စျေး မီဒီယာ

Posted by May Naing August 14, 2020

အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းများ
___________________________

ကလေးလိုချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်တားချင်လို့ပဲဖြစ်ဖြစ်၊ အမျိုးသမီးကျန်းမာရေးပြဿနာတစ်ခုခုအတွက်ပဲဖြစ်ဖြစ် ရှင်းလင်းပြောပြတဲ့ အခါမျိုးမှာ ကြုံရတတ်တာကတော့ အမျိုးသမီးတွေဟာ မိမိမှာ ဘာကိုယ်အဂါင်္တွေရှိနေပြီး ဘယ်လိုအလုပ်လုပ်နေကြလဲဆိုတာကို သိမနေကြဘူးဆိုတဲ့အချက်ပါ။ ဒီလို ကိုယ့်ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့အလုပ်လုပ်ပုံကို သိနေမယ်ဆိုရင် အသုံးဝင်တဲ့အချက်တွေရှိတာမို့ အမျိုးသမီးမျိုးပွားအဂါင်္အဖွဲ့အစည်းအကြောင်း ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။

.

အမျိုးသမီးမျိုးပွားအဂါင်္အဖွဲ့အစည်းမှာ -

(၁) သားအိမ် - သားအိမ်ဟာ ကိုယ်ဝန်ဆောင် ကလေးမွေးဖွားချိန်မှာ ကလေးကိုလွယ်တဲ့နေရာဖြစ်ပါတယ်။ သားအိမ်မှာပဲ အပိုင်းနှစ်ပိုင်းရှိပါတယ်။ မွေးလမ်းကြောင်းထဲကို သားအိမ် ခေါင်းစိုက်ဝင်သွားတဲ့ ရှည်မျောမျောအပိုင်းကိုတော့ သားအိမ်ခေါင်းလို့ခေါ်ပြီး အပေါ်ပိုင်းလုံးဝန်းတဲ့ အပိုင်းကိုတော့ သားအိမ်ကိုယ်ထည်လို့ခေါ်ပါတယ်။

(၂) သားအိမ်ခေါင်း - သားအိမ်ကနေ မွေးလမ်းကြောင်းတွင်း ဆက်သွယ်ထားပေးတဲ့ ရှည်မျောကျဉ်းမြောင်းတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ကလေးမွေးတဲ့အခါ ကလေးဖြတ်သန်းလို့ရအောင် လမ်းကြောင်းဖွင့်ပေးပါတယ်။

(၂) သားဥအိမ် (သို့) မျိုးဥအိမ် - သားဥအိမ်ဟာ သားအိမ်ရဲ့တစ်ဖက်တစ်ချက်မှာ တည်ရှိပါတယ်။ သားဥအိမ်ကတော့ မ ဟော်မုန်းနဲ့မ မျိုးဥတွေကို ထုတ်ပေးရာနေရာဖြစ်ပါတယ်။

(၃) သားဥပြွန် - သားဥပြွန်တွေဟာ သားဥအိမ်နဲ့သားအိမ်ကို ဆက်သွယ်ရာလမ်းကြောင်းဖြစ်ပြီး သားဥအိမ်မှ ကြွေကျလာတဲ့သားဥကို သားအိမ်ထဲသို့ပို့ဆောင်ပေးပါတယ်။ အမျိုးသားသုတ်ပိုးနဲ့သားဥပေါင်းစပ်မှုဟာလည်း သားဥပြွန်တွင်းမှာပဲဖြစ်ပွားပြီး ပေါင်းစပ်ထားတဲ့ သန္ဓေသားလောင်းကို သားဥပြွန်ကနေ သားအိမ်တွင်းပို့ဆောင်ပေးပါတယ်။

(၄) မွေးလမ်းကြောင်း - ရာသီသွေးဖြတ်သန်းစီးဆင်းရာလမ်းကြောင်းဖြစ်သလို ကလေးမွေးဖွားရာလမ်းကြောင်းလည်းဖြစ်ပါတယ်။ အမျိုးသားနဲ့လိင်ဆက်ဆံချိန်မှာ သုတ်ရည်ဝင်ရောက်ရာနေရာဖြစ်ပါတယ်။

(၅) မိန်းမကိုယ် (ယောနိ) - မိန်းမကိုယ်ဟာ အမျိုးသမီးမျိုးပွားအဂါင်္အဖွဲ့အစည်းမှာ အပြင်ဘက်အကျဆုံးအစိတ်အပိုင်း ဖြစ်ပါတယ်။ ဆီးခုံ ၊ မိန်းမကိုယ်နှုတ်ခမ်းသားကြီး၊ နှုတ်ခမ်းသားငယ် ၊ မအဂါင်္စေ့နဲ့ယောနိဝတို့ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။

ရှင်းရှင်းလင်းလင်းသိရအောင်လို့ ပုံလေးထဲမှာလည်း အမျိုးသမီးမျိုးပွားအင်္ဂါဖွဲ့စည်းပုံကို အကြမ်းဖျဉ်းဖော်ပြထားတဲ့အတွက် ဒီဆောင်းပါးလေးကနေ ဗဟုသုတများစွာရရှိမယ်လို့မျှော်လင့်ပါတယ်။

#မာရီစတုပ်စ်မြန်မာ
#MarieStopesMyanmar
#FemaleReproductiveTract

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.