စျေး မီဒီယာ

Posted by Htet Htet Kyaw August 13, 2020

လူစိမ်းကြောက်တဲ့ကလေးများ
(Stranger Anxiety in Babies)

လူစိမ်းမြင်ရင်ကြောက်တတ်ခြင်းက ကလေးတွေရဲ့ဖွံ့ဖြိုးမှုထဲက ပုံမှန်အဆင့်တစ်ဆင့်ပဲဖြစ်ပါတယ်။ ကလေးတွေဆီမှာ ခင်တွယ်ရမယ့်လူရင်းတွေကိုခွဲခြားသိလာပြီဆိုတာနဲ့ လူစိမ်းကြောက်တာစဖြစ်တတ်ပါတယ်။ လူရင်းတွေနဲ့နေရတာပဲပိုနှစ်သက်ပြီးတော့ လူစိမ်းတစ်ယောက်နဲ့ထိတွေ့ရပြီဆိုရင် ငိုကြွေးမယ်၊ ဂျီကျမယ်၊ အရမ်းငြိမ်သွားမယ်၊ ကြောက်နေတဲ့ပုံပြမယ် ဒါမှမဟုတ် ပုန်းနေတတ်ပါတယ်။

🏵️လူစိမ်းကြောက်တတ်ခြင်းက ၇လကနေ၁၀လအတွင်းမှာအဆိုးဆုံးဖြစ်ပါတယ်။ ၁နှစ်ခွဲနှင့်၂နှစ်ကြားအချိန်မှာတော့ ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။🏵️

ကလေးငယ်တွေရဲ့လူစိမ်းကြောက်တတ်ခြင်းကို မိဘတွေအနေနဲ့ ဘယ်လိုကူညီလို့ရမလဲ?
-----------------------------------
၁) လူစိမ်းမြင်ရင်ကြောက်လန့်သွားတာကို မချော့ပဲဒီတိုင်းမထားလိုက်ပါနဲ့။ လူကြောက်တာကိုပိုဆိုးစေပါတယ်။

၂)လူသစ်တွေနဲ့တွေ့ခိုင်းတဲ့အခါ ကလေးငယ်ကိုလက်ကကိုင်ထားတာဖြစ်ဖြစ်၊ ပေါင်ပေါ်တင်တာဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်။

၃)ကလေးငယ်တွေအတွက် အိမ်ကအလုံခြုံဆုံးလို့ခံစားရစေတဲ့အတွက် လူသစ်တစ်ယောက်နဲ့မိတ်ဆက်ပေးတော့မယ်ဆိုရင် အတတ်နိုင်ဆုံး အိမ်မှာသာပေးတွေ့ပါ။

၄)လူအသစ်တစ်ယောက်ကိုအရမ်းကြောက်နေပြီဆိုရင် ကလေးကိုနှစ်သိမ့်ပြီး ထိုသူနဲ့ဝေးရာကိုခဏခေါ်သွားပါ။ ပြီးမှပြန်ခေါ်လာပြီး အားလုံးတူတူကစားတဲ့နည်းနဲ့ပြန်ပေးတွေ့ပါ။

၅)အသိမိတ်ဆွေများကို ကလေးကိုတွေ့တာနဲ့တန်းမချီစေပဲအချိန်ယူခိုင်းပါ။

၆)မိဘဖြစ်သူကတည်ငြိမ်မှ ကလေးကပါလိုက်ခံစားရပြီး သူ့ကိုယ်သူယုံကြည်မှုပိုရှိမှာဖြစ်ပါတယ်။ မိမိကိုယ်တိုင်ကလည်း မိတ်ဆွေများနှင့်ပျော်ပျော်ရွှင်ရွှင်ပြောဆိုဆက်ဆံပါ။

ဒါကြောင့် မိဘများအနေနဲ့ ကလေးကို အသိမိတ်ဆွေလူများများနှင့်ပေးတွေ့ပြီး သူတို့တွေကအန္တရာယ်မပေးတတ်ကြောင်း ကလေးငယ်သိအောင်​စိတ်ရှည်ရှည်နဲ့အချိန်ယူသွားရမှာဖြစ်ပါတယ်။

ဖေဖေမေမေတို့ရဲ့ကလေးတွေရောလူစိမ်းကြောက်တတ်ကြလား? ဒါဆိုရင်တော့ဒီအချက်လေးတွေလုပ်ကြည့်လိုက်နော်။

#1000Days

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.