စျေး မီဒီယာ

Posted by Htet Htet Kyaw August 14, 2020

🎼 IQ , EQ ​မြင့်မားတဲ့ကလေးငယ်များနဲ့ တေးဂီတ 🎼
--------------------------
တေးဂီတဟာ လူတွေရဲ့ စိတ်နှလုံးသားကို ကိုယ်စားပြုထင်ဟပ်နိုင်တယ်ဆိုတာ ယေဘုယျအားဖြင့်ပင် သိရှိလွယ်တဲ့အချက်ပါ. တေးဂီတကိုဖန်တီးသူတို့ရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ၊ ဒေါသသံ ၊ ကြည်နူးသံ ၊ လွမ်းဆွေးသံတို့ကို နားထောင်သူတို့ရဲ့ ရင်ထဲကိုပါကူးစက်နိုင်စွမ်းရှိတာ တေးဂီတရဲ့စွမ်းအားတစ်ရပ်လို့ဆိုနိုင်ပါတယ်။

🎵 စွမ်းအားကြီးတဲ့တေးဂီတက ကလေးငယ်တွေအပေါ်မှာလည်း ဘယ်လိုသက်ရောက်မှုတွေရှိနေနိုင်ပါသလဲ?
၁) ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍမှာ အထောက်အကူတစ်ရပ်ဖြစ်ပါတယ်။ အထူးသ​​ဖြင့် ဦးနှောက်ညာဘက်အခြမ်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ဦးနှောက်တစ်ခုလုံးမျှတစွာအလုပ်လုပ်ဖို့အတွက် ဆက်စပ်ပေးပါတယ်။
၂) သံစဉ်တေးသွားအရ စိတ်ခံစားမှုအပြောင်းအလဲကို လေ့လာသင်ယူနိုင်ပါတယ်။
၃) စာသားပါတဲ့သီချင်းများက အကြားစွမ်းရည် နှင့် ဘာသာစကားစွမ်းရည်ကို တိုးတက်စေပါတယ်။
၄) လှုပ်ရှားမှု,ရွေ့လျားမှုတွေကို သင်ယူတတ်လာမယ်. ဥပမာ-တက်ကြွတဲ့ဂီတသံမျိုးကြားရင် လှုပ်လှုပ်ရှားရှားဖြစ်လာမယ်။
၅) စာဖတ်စွမ်းရည်ကို မြှင့်တင်ပေးစေတယ်. မှတ်ဉာဏ်ကိုပိုမိုကောင်းမွန်စေပါတယ်။

🎵ဘယ်ချိန်မှစပြီးတေးဂီတနဲ့ရင်းနှီးအောင်လုပ်ပေးသင့်ပါသလဲ?

-ကိုယ်ဝန်ဆောင်ချိန်မှစပြီး ၂နှစ်အထိ ရက်၁၀၀၀ ဟာ ကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပြင် အလေ့အကျင့်ကောင်းများသင်ယူခြင်းအတွက် အရေးအကြီးဆုံးအချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှစပြီး တေးဂီတကိုနားထောင်ခိုင်းသင့်ပါတယ်။ နားကြပ်ဖြင့်ဖြစ်စေ ၊ ဖုန်းဖြင့်ဖြစ်စေ ဝမ်းဗိုက်နားကပ်ပြီး နားထောင်စေနိုင်ပါတယ်။ အထူးဂရုပြုရမှာကတော့ ဖုန်းဆက်သွယ်ရေးလိုင်းများမှာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတဲ့အတွက် Airplane Mode လုပ်ပေးဖို့မမေ့သင့်ပါ။ အသံအတိုးအကျယ်မှာ အပြင်မှာကြားနေရတဲ့အသံအကျယ်ရဲ့တစ်ဝက်ခန့်ကို အထဲမှာကြားနိုင်သောကြောင့် မတိုးလွန်းမကျယ်လွန်း အနေအထားနဲ့ဖွင့်ပေးနိုင်ပါတယ်။

🎵ကိုယ်ဝန်ဆောင်ချိန်မှာ ဖွင့်ပေးတဲ့တေးဂီတသံဟာ ကလေးအတွက်ဘယ်လိုထူးခြားမှုရှိစေပါသလဲ?

