
လတ်တလောမှာ ခေတ်စားနေတဲ့ သကြားဖြင့် ကိုယ်ဝန်စမ်းသပ်နည်းဟာ သေချာပေါက် မှန်ကန်လိမ့်မယ်လို့တော့ ယုံကြည်စိတ်ချရခြင်း မရှိပါဘူး။
သကြားဖြင့် စမ်းသပ်နည်းဟာ အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်ပြီး လွယ်ကူရိုးရှင်းပါတယ်။ ဆီးကို သကြားဖြင့် ပေါင်းစပ်ခြင်းပါ။ သကြားကို တစ်ဇွန်းစာယူပြီး သန့်စင်ထားသော ပန်းကန်တွင်ထည့်ပါ။
သင့်ရဲ့ဆီးကိုယူပြီး သကြားဖြင့် ပေါင်းစပ်ပါ။ သကြားဟာ မိနစ်အနည်းငယ်အကြာမှာ ပျော်ဝင်ပါက သင့်မှာ ကိုယ်ဝန်ရှိပါတယ်။ မပျော်ဝင်ဘူးဆိုရင်တော့ မရှိပါဘူး။
ဒီစမ်းသပ်မှုကို မနက်ပိုင်းမှာပဲ ပြုလုပ်သင့်ပါတယ်။ မနက်ခင်း ပထမဆုံးသွားသော ဆီးကသာ စမ်းသပ်မှုထိရောက်စေပြီး အဖြေရလဒ် တိကျဖို့ ပိုမိုနီးစပ်စေမှာ ဖြစ်ပါတယ်။
HYA (kyarlay)