" တစ်နှစ်အောက် ကလေးငယ်များကို Finger Food အနေနဲ့ အစိမ်း မကျွေးသင့်သော အသီး ၂ မျိုး "
*****************************************
မင်္ဂလာပါ မေမေတို့ရေ....
ဒီတခါမှာတော့ တစ်နှစ်အောက်ဘေဘီလေးတွေကို Finger Food အနေနဲ့ အစိမ်း မကျွေးသင့်တဲ့ အသီး ၂ မျိုးကို ဖော်ပြပေးချင်ပါတယ်။
🍎ပန်းသီး(Apple) နှင့် 🍐သစ်တော်သီး(Pear)
အဲဒီအသီး ၂ မျိုးသည် ဖြည့်စွက်စာစကျွေးတဲ့ ဘေဘီလေးတွေအတွက် ကျွေးသင့်သော healthy fruit ဖြစ်သည့်အပြင် First Food အနေ ကျွေးဖို့ အလွန်ပင် သင့်လျော်ပါတယ်။
🚫သို့ပေမယ့် အစိမ်း မကျွေးရပါဘူးနော်။ ပြုတ်ပါ (သို့) ပေါင်းပြီးမှ ကျွေးပါ။
🍎🍐ပန်းသီးနှင့် သစ်တော်သီးသည် Hard Fruit ဖြစ်တာကြောင့် အစိမ်းကျွေးရင် အစာနှင်(choking)နိုင်ပါတယ်။
နုနယ်လွန်းတဲ့ ဘေဘီလေးတွေရဲ့ အစာအိမ်မှာ အစာချေဖို့ အရမ်းခက်ခဲပါတယ်။
👉 ၈ လ အောက် ဘေဘီလေးတွေကို ပေါင်းပြီး blender နဲ့ကြိတ်ကာ Apple Purée (or) Pear Purée လုပ်ကျွေးနိုင်ပါတယ်။
👉 Finger Food စားနေတဲ့ ဘေဘီလေးတွေ အတွက်တော့ နူးနေအောင် ပေါင်းထား , ပြုတ်ထားတဲ့ thin slice of Apple or Pear ကို စမ်းကျွေးကြည့်နိုင်ပါတယ်။
❓ပန်းသီး (သို့) သစ်တော်သီးကို ကလေးတစ်နှစ်ကျော်ရင်ရော အစိမ်းကျွေးလို့ရပြီလား???
ကလေးရဲ့ အစားကောင်းကောင်းဝါးနိုင်(chew) ပြီး ကောင်းကောင်းမြိုချနိုင်(swallow) တဲ့ အပေါ်မှာ မူတည်ပါတယ်။
🔮 Children’s Healthcare of Atlanta ကတော့ Paper-thin slices of Raw Apple and Pear ကို ကလေး ၁၈ လ ကျော်မှ ကျွေးဖို့ recommend ပေးထားပါတယ်။
တစ်နှစ်အောက်ဘေဘီလေးကို ကျွေးမယ်ဆိုရင်တော့ အာဟာရလည်းဖြစ် အန္တရာယ်လည်းကင်းအောင် ပြုတ်ပြီးကျွေး, ပေါင်းပြီးကျွေးကြပါလို့ တိုက်တွန်းပါရစေနော်။
The Kid’s Kitchen ကနေပြီး မေမေတို့အတွက် အသုံးဝင်မယ့် post လေးတွေကို သောကြာနေ့တိုင်း ကြိုးစားပြီး တင်ပြပေးသွားပါမယ်။
ကျွန်မရဲ့ post လေးတွေကို လွတ်လပ်စွာ share နိုင်ပါတယ်✅
Copy လုပ်ယူခြင်း သည်းခံပါရှင် ❌
မေမေများအားလုံးကို လေးစားလျှက်
မေမေဝင့်
See You Next Friday!
#thekidskitchen
#sharing_is_caring
#WintWintOo