တစ်ချို့သော ကလေးတွေဟာ လူရှေ့သူရှေ့မှာ ဂျစ်ကန်ကန် အမူအရာတွေ ပြုလုပ်တတ်တာကြောင့် မိဘများအနေနဲ့ ရိုက်ပြီးဆုံးမလေ့ရှိကြပါတယ်။
ဒီလိုအကျင့်ဆိုးရှိတဲ့ ကလေးငယ်တွေကို ရိုက်ပြီးဆုံးမတာထက် ချော့ပြီး ကြိုတင်ပြင်ဆင်ဆုံးမပေးရပါမယ်။ ကလေးငယ်တွေ ဂျီကျရတဲ့အကြောင်းရင်းက အာရုံစိုက်ခံချင်တာကြောင့်ပါ။
သင့်အနေနဲ့ မသိချင်ယောင်ဆောင်လိုက်တဲ့အခါမှာ ကလေးငယ်တွေက သူတို့ဒီလို ငိုယိုဂျီကျလို့ မရတော့ဘူးဆိုတာ နားလည်ပြီး နောက်ပြုလုပ်ဖို့ ရှိန်သွားတတ်ပါတယ်။
ကလေးနဲ့ပတ်သတ်ပြီး ပြောမရလို့ ဒေါသထွက်လာတဲ့အခါမှာ အခြားမိသားစုဝင်တစ်ယောက်ကို လက်လွှဲပေးလိုက်ခြင်းဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ ရိုက်နှက်ဆုံးမခြင်းထက် ပွေ့ဖက်ပြီး နူးနူးညံ့ညံ့ ပြောဆိုခြင်းက ချစ်ခြင်းမေတ္တာကို ပြသရာလည်း ရောက်ပါတယ်။
HYA (kyarlay)