အစားကျွေးရခက်တဲ့ ၁ နှစ် ၂ နှစ် အရွယ်များ
—————————————————-
# သူတို့ဘာတွေစားဖို့လိုလဲ
ဒီအရွယ်မှာ မိသားစုစားတာ တော်တော်များများကို ကျွေးလို့ ရပါပြီ
အစာအုပ်စု ၅ မျိုးမှအစာတွေစုံအောင် စားတတ် အောင်သင်ကြား အားပေးပါ
၁ အရွက် အမျိုးမျိုး
၂ အသီးအမျိုးမျိုး
၃ ကောက်ပဲသီးနှံအမျိုးမျိုး
၄ အသား ငါး ပဲအမျိုးမျိုး
၅ အဆီပြည့်ဝနို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး ( full cream)
Reduced fat နို့နှင့်နို့ထွက်အစားများကို ၂ နှစ်ကျော်မှ စကျွေးပါ။
# အစားစားချိန်မှာ ဘယ်သူကအဓိကလဲ
ကလေးတွေဟာ သူတို့ ခန္ဓာကိုယ်က လိုသလောက်ကို ချိန်ဆ စားတတ်ကြပါတယ်။
သို့ပေမယ့် ကလေးတွေကို အတင်းကျွေးမယ်၊ ပန်းကန်ထဲရှိတာ မကုန်မချင်းစားခိုင်းမယ်ဆိုရင် အဲ့ဒီလို တွက်ဆတတ်တဲ့ အရည်အသွေးပျောက်သွားတတ်ပါတယ်။
ခန္ဓာကိုယ်ကပြတဲ့ ဆာတယ်ဆိုတဲ့ အရိပ်အယောင်တွေကို နားလည်တတ်အောင် အခွင့်အရေးလည်းပေးသင့်ပါတယ်။
**ဘယ်အစာကို ဘယ်အချိန် ဘယ်နေရာမှာ ကျွေးမယ် ဆိုတာကိုသာ မိဘက ဆုံးဖြတ်ပြီး စားမယ်မစားဘူး ဘယ်ဟာကို စားမယ် ဘယ်လောက်စားမယ်ဆိုတာ ကလေးက ဆုံးဖြတ်ပါစေ။
# ဘာလို့ကလေးက အရင်လောက်မစားတော့တာလဲ
ဒီအရွယ်မှာ စားတဲ့ပုံပြောင်းသွားတတ်ပါတယ်
ဂျေးများတာတွေလည်းစလာပါပြီ
အဲ့လိုဖြစ်စေတဲ့အကြောင်းတွေကတော့
၁ ဖွံ့ထွားမှုနှုန်းလျော့သွားခြင်း
တစ်နှစ်နောက်ပိုင်းမှာ ကလေးတွေရဲ့ ဖွံထွားနှုန်းက နှေးသွားပါတယ်။ ဒါ့ကြောင့် အရင်ကလောက် အစားလည်းမလိုတော့ပါ။ တနေ့နဲ့တနေ့ စားတဲ့ပမာဏလည်း မတူတတ်ပါဘူး။ ဒါဟာပုံမှန်ပါပဲ။ ကလေးနေမကောင်းလို့ မဟုတ်သလို သက်သက်ခက်ခဲအောင်လုပ်နေတာလည်းမဟုတ်ပါဘူး။
၂ ဖွံ့ဖြိုးတိုးတက်လာခြင်း
ဒီအရွယ်ကလေးတွေအတွက် ကမ္ဘာကြီးက သိပ်ကို စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။ သူတို့အတွက် အစားထက် အရေးကြီးတာတွေ အများကြီးဖြစ်နေ တတ်ပါတယ်။
၃ အစားဂျေးများခြင်း
ကိုယ်ပိုင်အခွင့်အရေးကိုစပြတတ်လာကြတာ ပုံမှန်ပါ။ အရင်ကြိုက်ပြီးသား အစားကိုလည်း စားဖို့ငြင်းလာတတ်ပါတယ်။ စားဖို့ငြင်းတိုင်း အဲ့ဒီအစာကို မကြိုက်ဘူးလို့ တထစ်ချ မသတ်မှတ်နိူင်သေးပါဘူး။ သူတို့ငြင်းရင် မိဘက ဘယ်လိုတုံ့ပြန်မလဲဆိုတာ စမ်းသပ်တာဖြစ်နိူင်ပါသေးတယ်။ အဲ့ဒါအတွက် ဘာတွေလုပ်နိူင်လဲဆိုတော့—
