မေမေတို့ရေ မိခင်ကျန်းမာရေးရော၊ ရင်သေွးငယ်လေးအတွက်ပါ မိခင်နို့ကျန်တေွကိုဒီတိုင်းမထားဘဲ ညှစ်ထုတ်ပစ်သင့်ပါတယ်။ မေမေတို့ နို့အုံတင်းတာ နို့ကြောင်းပိတ်တာတေွမဖြစ်စေဖိုကအတွက် မိခင်နို့ကျန်တေွကို ညှစ်ထုတ်ပစ်နိုင်မယ့်နည်းလမး်လေးကို မှျဝေပေးချင်ပါတယ်။
မေမေတို့ရေ မိခင်နို့ကျန်တေွကို ညှစ်ထုတ်ပစ်တော့မယ်ဆိုရင်တော့ ..
- လက်ကိုစင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။
- သက်သာစွာထိုင်တာ (ဒါမှမဟုတ်ရင်လည်း) မတ်တပ်ရပ်ပြီး နို့ခံမယ့်ပန်းကန်ကို မိခင်အနီးမှာ ထားပေးရပါမယ်။
- လက်မကို အမဲကွင်းအထက်မှာထားပြီး လက်ညှုိးနဲ့လက်ချောင်းတေွကို အမဲကွင်းအောက် လက်မနဲ့တစ်ဘက်စီးထားရပါမယ်။
- လက်မနဲ့လက်ချောင်းတေွကို ရင်ဘတ်ဘက်ကို ဖိပေးရပါမယ်။
- နို့သီးခေါင်းအနောက်ဘက်ကနေ အမည်းကွင်းကို လက်မနဲ့လက်ချောင်းနှစ်ခုကြားကနေ ညှစ်ပေးဖို့လိုပါတယ်။
- ညှစ်ပြီးရင်တော့ ပြန်လေှျာပေးရပါမယ်။ အဲ့ဒီလိုမျိုး ညှစ်လိုက် ပြန်လေှျာလိုက် လုပ်ပေးရမှာဖြစ်ပါတယ်။
မေမေတို့ရေ အဲ့ဒီလိုညှစ်ယူဖို့ဆိုရင်တော့ အဝကျယ်ကျယ်ပန်းကန်လုံး (ဒါမှမဟုတ်) ဖန်ခွက်တို့ကိုအသုံးပြုနိုင်ပါတယ်။ အသုံးပြုမယ့်ပန်းကန်လုံးထဲကို ဆူနေတဲ့ရေနေွးလောင်းထည့်ပြီး နှစ်မိနစ်လောက်ထား ပိုးသတ်ပြီးမှအသုံးပြုမယ်ဆိုရင်တော့ ပိုမိုသင့်တော်ပါတယ်မေမေတို့ရေ။
မေမေတို့ရေ မိခင်နို့ရည်ကို ညှစ်ထုတ်တဲ့အခါနာကျင်နေတယ်ဆိုရင်တော့ နည်းလမ်းမှားယွင်းနေတာကြောင့်ဖြစ်ပါတယ်။ မေမေတို့ညှစ်ထုတ်တဲ့အခါ ပထမတစ်ကြိမ်ဆိုရင်တော့ နို့ရည်ထွက်ချင်မှထွက်မယ်ဆိုပေမယ့် နှစ်ကြိမ်၊ သုံးကြိမ်ပြုလုပ်မယ်ဆိုရင်တော့ နို့ရည်တေွပိုမိုလွယ်လွယ်ကူကူစီးကျလာမှာဖြစ်ပါတယ်နော်။ နို့ရည်ညှစ်ထုတ်တဲ့အခါမှာတော့ နို့တစ်ဖက်ကို (၃) မိနစ်ကနေ (၅) မိနစ်စီညှစ်ထုတ်ပစ်ဖို့လိုပြီး နို့ထွက်နှုန်းနည်းလာတယ်ဆိုရင်တော့ နောက်တစ်ဖက်ကိုညှစ်ပြီး တစ်ဖက်စီညှစ်ပေးရမှာဖြစ်ပါတယ်။
နို့ရည်ညှစ်ထုတ်တဲ့ အခါမှာတော့ အရေပြားတွန့်ပြီးညှစ်ဖို့မသင့်ပါဘူး။ နောက်ပြီး နို့သီးခေါင်းကို ညှစ်တာ၊ နို့သီးခေါင်းကိုဆွဲတာတေွလည်း မပြုလုပ်သင့်ပါဘူးနော်။ မိခင်နို့ရည်ကို လုံလောက်အောင်ညှစ်ဖို့ဆိုရင်တော့ အနည်းဆုံး မိနစ် (၂၀) ကနေ (၃၀) အထိလိုအပ်ပါတယ်။ နို့ထွက်နည်းတဲ့ ပထမတစ်ရက်နှစ်ရက်အတွက်ကိုတော့ ပိုပြီး အချိန်လိုအပ်ပါတယ်နော်။ လက်မကို အမဲကွင်းအထက်မှာထားပြီး လက်ညှုိးနဲ့လက်ချောင်းတေွကိုတော့ အမဲကွင်းအောက်မှာထားပေးရမှာပဲဖြစ်ပါတယ်။
တကယ်လို့ ကိုယ်တိုင်လက်နဲ့ညှစ်ထုတ်ဖို့အတွက် အဆင်မပြေဘူးဆိုရင်တော့ နို့ညှစ်စက်အမျိုးမျိုးကို ကျားလေးမှာ ၀ယ်ယူရရှိနိုင်ပါတယ် မေမေတို့ရေ။
မိခင်နဲ့ ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)