စျေး မီဒီယာ

Posted by Nyein Ei San August 15, 2020

မွေးကင်းစကလေးမှာမျက်စိနာခြင်းနဲ့မျက်ရည်ပူထွက်ခြင်းအကြောင်း
မျက်စိဆိုတာမျိုးကလူခန္ဓာကိုယ်မှာအရေးကြီးဆုံးနဲ့အနုနယ်ဆုံးအရာဖြစ်ပါတယ်။ ကလေးငယ်များမျက်စိနာနေပြီဆိုရင်မိဘများကဘယ်လိုရောဂါလက္ခဏာမျိုးတွေ ကလေးငယ်များခံစားနေရသလဲဆိုတာသတိချပ်ဖို့လိုအပ်ပါတယ်။
များသောအားဖြင့်မွေးပြီးငါးရက်ကနေနှစ်ပတ်အတွင်း ကလေးငယ်များမျက်စိနာခြင်းကိုကူးစက်ခံရနိူင်ပါတယ်။ ကလေးငယ်များမျက်စိနာပြီဆိုရင်ကလေးရဲ့မျက်ခွံလေးများဖောင်းလာခြင်း၊ ယောင်လာခြင်း၊ မျက်ရည်ပူများ၊ မျက်ချေးများ၊ အဝါရောင်သို့မဟုတ်အဖြူရောင်ပျစ်ပျစ်မျက်ဝတ်များထွက်ခြင်း ကလေးရဲ့မျက်သားလေးကအစပိုင်းမှာပန်းရောင်ပြောင်းလာပြီးတဖြည်းဖြည်းနီလာခြင်းတို့ကို ကလေးငယ်များတွင်ခံစားရနိူင်ပါတယ်။ ကလေးငယ်များမျက်စိနာခြင်းကအဓိအားဖြင့်မိခင်များမှတဆင့်ကူးစက်နိူင်ပါတယ်။ များသောအားဖြင့်ဘက်တီးရီးယားများနဲ့ဗိုင်းရ်ပိုးများကြောင့်ဖြစ်ကြပါတယ်။ မိခင်မှာလိင်မှတဆင့်ကူးစက်တတ်သောရောဂါများရှိနေတတ်ရင်လည်း ကလေးငယ်ရဲ့မျက်စိကိုမွေးလမ်းကြောင်းမှလည်းကူးစက်နိူင်ပါတယ်။ ဓာတုဗေဒဆေးဝါးတွေကြောင့်လည်း ကလေးငယ်များမျက်စိနာခြင်းတို့ကိုဖြစ်စေနိူင်ပါတယ်။ ကလေးငယ်နဲ့ဓာတ်မတည့်သောအရာများကြောင့်လဲ မျက်စိနာခြင်းကိုဖြစ်စေနိူင်ပါတယ်။ ထို့အပြင်မျက်ရည်ယိုပြွန်ပိတ်နေခြင်းကြောင့်လည်းမျက်စိနာခြင်းတို့ကိုဖြစ်စေနိူင်ပါတယ်။ ကလေးငယ်များမျက်စိနာပြီဆိုရင်နီးစပ်ရာဆရာဝန်များဖြင့်ပြသပြီး ကလေးငယ်ကိုကိုင်တွယ်တဲ့အခါလက်ကိုစင်ကြယ်စွာဆေးပြီးမှကိုင်ခြင်းချီခြင်းနဲ့ အဝတ်အစားအနှီးများကိုသန့်ရှင်းစွာထားပေးရပါမယ်။ ကလေးငယ်များရဲ့မျက်လုံးမှမျက်ချေးများ မျက်ဝတ်များကိုရေနွေးအေးအေးနှင့်အဝတ်သန့်သန့်ဖြင့်ဖြည်းညှင်းစွာသုတ်ပေးရပါမယ်။ ကလေးမျက်စိနာခြင်းကိုဆရာဝန်ဖြင့်တိုင်ပင်ပြီးမှသာပိုးသတ်ဆေး(anti-biotics)ကိုသုံးသင့်ပါတယ်။ထို့အပြင်ကလေးနဲ့ဓာတ်မတည့်စေသောအရာများကို ကလေးရဲ့အဝေးဆုံးနေရာတွင်သာထားရှိရပါမယ်။ မိခင်နို့ရည်ခပ်ပေးခြင်းကလည်းကလေးငယ်မျက်စိနာခြင်းသက်သာအောင်များစွာအထောက်အကူပြုစေနိူင်ပါတယ်။ မိခင်နို့ရည်ကိုဝါဂွမ်းသန့်သန့်လေးနဲ့ကလေးရဲ့မျက်လုံးကိုပါးပါးလေးသုတ်လိမ်းပေးရပါမယ်။ ကလေးငယ်မျက်လုံးနာခြင်းကိုပိုးသတ်ဆေးပါသောမျက်စဉ်းဆေးမသုံးခင်မျက်စိတဝိုက်ကိုသန့်ရှင်းအောင်ပြုလုပ်ပေးပြီးမှမျက်စဉ်းဆေးကိုဆရာဝန်ညွှန်ကြားချက်အတိုင်းမျက်စဉ်းခပ်ပေးရပါမယ်။ အဓိကအားဖြင့် ကလေးငယ်မျက်လုံးမနာအောင်မျက်လုံးကိုသန့်ရှင်းစင်ကြယ်စွာအမြဲထားပေးဖို့လိုအပ်ပါတယ်။
Credit Dr Arkar

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.