စျေး မီဒီယာ

Posted by Chaw Kalayar August 13, 2020

ကလေးမွေးပြီး ဝိတ်ချမယ်ဆိုရင် ....

ကလေးမီးဖွားပြီးနောက် တက်လာတဲ့ကိုယ်အလေးချိန်တွေကို လျှော့ချချင်ကြတာဟာ မီးဖွားပြီးစ မိခင်လေးတွေရဲ့ ဆန္ဒပါ။ကျန်းမာရေးနဲ့ အလှအပကို အလေးထား ဂရုစိုက်လာကြတဲ့ ယနေ့ခေတ်မှာ ခေတ်သစ်မေမေတိုကလည်း ပါမှာပေ့ါ။ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးတက်လာတဲ့ ကိုယ်အလေးချိန်ကြောင့် မလှချင်မေမေတို့ သောကလေးတွေ ရှိခဲ့ကြမှာပါ။ကလေးမွေးပြီးတော့လည်း ဒီကိုယ်အလေးချိန်အတိုင်း ဆက်ရှိနေမှာ မလိုချင်တော့ မေမေတို့ ဝိတ်ချဖို့ပြင်ပြီပေါ့။ ဝိတ်ချတဲ့နေရာမှာလည်း ဘယ်အချိန်ချသင့်သလဲ၊ဘယ်လိုချရမလဲ၊အချိန်ဘယ်လောက်ယူသင့်သလဲ၊ ဘယ်လိုစားသောက်နေထိုင်သင့်သလဲဆိုတာတွေက ဘေးကင်းပြီး ဝိတ်ချမယ့် မေမေတို့အတွက် ဝေမျှပါရစေ။

ဘယ်အချိန်မှာ ဝိတ်ချသင့်သလဲ။

တကယ်အရေးကြီးတဲ့အချက်ပါ။မိခင်ဖြစ်ထာတဲ့အတွက် ကိုယ့်ရင်သွေးလေးအတွက်လည်း ကြည့်ရပြီလေ။ကလေးမွေးပြီးနောက် ဝိတ်ချဖို့ အသင့်တော်ဆုံးအချိန်က အနည်းဆုံး ၆လနဲ့ တစ်နှစ်ကြာပြီးမှ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်သွေးငယ်ကို မိခင်နို့တိုက်ကျွေးနေစဉ်ကာလ မွေးပြီး ၆လမှာ မိခင်ဖြစ်သူဟာ အာဟာရဓာတ် ပြည့်ဝနေဖို့လိုတာကြောင့်ပါ။ဒီအချိန်မှာ Diet လုပ်ဖို့ အဆင်မပြေဘူးလေ ဒါမှသာ သင့်ကလေးဆီ လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝရောက်နိုင်မှာ မဟုတ်လား။

ဘယ်လိုချရမလဲ။

သာသည်မိခင် တစ်ယောက်အနေနဲ့ ဝိတ်ချတဲ့နေရာမှာ အလျင်လိုလို့မရပါဘူး။ဖြည်းဖြည်းမှန်မှန် ထိရောက်တဲ့နည်းနဲ့ ချရမှာပါ။

ဝိတ်ချတဲ့အခါ အဓိကအချက် သုံးချက်နဲ့ချရင် လွယ်ကူမြန်ဆန် ထိရောက်ပါတယ်။အဲ့ဒီအချက် (၃)ချက်ကတော့ -

၁။ အစားအသောက်

၂။ လေ့ကျင့်ခန်း

၃။ နို့တိုက်ခြင်းတိုပဲ ဖြစ်ပါတယ်။

ဘယ်လောက်အချိန်ယူပြီး ဝိတ်ချသင့်သလဲ။

နိုတိုက်မိခင်တစ်ယောက်အနေနဲ့ သူများတွေလို ၂ လအတွင်း ၃လအတွင်း တစ်ဝက်လောက် ကျအောင် ချလို့မရပါဘူး။ ပြောခဲ့ပြီးတဲ့အတိုင်းပဲ ဖြည်းဖြည်းချင်း အချိန်ကြာကြာယူပြီး ချရမှာပါ။ အကောင်းဆုံးကတော့ နို့တိုက်ရင်း ဝိတ်ချတာဖြစ်တဲ့အတွက် ၆လလောက်တော့ အချိန်ယူသင့်ပါတယ်။

