
မျက်စိနာခြင်းက အမျိုးမျိုးရှိပါတယ်။ ပိုးကြောင့်ဖြစ်တဲ့ မျက်စိနာခြင်းရှိသလို ပိုးကြောင့်မဟုတ်တဲ့ မျက်စိနာခြင်းလည်း ရှိပါတယ်။ ပိုးကြောင့်မဟုတ်တဲ့ မျက်စိနာခြင်းဆိုတာကတော့ ပွတ်ရငး်သပ်ရင်းနဲ့ မျက်စိမှာ ဖုန်ဝင်သွားတာကြောင့် အလာ့ဂျစ်လိုမျိုး နာလာတာရှိသလို ထိမိခိုက်မိရာကနေ နာလာတာလည်း ရှိပါတယ်။ ပိုးကြောင့်နာတာတေွမှာ ပိုးကလည်း ပိုးအမျိုးမျိုး ရှိတတ်ပါတယ်။ မျက်စိနာတာက ပြတာက ၂ မျိုးရှိတယ်။ တချို့က မျက်ဖြူလွှာကနေ ရဲတက်လာတာရှိတယ်။ ရဲတက်လာပြီးရင် မျက်ဝတ်တေွ အရမ်းပိတ်တယ်ပေါ့။ တချို့ကတော့ အဖြူနာလို့ မြန်မာလိုလည်းခေါ်ကြတယ်။ မျက်ဖြူလွှာကမရဲဘဲနဲ့ မျက်ဝတ်တေွပဲ ထွက်လာတယ်ပေါ့။ မျက်ဝတ်ကလည်း အမျိုးမျိုးရှိတယ်။ တချို့က မျက်ဝတ်အကြည်လေးပဲ။ တချို့က ခပ်ဖြူဖြူ၊ ဖြူဝါလေးတေွ၊ ညိုဝါလေးတေွ၊ အစိမ်းနုလေးတေွပေါ့။ ပိုးရဲ့သဘာဝပေါ်မှာ မူတည်ပြီးတော့ အရောင်မျိုးစုံ ဖြစ်တတ်တယ်။အဲဒီတော့ အရေးကြီးတာက အရင်ဆုံး အိပ်ရာထချိန်မှာ မျက်ဝတ်တေွက မျက်လုံးမှ ပိတ်နေတတ်ပါတယ်။ အထူးသဖြင့် အတွင်းဘက်မှာ ပိတ်နေတတ်တယ်။ အဲဒါကို ဂွမ်းသန့်သန့် ရေသန့်သန့်လေးနဲ့ အတွင်းဘက်ကနေ အပြင်ဘက်ကို ဆွဲပြီးတော့ သန့်အောင် အရင်ဆုံးလုပ်ပေးရပါမယ်။ လူကြီးပဲဖြစ်ဖြစ် ကလေးပဲဖြစ်ဖြစ် လက်နဲ့ခဏခဏ သွားပြီးမကိုင်မိအောင် ကြိုးစားရပါမယ်။ လက်ကိုလည်း သန့်ရှင်းအောင် ဆပ်ပြာနဲ့ ခဏခဏ ဆေးပေးဖို့လိုပါတယ်။
မျက်စဉ်းကတော့ ရိုးရိုးပဲနာတယ်။ ပိုးကြောင့်မဟုတ်ဘဲ ခပ်ကြည်ကြည်လေးပဲဆိုရင်တော့ မျက်စဉ်းခပ်ခြင်းက လိုချင်မှလိုမယ်ပေါ့။ တကယ်လို့ မျက်ဝတ်အရောင်လေးတေွက ပြောင်းလာတယ်ဆိုရင်တော့ ပိုးကြောင့် ဖြစ်နိုင်တယ်။ အထူးသဖြင့် ဘတ်တီးရီးယားပိုးတေွပေါ့။ အဲဒါမျိုးဆိုရင်တော့ မျက်စဉ်းလိုအပ်ရင် ခပ်ရတယ်ပေ့ါ။ အဲဒါကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဆရာဝန်က ပိုးရဲ့အနေအထားပေါ်မူတည်ပြီး ပေးတဲ့ဆေးကို ခပ်ရပါတယ်။ တချို့က ၆ နာရီခြားတစ်ခါ ခပ်ရတာရှိတယ်။ တချို့က မနက်တစ်ခါ ညတစ်ခါ ခပ်ရတာရှိတယ်။ တချို့ပြင်းထန်လွန်းတော့ ၂ နာရီခြားတစ်ခါ ခပ်ရတာရှိတယ်။
မျက်ဝတ်တေွက အရမ်းအရောင်ပြောင်းပြီး ပြင်းထန်လွန်းပြီးတော့ ကလေးက တစ်ခါတလေကျ ကိုယ်ခံအားကလည်းလျော့နေတယ်။ ဖျားလည်းဖျားတယ်ဆိုရင်တော့ အဲဒီအခါမျိုးမှာ ကလေးကို ပိုးသတ်ဆေးတေွ တိုက်ရတာမျိုးလည်း ရှိသွားတတ်ပါတယ်။ အဲဒါကြောင် ့မျက်စိကို သန့်အောင်ထားဖို့ အင်မတန်အရေးကြီးပါတယ်။
ဒေါက်တာယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်ကြီး)
Ref: မေ့ရင်သေွး