
အသက်ကြီးမှ ကလေးယူဖို့ စီစဉ်တဲ့အခါ သင့်မှာ အတွေ့အကြုံပိုများနေပါပြီ။ အိမ်ထောင်တစ်ခုကို ထူထောင်ရာမှာ လက်တွဲဖော်နှင့် အခြေအနေများစွာကို တွေ့ကြုံဖူးရန်လိုအပ်ပါတယ်။ သို့မှလည်း ကလေးယူ၍ မိသားစုထူထောင်ရာမှာ ပိုမိုအခြေခိုင်စေမှာဖြစ်ပါတယ်။
အရွယ်ရပြီးတဲ့သင်ဟာ အခြားအသက်ငယ်သော မိခင်များထက် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချနိုင်မှာပါ။ တွေ့ရှိချက်တစ်ခုမှာ အသက်ကြီးသော မိခင်များက မိခင်နို့ပိုမိုတိုက်ကြပြီး နို့ထွက်ကောင်းမွန်စေရန် အချိုများထက် သစ်သီးဝလံများကို စားသုံးကြတယ်လို့ ဖော်ပြထားပါတယ်။
အရေးအကြီးဆုံးကောင်းကျိုးကတော့ ဘဏ္ဏာရေးဖူလုံမှုပါ။ ငွေကြေးပြီးပြည့်စုံမှ ရင်သွေးငယ်လေးကို ပျိုးထောင်ခြင်းဟာ ရင်သွေးလေးရဲ့ လိုအပ်ချက်များကို အပြည့်အဝ ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ ထို့အတွက် အချိန်အနည်းငယ် စောင့်ပြီး ဘဏ္ဏာရေးဖူလုံရေးကိုလည်း အရေးပေးသင့်ပါတယ်။
သင့်ရဲ့မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုကောင်းမွန်စေရုံသာမက ရင်သွေးငယ်လေးမှာ တစ်စုံတစ်ရာ မွေးရာပါ ရောဂါပါဝင်လာနိုင်ချေကို လျော့ကျစေပါတယ်။ သင့်ရင်သွေးလေး ပညာသင်ကြားရာမှာ ပိုမိုမြန်ဆန်စွာ တိုးတက်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
HYA (kyarlay)