- တတ်နိူင်သမျှ မိသားစုအများစားတဲ့ အထဲကကျွေးပါ
- အသစ်ကျွေးတဲ့အချိန်မှာ တခြားစားနေကျ အစာတွေနဲ့တွဲကျွေးပါ(အစားသစ်တွေကို တခြားအိမ်သွားလည်တုန်း ခရီးသွားတုန်းမကျွေးရင်ကောင်းပါတယ်)
- tv၊ screens၊ အရုပ်တွေကို ရှောင်ပါ
- ဖြစ်နိူင်တိုင်း အတူတူ ထိုင်စားပါ
- အစာအသစ်ကို ကြိုက်လာဖို့ အချိန်အများကြီး ယူဖို့လိုတာမို့ ပြန်ပြန်ကျွေးကြည့်ပါ
- စားဖို့ အားပေးပါ ဒါပေမယ့်အတင်းမကျွေးပါနှင့်
- အစားတခုကို ကိုယ်မကြိုက်လုိ့ ကလေးလည်းမကြိုက်ဘူးလို့ မမှတ်ယူပါနှင့်
- ကလေးကို အစားတွေနဲ့ ထိတွေ့လေ့လာဆော့ခွင့်ပေးပါ
- သူတို့ဖာသာစားဖို့အားပေးပါ လိုအပ်တဲ့အကူအညီကိုသာပေးပါ
- မိနစ် ၂၀/၃၀ လောက်နေလို့ ဆက်စားဖို့စိတ်ဝင်စားပုံမပေါ်တော့ရင် သိမ်းလိုက်ပါ
- အစားမစားလို့ဆိုပြီး ပိုကြိုက်တဲ့ ချောကလက် ရေခဲမုန့်စတာတွေနဲ့ အစားကို အစားမထိုးပါနှင့်။ နောင်ကို သူတို့စားချင်တာစားရဖို့ အလွယ်တကူငြင်းတတ်လာပါလိမ့်မယ်
- ကလေးအတွက် အကောင်းဆုံးရှေ့ဆောင်လမ်းပြဖြစ်ပါစေ ကိုယ်ကိုယ်တိုင်ကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားပြပါ
- သူတို့ ဆာတာ ဗိုက်ပြည့်တာကို သတိမူတတ်အောင် သင်ပါ ကလေးပင်ပန်းနေရင် နေမကောင်းရင် အတင်းမကျွေးပါနှင့်
# စားသောက်ပုံများ
ဒီအရွယ်တွေမှာ တခါတည်းအများကြီးစားတာထက် ခဏခဏပိုစားတတ်ကြပါတယ်
တနေ့ကို မနက်စာ နေ့လည်စာ ညနေစာ နည်းနည်းစီနဲ့ကြားထဲမှာ အဆာပြေ ၂ ကြိမ် ၃ ကြိမ်ကျွေးသင့်ပါတယ်
အဆာပြေကျွေးတဲ့ အခါမှာလည်း အသီးတွေ နို့ထွက်ပစ္စည်းတွေ ကို အားပေးပါ
# ဘယ်လိုအရည်တွေတိုက်နိူင်လဲ
ဒီအရွယ်မှာ ခွက်နဲ့သောက်ဖို့အားပေးပါ
အချိုရည်ကို အားမပေးပါနှင့် အချိုရည်ကြောင့် အဝလွန်ခြင်း သွားပိုးစားခြင်းတွေဖြစ်ပါမယ်
အစာကျွေးချိန်တွေမှာ အစားအရင်ကျွေးပြီးမှ အရည်စသောက်ပါစေ
တရက်ကို ပြည့်ဝနို့ ၂ ကြိမ်- ၃ ကြိမ်တိုက်ပါ (စုစုပေါင်း ၄၈၀ ml ထက်မကျော်ရပါ အနည်းဆုံး ၂၄၀ နှင့် ၃၆၀ ml တော့ရှိသင့်ပါတယ်)ခွက်နဲ့တိုက်ပါ။ ကလေးကနို့မကြိုက်လျှင် ဒိန်ချဉ် cheese အစားထိုးပါ)တခြားအချိန်တွေမှာရေတိုက်ပါ
