိုယ်ဝန်ဆောင်မိရင် ပြသတတ်တဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်ကနေ သွေးဆင်းတတ်ပါတယ်။
မိခင်လောင်းတွေရဲ့ ကိုယ်ဝန်ကာလ(၃)လလာက်မှာ ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်ဝန်းကျင်မှာ ပြင်းပြင်းထန်ထန်ကိုက်ခဲခြင်း ဖြစ်တတ်ပါတယ်။ ဒီလို လက္ခဏာပြသတာဟာ သန္ဓေတည်စမှာ မှားယွင်းမှုကြောင့်ဖြစ်ပါတယ်။ သန္ဓေသားက သားအိမ်ထဲမှာ တွယ်ကပ်ရမယ့်အစား သားဥပြွန်ထဲမှာ တွယ်ကပ်သွားပါတယ်။ ဒီအခါ သားဥပြွန်ထဲမှာ သန္ဓေသားတဖြည်းဖြည်းကြီးလာပြီး ကိုက်ခဲမှုတွေ စပြီး ခံစားလာရပါတယ်။ ကိုက်ခဲမှုသေးသေးလေးတွေကို သတိလက်လွတ်ထားလိုက်မယ်ဆိုရင် သန္ဓေသားကြီးလာပြီး သားဥပြွန်ပေါက်ထွက်တာ၊ သွေးထွက်များတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင် မိခင်ရဲ့ အသက်ကို ဆုံးရှုံးရနိုင်ခြေရှိပါတယ်။
သားအိမ်မှာမဟုတ်ပဲ သားဥပြွန်မှာ ကိုယ်ဝန်ဆောင်မိရင် ပြသတတ်တဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်ကနေ သွေးဆင်းတတ်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းနာကျင်ကိုက်ခဲတာ၊ မူးမိုက်တာ၊ အားအင်ကုန်ခမ်းသလို ခံစားရတာ စတဲ့ လက္ခဏာတွေကို ပြသမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာစမှာ နေရာလွဲမှားပြီး သန္ဓေတည်သလား၊ နေရာမှန်သလားဆိုတာကို သေချာသိဖို့ အစတည်းက ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်ကို ပျက်စေနိုင်တဲ့ နောက်ထပ် ပြဿနာတွေကတော့ ဆီးချို သွေးတိုးလို နာတာရှည်ရောဂါသည်တွေ၊ သားအိမ်(သို့မဟုတ်) သားအိမ်ခေါင်းပြဿနာရှိနေသူတွေ (တချို့မှာ မွေးရာပါ သားအိမ်မူမမှန်တာတွေ ရှိပါတယ်)၊ ကိုယ်ဝန်ဆောင်သူမှာ HIV ပိုးလို တခြားရောဂါပိုးရှိနေသူတွေ စတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ပျက်ကျနိုင်ချေရှိပါတယ်။ နောက်ပြီး ကိုယ်ဝန်ပျက်ကျရခြင်းအကြောင်းအရင်းထဲ မျိုးရိုးနဲ့လည်း ဆိုင်သလို၊ ပတ်ဝန်းကျင်အဆိပ်အတောက်တွေရဲ့ သက်ရောက်မှုနဲ့ လည်း သက်ဆိုင်ကြောင်း ပြောပြပေးလိုက်ပါတယ်။