-သန္ဓေသားလေးများဟာ မိခင်ဝမ်းထဲမှာနေတဲ့အချိန်မှာ အပြင်ကအသံတွေထက် မိခင်ခန္ဓာကိုယ်တွင်းကအင်္ဂါအစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်နေတဲ့လှုပ်ရှားသံတွေကို ပိုပြီးကြားရပါတယ်။ နှလုံးခုန်သံ သွေးစီးဆင်းသံ အစာခြေသံ ဝမ်းထဲကလေသံတွေကို နိစ္စဓူဝကြားနေရတာပါ။ မွေးဖွားလိုက်ပြီးနောက်အပြင်ထွက်လာတဲ့ကလေးငယ်ဟာ မိခင်ဝမ်းထဲကလိုလုံခြုံမှုကို တောင့်တပါတယ်။ အထူးသဖြင့် မွေးစမှ၃လအတွင်း မိခင်ဝမ်းအတွင်းနေထိုင်သလိုဖြစ်အောင် ဖန်တီးယူပေးရပါတယ်။ ဒါကြောင့် White Noise ဆိုတဲ့အသံဟာ ကလေးငယ်အတွက် စိတ်လုံခြုံမှုကိုပေးတယ်လို့လက်ခံထားကြပါတယ်. (White Noise ဆိုတာက တီဗီမလာတော့ရင်မြည်တတ်တဲ့အသံမျိုး၊ ဖုန်စုပ်စက် ၊ Dryer ကထွက်တဲ့အသံမျိူးနဲ့ဆင်ပါတယ်။) အဲ့ဒီလိုပါပဲ မိခင်ဝမ်းထဲရှိနေစဉ်တေးဂီတကို ရင်းနှီးအောင်ဖွင့်ပေးခဲ့မယ်ဆိုရင် အပြင်ရောက်တဲ့အချိန်မှာ ထိုတေးဂီတသံက သူတို့အတွက်ရင်းနှီးပြီးသားဖြစ်ပြီး ပြန်ဖွင့်ပြပေးရင် သူတို့စိတ်ကိုလုံခြုံစေမယ် နွေးထွေးစေမယ် စိတ်တည်ငြိမ်စေမယ် အေးချမ်းစွာအိပ်စက်နိုင်မှာဖြစ်ပါတယ်။

🎵ဘယ်လိုတေးဂီတအမျိုးအစားများကို နားထောင်စေသင့်ပါသလဲ?

သာယာငြိမ့်ညောင်းတဲ့သံစဉ်လေးတွေက ကလေးတွေအတွက်အကောင်းဆုံးပါ။ ချစ်စရာ Baby Music လေးများ ၊ မိုးဇက်ရဲ့ဂန္တဝင်ဂီတသံများ ၊ စိတ်တည်ငြိမ်စေတဲ့ Alpha Music Wave များက ကလေးတွေအတွက်အသင့်တော်ဆုံးပါ။ Application များလွယ်လွယ်ကူကူ download ရယူပြီးဖွင့်နိုင်ပါတယ်။ ပိုအဆင်ပြေမှာက offline ဖွင့်လို့ရတဲ့သီချင်းလေးတွေဆိုရင်တော့ အင်တာနက်လိုင်းမလိုတဲ့အတွက် ကလေးနားမှာဖွင့်မယ်ဆိုရင် ဦးနှောက်ထိခိုက်မှုအန္တရာယ်ကို နည်းစေနိုင်ပါတယ်။

တေးဂီတဟာ ကလေးတွေအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ရပ်ကပါဝင်ပါတယ်။ တေးဂီတကို ကိုယ်ဝန်ဆောင်ချိန်မှစပြီး ကိုယ့်ရင်သွေးလေးကို မိတ်ဆက်ပေးသွားမယ်ဆိုရင်တော့ ကလေးငယ်ဖွံ့ဖြိုးတိုးတက်မှုအတွက်အကျိုးရှိစေနိုင်တာမို့ မိဘများသတိပြုနိုင်ရန် စုစည်းတင်ပြလိုက်ပါတယ်။
Facebook Page : 1000 Days

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright Š 2019 Kyarlay . All Rights Reserved.