Oat ဆိုတာနဲ့ လသားကလေးငယ်အတွက်၊ toddler အရွယ်နဲ့ Big Kids အရွယ်တွေအတွက်ပါ သင့်တော်တဲ့ မနက်စာတခုအဖြစ်မြင်ကြမှာပါ
🔍Oat ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ ?
Oat တစ်ပွဲက ကလေးငယ်တွေအတွက် အာဟာရအများဆုံး အစားအစာတခုဖြစ်ပြီး Calcium နှင့် Folic Acid ကဲ့သို့ သတ္တုဓာတ်များပါဝင်ပြီး အရိုးအတွက်လည်း ကောင်းမွန်စေတယ်
ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ခန္တာကိုယ်ကြီးထွားမှုအတွက် လုံလောက်တဲ့ ဗီတာမင်ဓာတ်များပါဝင်ပါတယ်
နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပြီး၊ ပန်းနာရောဂါ၊ ကင်ဆာရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်
Oat ဟာ ကိုယ်ခံအားစနစ်ကိုပါတိုးမြှင့်ပေးပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာဖြစ်လို့ ဝမ်းချုပ်တတ်တဲ့ကလေးငယ်တွေအတွက် သင့်လျှော်ပြီး အလွယ်တကူအစာကြေနိုင်စေတယ် ဒါကြောင့် ကလေး ၆လကစပြီး ကလေးငယ်ကို မိတ်ဆက်ပေးလို့ရပါပြီ
Protein ဓာတ်ကြွယ်ဝခြင်း၊ Antioxidant ကြွယ်ဝခြင်း၊ သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိပေးနိုင်တဲ့အပြင် မကောင်းတဲ့ Cholesterol ကိုလည်းေလျာ့ချပေးပါတယ်
အသားယားယံခြင်း၊ အဖုအပိန့်ထွက်ခြင်းကိုလည်း သက်သာစေတယ်...ကလေးငယ် ဆံပင်နဲ့ အသားအရေကိုပါ ပိုမိုကောင်းမွန်စေကြောင်းဖတ်မှတ်ရပါတယ်
🔍 Oat အမျိုးအစားများ
ကမ္ဘာပေါ်တွင် Oat အစားဆုံးနိုင်ငံဟာ Russia နိုင်ငံဖြစ်ပြီး ဒုတိယ အများဆုံးမှာ United State မှဖြစ်ပါတယ်
Oat အမျိုးအစားအားလုံးဟာ Oat Groats များဖြစ်ကြပြီး Oat များကွာခြားချက်ကတော့ Texture နဲ့ ချက်ပြုတ်ချိန် ကွာခြားခြင်းပါပဲ...Oat အမျိုးအစား ကွဲပြားပေမဲ့ အာဟာရတန်ဖိုးကတော့ အတူတူပါပဲ
ဈေးကွက်မှာဝယ်လိုအားများတဲ့ Oat အမျိုးအစား ၄မျိုးတွေ့ရပါတယ်
Steel-Cut Oat
Steel-Cut Oat ဆိုတာ အပိုင်းပိုင်းဖြတ်ထားတဲ့ ဆန်လိုမျိုးနှင့်တူပါတယ် ချက်ပြုတ်ချိန်အနေနဲ့လည်း အကြာဆုံးဖြစ်ပါတယ်
Old Fashioned Rolled Oat
Rolled Oat ရဲ့ပုံသဏ္ဍာန်က ပြားချပ်ချပ်ပုံစံရှိပြီး Steel Oat ထပ် ချက်ပြုတ်ချိန် မကြာပဲ အရည်ကိုလည်း ကောင်းကောင်းစုတ်ယူနိုင်တဲ့အတွက် ကွတ်ကီး၊ muffins နှင့် မုန့်ဖုတ်ခြင်းတွေမှာအသုံးပြုကြလေ့ရှိတယ် Instant Oat ထပ်တော့ ချက်ပြုတ်ချိန်ကြာပါမယ်
Quick Oat
Ouick Oat ဆိုတာကတော့ လူသုံးများပြီး အရမ်းပါးလွှာတဲ့အတွက် ချက်ပြုတ်ချိန်အနေနဲ့သိပ်မပေးရတဲ့ Oat အမျိုးအစားဖြစ်ပါတယ်
Instant Oat
Instant Oat ကတော့ ချက်ပြုတ်ဖို့အချိန်မပေးရပဲ ရေနွေးပူပူနဲ့ ၁မိနစ်လောက်မွှေပေးတာနဲ့တင်ရနိုင်ပါတယ်
🔍 Oat ကိုဘယ်လိုပုံစံကျွေးလို့ရသလဲ ?
Oat ကိုဘယ်လိုပုံစံကျွေးရမယ်ဆိုတာ ပုံသေနည်းသတ်မှတ်ချက်မရှိပါဘူး အသီးအနှံ၊ အသီးအရွက်များနှင့် ကလေးနှစ်သက်သလို ကျွေးလို့ရပါတယ်
၆လအထက်မှာ
- Oat+Formula
- Oat+Apple Puree
- Oat+Banana Puree
- Oat+Avocado Puree
- Oat+Pear Puree
- Oat+SweetPotato Puree
- Oat+Potato Puree
- Oat+Pumpkin
စသည်ဖြင့် Formula လိုက်ဖက်တဲ့ အသီးလေးတွေဆိုရင်လည်း Formula လေးပါထည့်တိုးကျွေးပေးနိုင်ပါတယ်
၇လအထက်မှာ
- Oat+Egg+Formula
- Oat+Egg
- Oat+Biscuit+Formula
- Oat+Egg+Eggtofu
စသည်ဖြင့် အသီး Puree လေးတွေနဲ့ကျွေးလို့ရနိုင်ပါတယ်
၈လအထက်မှာ
- Oat+Cheese
- Oat+Cheese+Egg
- Oat+Cheese+Formula
- Oat+Cheese+Banana
- Oat+Cheese+Avocado
- Oat+Cheese+Potato
- Oat+Strawberry
- Oat+Peach
- Oat+Mango
- Oat+Blueberry
- Oat+Cherry
စသည်ဖြင့် Cheese ကျွေးလို့ရလာပြီဖြစ်တဲ့အတွက် အရသာပိုင်းမှာ Cheese ထည့်ကျွေးလို့ရသလို အသီးလေးတွေနဲ့ ဒိန်ချဉ်(Yogurt)ပါတွဲထည့်ပြီးလည်း ကျွေးလို့ရနေပါပြီ
၉လ၊ ၁၀လ၊ ၁၁လအထက်မှာ
- Oat Pancake
- Oat Banana Pancake
- Oat Pudding
စသည်ဖြင့် အပေါ်ကနည်းလေးတွေအတိုင်းဆက်ကျွေးလို့ရသလို ပန်ကိတ်ပျော့ပျော့အိအိလေးတွေ Pudding ပုံစံလေးတွေ ကျွေးလို့ရနေပါပြီ
၁နှစ်ကျော်ရင် Oatနဲ့ ပန်ကိတ်ပုံစံကို အသီးလေးတွေနဲ့ရောတာမျိုး၊ Oat Muffins လုပ်ပေးတာမျိုး၊ Oat Cookies၊ Oat Bite၊ Oat Bar စသည်ဖြင့် အမျိုးမျိုး Idea လေးတွေထုတ်ပြီး ကျွေးလို့ရနေပါပြီ