ကလေးခေါင်းမှ အုန်းဆီအကြောင်း
****************************
ကလေးဦးရေပြား အုန်းဆီလိမ်းပေးခြင်းဟာ မြန်မာ့ရိုးရာဓလေ့များထဲမှ လူသိများသော ဓလေ့ တစ်ခုဖြစ်ပါတယ်။
ဆေးပညာမှာ အုန်းဆီကို တွင်ကျယ်စွာ အသုံးမချသေးပေမယ့် အုန်းဆီကို ဦးရေပြားလိမ်းပေးရင် အောက်ပါအကျိုးကျေးဇူးများရှိတယ်လို့ သုတေသနလုပ်သူများတေွ့ရှိပါတယ်။
(၁) ဦးရေပြား ချောမေွ့စိုစွတ်ခြင်း
(၂) ဦးရေပြား နေပူလောင်ခြင်းမှ ကာကွယ်ပေးခြင်း
( အုန်းဆီက ခရမ်းလွန် ရောင်ခြည်ရဲ့ ၂၀% ကို တားဆီးပေးနိုင်ပါတယ်)
(၃) ဦးရေပြား ဗောက်နဲ့ ဂျွတ်ထခြင်းကို ဖြစ်စေသော မှိ ုတစ်မျိုးကို ကာကွယ်ပေးခြင်း
(၄) ဆံပင်အရင်းတွင်ရှိတတ်သော ရောဂါပိုးမွှားတစ်မျိုးကို ကာကွယ်ပေးခြင်း
(၅) ဆံပင်ပျက်စီးမှုကို ကာကွယ်ပေးခြင်း
(၆) ပူအိုက်လို့ ခေါင်းမကြာခဏလေှျာ်လှျင် ဆုံးရှုံးနိုင်သော သဘာဝအဆီကို အစားထိုးဖြည့်ဆည်းပေးခြင်းတို့ဖြစ်ပါတယ်။
နေနေမိုးဆေွ (Child Health Myanmar Page)
Reference: Authority Nutrition (An Evidence Base Approach)
#naynaymoeswe
Photo Credits to Googles