
ကလေးစကားပွောတတျဖို့က သူ့ရဲ့ ဦးနှောကျဖှံ့ဖွိုးတိုးတကျတာ အပါအဝငျ မိဘတှဘေကျက ကွိုးစားအားထုတျဖို့လညျး လိုပါတယျ။ ကလေးစကားပွောတာက ကလေးရဲ့ ဦးနှောကျဖှံ့ဖွိုးမှုနဲ့ ဆိုငျတယျဆိုပမေယျ့ မမေဖေဖေတေို့ဘကျကလညျး ကလေးကို ဂရုစိုကျပေးရပါတယျ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကလေးကို စကားပြောတတ်အောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတေွကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကလေးကို မြှူပါ
---------------------
စကားမပြောတတ်သေးလည်း ရပါတယ်။ ကလေးကို မြှူပါ။ သူနဲ့ စကားပြောပေးပါ။ သူကလည်း ပြန်ပြီး အသံပြုပါလိမ့်မယ်။ ဒါက သူနဲ့ မိဘတွေရဲ့ ပထမဆုံး ဆက်သွယ်မှုပါပဲ။

၂။ နားထောင်ပေးပါ
----------------------
ကိုယ်ကလည်း စကားပြောသလို သူပြောတာ၊ အသံပြုတာလည်း နားထောင်ပေးပါ။ သူနဲ့ စကားပြောနေတဲ့ ပုံစံမျိုး ဖြစ်ပါစေ။

၃။ ကလေးကို စကားပေးပြောပါ
---------------------------------
ကလေးတွေကို စကားပြောစေဖို့ဆိုရင် သူတို့ဆီက စကားသံလေးတွေ ထွက်လာအောင်၊ စာလုံးလေးတွေ ပြောထွက်လာအောင် နည်းနည်းတော့ tricksလေးတွေ သုံးရပါတယ်။ ဥပမာ
-သူတို့ရှေ့မှာ သူတို့ကြိုုက်တာကို စားပြပါ။ သူတို့တောင်းစားပါစေ။ ဥပမာ ကိုယ်က သူကြိုက်တဲ့မုန့်ကို စားနေတယ်။ သူကလည်း စားချင်နေတယ်ဆိုရင် သူ့ကို ‘သားက ဒီမုန့်ကို စားချင်နေတာလား၊ မုန့်မုန့်ကိုလေ’ဆိုပြီး မုန့်လေးကို ပြပြီးမှ သူ့ကိုပေးပါ။
-သူကြိုက်တဲ့အရုပ်ကို သူ့ကို မပေးဘဲ ဆော့နေပါ။ သူကြိုက်တဲ့ ဘောလုံးလေးကို သူ့ရှေ့မှာ ဆော့ပြပါ။ သူလည်း ဝင်လာပါလိမ့်မယ်။ ဒီတော့မှ ‘မီးမီးက ဆော့ချင်တာလား၊ ဒီလို ဒီလို ဆော့ချင်တာလား’ဆိုပြီး သူ့ကို လုပ်ပြလိုက်ပါ။ ဘယ်လိုလုပ်တာက ဆော့တာလဲဆိုတာ သူသိသွားပါလိမ့်မယ်။
-နောက်တစ်နည်းကတော့ သူကြိုက်တဲ့ မုန့်လေးတွေကို ဘူးထဲထည့်ပြီး ဖွင့်လို့မရအောင် လုပ်ထားလိုက်ပါ။ သူစားချင်တဲ့အခါ ကိုယ့်ကို လာပြီး ဖွင့်ခိုင်းပါလိမ့်မယ်။ အဲ့ဒီအခါ အထဲက မုန့်ကို ‘မုန့်မုန့်’ ဖွင့်ပေးပြီးသွားရင် ‘ဖွင့်ဖွင့်’ စသဖြင့် စကားလုံးတွေနဲ့ ရင်းနှီးအောင် သင်ပေးလိုက်ပါ။
-သူကြိုက်တဲ့ အရုပ်တွေကို သူမမီနိုင်တဲ့ အမြင့်မှာ တင်ထားပါ။ သူကြိုက်တဲ့ ဘောလုံးလေးတွေ၊ အရုပ်လေးတွေကို သူမမီနိုင်တဲ့ နေရာမှာထားတဲ့အခါ သူဆော့ချင်ရင် ကိုယ့်ကို လာယူခိုင်းပါလိမ့်မယ်။ စစချင်းမှာတော့ သူက လက်ညိုးထိုးပြီး ယူခိုင်းပါလိမ့်မယ်။ ဒါဆိုရင်တော့ ဒါက ‘ဘော ဘော’လို့ပြောပြီး ယူပေးလိုက်ပါ။ နောက်ပိုင်းကျရင်တော့ သူလိုချင်တာကို ချက်ချင်း မယူသေးပေးဘဲ ‘ဘော ဘော’ဆိုတဲ့ စကားလုံးထွက်တဲ့အထိ စောင့်လိုက်ပါ။
-တူတူဆော့ပေးပါ။ ဘောလုံးအပြန်အလှန်ပစ်တဲ့ ကစားနည်းတွေဆို သူကကိုယ့်ကို ပစ်ပေးပြီးရင် ခဏလေး ပြန်မပေးသေးဘဲ စောင့်လိုက်ပါ။ စစချင်းမှာတော့ သူက ‘ပစ် ပစ်’ အဲ့ဒီကနေမှ ‘ပစ်ပေး’ ‘ဘောလုံးပစ်’ ‘ဘောလုံးပစ်ပေး’ စသဖြင့် စာလုံးလေးတွေ တိုးလာပါလိမ့်မယ်။

၄။ စာဖတျပွပါ
-----------------
#Ref( ဒေါက်တာထက်ထက်ဇော်ဝင်း - ကလေးနဲ့စကားပြောခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)