ကက်လစီယမ်ဓာတ်ဖြည့်ထားတဲ့ ပဲနို့တို့ တခြား အပင်အခြေစိုက်နို့တွေကို တစ်နှစ်ကျော်ရင်ရယ် ၊ကလေးကတခြား အသား၊ ပဲ၊ဥ စုံအောင်စားတယ်ဆိုရင်ရယ် တိုက်နိူင်ပါတယ်
# ဘယ်လိုဆို စိတ်ပူရမလဲ
ကလေးက ခဏခဏနေမကောင်းဖြစ်ပြီး ကောင်းကောင်မစားနိူင်ရင်
ကလေးဖွံ့ထွားမှုနဲ့ပတ်သက်ပြီး စိုးရိမ်ရင်
အစားကျွေးချိန်တွေမှာ ကလေးရော မိဘရော တအားစိတ်ပင်ပန်းမှုတွေများနေရင်
မိသားစုဆရာဝန်နဲ့တိုင်ပင်ပါ
# ဘာတွေရှောင်ရမလဲ
- juice တွေ၊ အချိုရည်တွေ၊ အရသာထည့်ထားတဲ့ ရေတွေ၊ ကဖင်းဓာတ်ပါတဲ့ အရည်တွေ
- ဓာတ်ပြုပြင်ဆင်မှုများတဲ့ အစာတွေ —- ဘီစကစ်၊ အာလူးကြော်၊ ဆီကြော်
ဒီအစားအစာတွေဟာ ရေရှည်မှာ အဝလွန်ခြင်း၊ သွားမကျန်းမာခြင်း၊ မှားယွင်းစားသောက်လေ့ကျင့်မှုပုံစံများနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်
- အစာစားချိန်မှာ ခုံမှာသေချာထိုင်စားရပါမယ် လူကြီးတယောက်ယောက်ကလည်း အမြဲစောင့်ကြည့်ရပါမယ် ဒီအရွယ်တွေကို အစားနဲ့ ပစ်ထားလို့မရပါ
- မာမာသေးသေးအစားများ မကျွေးရသေးပါ ဥပမာ သကြားလုံးများ၊ nutအစေ့များ
# တက်တက်ကြွကြွ ကစားခြင်းကို နေ့တိုင်းအားပေးပါ
ဒီလိုကစားခြင်းဖြင့်
- အရိုးနဲ့ ကြွက်သားတွေသန်စွမ်းမယ်
- ကောင်းကောင်းအိပ်နိူင်မယ်
- ကျန်းမာစွာ ကြီးထွားမယ်
- ခန္ဓာကိုယ်လှုပ်ရှားမှုတွေ တိုးတက်မယ်
အပြင်ဖက်မှာ ထွက်ကစားတာကိုလည်း အားပေးပါ။ သဲ၊ ရေ၊ ကျောက်တုံးလေးတွေ၊ တာရာကွင်းတွေ၊ ကတ်ထူဘူးခွံတွေဟာ ဒီအရွယ်ကလေးတွေ အတွက် အတွေးအမြင်တွေ ကွံ့မြူးဖို့ကို အားပေးတဲ့အကောင်းဆုံး ကစားစရာတွေပါ။ သံစဉ်နဲ့ အတူ ကခုန်တတ်ဖို့လည်းအားပေးပါ။
ဒီအရွယ်တွေမှာ တစ်နေ့ကို အနည်းဆုံး ကစားချိန် ၃ နာရီရှိသင့်ပါတယ်
နေ့တိုင်းငြိမ်ငြိမ်နေချိန် တစ်နာရီထက်ပိုပြီးမရှိသင့်ပါဘူး (အိပ်ချိန်မှအပ)
၂ နှစ်အောက် ကလေးတွေမှာ screen time လုံးဝမရှိသင့်ပါ tv phone ipad စသဖြင့်
တချိန်လုံးချီထားတာမျိုး တွန်းလှည်းထဲထည့်ထားတာမျိုး မလုပ်ဘဲ ခဏခဏ လမ်းလျှောက်ဖို့ အားပေးပါ။
ကလေးလေးတွေ အစားမစားလို့ မိဘများပူပန်သောကရောက်ရခြင်းမှ ကင်းဝေးကြပါစေ။
သိမ့်သိမ့်ဇော်
Ref: rch melbourne