ဘယ်လိုသားသောက်နေထိုင်သင့်သလဲ

လာပါပြီ။ဝိတ်ချဖို့လိုတဲ့ အရေကြီးဆုံး Diet နဲ့ Exercises အခန်းကဏ္ဍပါပဲ။Diet လုပ်တဲ့နေရာမှာ မိမိကိုယ်တိုင်ရော မိမိရင်သွေးငယ်အတွက်ပါ ဘေးကင်းလုံးခြုံဖို့လိုပါတယ်။မိခင်နို့တိုက်ကျွေးနေတဲ့ အတွက် အလိုလိုနေရင်း ဝိတ်ထပ်မတိုးအောင် ကာကွယ်ပြီးသားပါ။ရှိရင်းစွဲပိုနေတဲ့ ဝိတ်ကို Diet ပြင်းပြင်းထန်ထန်မလုပ်ဘဲ အားကစားလေ့ကျင့်ခန်းအကူအညီနဲ့ ဖြည်းဖြည်းမှန်မှန်ချလို့ရပါတယ်။

နို့တိုက်မိခင်တွေအတွက် ဝိတ်ကျစေဖို့အကောင်းဆုံးDiet နည်းကတော့ -

- အစာရှောင်တာမျိုး မလုပ်ပါနဲ့။မနက်စာ၊နေ့လည်စာ ၊ ညစာထဲက ဘယ်တစ်ခုကိုမှ အစားဘဲမနေပါနဲ့တဲ့။

- ဒီအစားသုံးနပ်ကို အများကြီး တဝတပြဲ မစားဘဲ မစားဘဲ တော်သင့်ရုံ စားကာ ဆာတဲ့အချိန်မှာ အဆာပြေ ၃ - ၄ ခါစားပေးပါ။

- မနက်စာကို ပုံမှန်စားပေးပါ။သင့်ကလေးရောသင်ပါ အားအင်ပြည့်ဝနေစေဖို့ မနက်စာက အရေးကြီးဆုံးပါ။

- အစာကို ဖြည်းဖြည်းနဲ့ ကြေညက်အောင် ကြာကြာဝါးစားပါ။

- အဆီထုတ်ထားတဲ့နွားနို့ (Skimmed Milk)သို့ ပဲနို့တို့ကို သောက်သုံးပါ။

- အချို၊အငန်၊အဆီရှောင်။ဒီအရသာသုံးမျိုးက အလွန်မကျွံစားရင် ရောဂါတိုးစေတာမို့ ကိုယ်အလေးချိန်ကျပြီး ကျန်းမာချင်ရင် ဒီ(၃)မျိုးကို တတ်နိုင်သလောက် လျှော့ချပါ။ရှောင်ပါ။

- ရေများများသောက်ပါ။ရေများများသောက်ခြင်းက ဝိတ်အမြန်ကျစေဖို့ အကောင်းဆုံး Dietyg/

- ဆီများများနဲ့ ကြော်စားတဲ့ဟင်းတွေထက် ရေများများနဲ့ ချက်တဲ့ဟင်း၊အကင်၊အသုပ်တို့ကိုသာ စားပါတဲ့။

- ဗိုက်ကဆာမှ စားပါ။ဝိတ်ချချင်သူ၊ဝိတ်ချနေသူတွေအတွက် အဓိကအချက်ပါ။ဗိုက်ကမဆာဘဲမျက်စိဆာဈအမြင်ဆာတာနဲ့ မြင်မြင်သမျှတစွတ်စွတ် စားတာက ဝိတ်တ်ကစေတဲ့ အဓိက အချက်ပါပဲ။

- ညစာကို ညဦးပိုင်းမှာ စားပါ။အကောင်းဆုံးကတော့ ညစာစားချိန်ဟာ ည ရ နာရီထက်နောက်မကျသင့်ပါဘူးလို့ အကြံပြုပါရစေ။

ဝိတ်ကျစေဖို့ လေ့ကျင့်ခန်း

ကိုယ်ဝန်ဆောင်၊ကလေးမွေးပြီးတဲ့ မိခင်တွေအနေနဲ့ လေ့ကျင့်ခန်းစလုပ်ဖို့ အကောင်းဆုံးအချိန်က ကလေးမွေးပြီး ၆လနဲ့ ၁နှစ်အတွင်းမှာပါ။လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ ပထမစလုပ်လုပ်ချင်းမှာ တဖြည်းဖြည်း ချင်းတိုးတိုးလုပ်သွားတာက အမောပိုခံနိုင်သလို ပိုပြီးလည်း ထိရောက်မှုရှိပါတယ်။

ဒါကြောင့် ပထမဆုံး Exercise ကို လမ်းလျှောက်တာ၊ထိုင်ထလုပ်တာနဲ့ ရွရွပြေးတဲ့ လေ့ကျင့်ခန်းမျိုးသာ ရွှေးပြီး တစ်နေ့ကို ၁၅ မိနစ်၊ မိနစ် ၂၀ သာ မှန်မှန် မပျက်မကွက်လုပ်သွားပါ။ ဒါကို နှစ်ပတ်လောက် လည်ပတ်နိုင်ပြီဆိုမှ တစ်နေ့ကို နာရီဝက်လောက် Cardio Exercise လေးတွေ ထပ်ပေါင်းပြီး လုပ်ပါ။ဒီထက်ခံနိုင်ရည်ရှိလာပြီဆိုရင် အဆီလောင်ကျွမ်းပြီး ကြွက်သား တွေ ကျစ်လျစ်သန်မာစေမယ့် Push up Exercise တွေ ၊ရေကူး ၊ အိပ်ထမတင်၊ ဒိုက်ထိုး၊ အလေးမ၊ Boxing စတဲ့ လေ့ကျင့်ခန်းမျိုးတွေကို တိုးလုပ်သွားမယ်ဆိုရင် ကလေးမွေးပြီး တစ်နှစ်အတွင်းမှာ နဂိုယဉ်တဲ့ အပျိုစင်လေးလို ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်လေးကို ပြန်လည်ပိုင်ဆိုင်နိုင်ပြီဖြစ်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။

ကလေးမီးဖွားပြီးနောက် တက်လာတဲ့ကိုယ်အလေးချိန်တွေကို လျှော့ချချင်ကြတာဟာ မီးဖွားပြီးစ မိခင်လေးတွေရဲ့ ဆန္ဒပါ။ကျန်းမာရေးနဲ့ အလှအပကို အလေးထား ဂရုစိုက်လာကြတဲ့ ယနေ့ခေတ်မှာ ခေတ်သစ်မေမေတိုကလည်း ပါမှာပေ့ါ။ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးတက်လာတဲ့ ကိုယ်အလေးချိန်ကြောင့် မလှချင်မေမေတို့ သောကလေးတွေ ရှိခဲ့ကြမှာပါ။ကလေးမွေးပြီးတော့လည်း ဒီကိုယ်အလေးချိန်အတိုင်း ဆက်ရှိနေမှာ မလိုချင်တော့ မေမေတို့ ဝိတ်ချဖို့ပြင်ပြီပေါ့။

ဝိတ်ချတဲ့နေရာမှာလည်း ဘယ်အချိန်ချသင့်သလဲ၊ ဘယ်လိုချရမလဲ၊ အချိန်ဘယ်လောက်ယူသင့်သလဲ၊ ဘယ်လိုစားသောက်နေထိုင်သင့်သလဲ ဆိုတာတွေက ဘေးကင်းပြီး ဝိတ်ချမယ့် မေမေတို့အတွက် ဆက်လက်မျှဝေပေးပါအုံးနော် ❤❤❤
#credit

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.