Crd:နိုင်းနိုင်းစနေ
ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးပါ ...
အင်္ဂလန်ကိုအလည်သွားတော့ အမျိုးသားရဲ့
မိတ်ဆေွတစ်ဦးအိမ်မှာ ကျွန်မတို့တည်းဖြစ်ခဲ့ကြတယ်။
အမျိုးသားရဲ့မိတ်ဆေွက ချာလီလို့ခေါ်ပါတယ်။ အရင်က တရုတ်ကုမ္ပဏီတစ်ခုမှာ အမျိုးသားနဲ့အတူ
တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ ချာလီရော
သူ့အမျိုးသမီးကက်သရင်းပါ ကျွန်မတို့ကို
ဖော်ဖော်ရေွရေွှကိုဆိုကြတယ်။
ချာလီတို့ဇနီးမောင်နှံမှာ အသက်(၇)နှစ်အရွယ် သားလေးတစ်ယောက်ရှိပါတယ်။ ကောင်လေးက တစ်ခေါင်းလုံးရေွှဝါရောင်ဆံနွှယ်ရှိပြီး
သွက်လက်ချက်ချာပါတယ်။
တရုတ်စကားကို အနည်းအကျဉ်းတတ်ပါတယ်။
ချာလီတို့အိမ်မှာ ကျွန်မတို့တည်းခဲ့တဲ့ရက်အတောအတွင်း သူတို့ဇနီးမောင်နှံရဲ့ သားအပေါ်ထားရှိတဲ့ ချစ်ခြင်း
မေတ္တာတစ်မျိုးက ကျွန်မတို့ကို
နက်နဲတဲ့တေွးတောဆင်ခြင်မှုတေွပေးခဲ့ပါတယ်။
အင်္ဂလိပ်လူမျိုးတေွရဲ့ သားသမီးအပေါ်သွန်သင်ဆုံးမမှု
တေွက ကျွန်မတို့နဲ့မတူကြောင်းကို ချာလီတို့
အိမ်ရောက်သွားတဲ့ ပထမနေ့မှာပဲ
ကျွန်မသတိထားခဲ့မိပါတယ်။
အဲဒီနေ့က ညစာစားပြီးချိန်မှာ ကက်သရင်းကို ကျွန်မအိမ်မှုကိစ္စကူလုပ်ပါတယ်။ ဒါကို ချာလီတို့က
ဒီအလုပ်တေွ ကျွန်မလုပ်စရာမလိုဘူးလို့ တားပါတယ်။
ဒါဟာ အင်္ဂလိပ်လူမျိုးတေွက ကျွန်မတို့လိုပဲ အားနာတတ်လို့ဖြစ်မယ်လို့ ကျွန်မထင်မိပါတယ်။ ဒါပေမယ့် ကျွန်မအထင်ရော အမြင်ပါလဲွသွားခဲ့ပါတယ်။ ဒီအလုပ်က သူတို့ရဲ့သားလုပ်ရမယ့်အလုပ်ဆိုတာကို ကျွန်မတအံ့တသြသိလိုက်ရပါတယ်။
“သူ ဒီလောက်ငယ်တာ ဒီအလုပ်တေွ သူလုပ်နိုင်ပါ့မလား”လို့ ကျွန်မထူးဆန်းစွာမေးတော့ ကက်သရင်းကရယ်ပြီး
“မအံ့သြပါနဲ့… သားလေး ၂နှစ်အရွယ်လောက်ကတည်းက ပန်းကန်ဆေးနေခဲ့ပါပြီ။ ဒီအလုပ်က သူ့အတွက် ဘာမှမဖြစ်စလောက်လေးပါ” လို့ဆိုတယ်။
“ဘုရားရေ… ၂နှစ်အရွယ်ကလေးက ဒါတေွကိုလုပ်နိုင်တယ်”
လို့ ကျွန်မလွှတ်ခနဲပြောလိုက်မိပါတယ်။
“ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ” ကျွန်မတအံ့တသြ
ဖြစ်နေတဲ့ပုံကို ကက်သရင်းက ထူးဆန်းသလိုပြန်ကြည့်ရင်း
ပြောပါတယ်။
နံဘေးမှာရပ်နေတဲ့ချာလီက ကျွန်မကိုရှင်းပြပါတယ်။
လွန်ခဲ့တဲ့နှစ်တေွမှာ သား ပန်းကန်မဆေးနိုင်သေးတာကို
သူသိပေမယ့် သားကို သူစမ်းသပ်ခွင့်ပေးလိုက်ပါတယ်။
အဲဒီတုန်းက သားဟာ ပန်းကန်ဆေးရင်း တစ်ကိုယ်လုံး
ရဲွရဲွစိုစေခဲ့တဲ့အပြင် ပန်းကန်တေွပါ လုပ်ခဲွခဲ့ပါတယ်။
စိတ်ပျက်လက်ပျက်နဲ့ သားကငိုတော့ ချာလီက သားကို ကိုယ်တိုင်ရေချိုးပေးပြီး အဝတ်အစားတေွလဲပေးလိုက်တယ်။
ပြီးတော့ ပန်းကန်ကိုဘယ်လိုဆေးရမယ်၊ အဝတ်စနဲ့ ဘယ်လိုခြောက်အောင်သုတ်ရမယ်ဆိုတာကို ချာလီကိုယ်တိုင်လုပ်ပြခဲ့ပါတယ်။ ဒီလိုနဲ့ သားပန်းကန်ဆေးတတ်သွားခဲ့ပါတယ်။
ချာလီရဲ့အတေွးက ရှင်းရှင်းလေးပါ။ ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးရမယ်၊ ကျရှုံးမှုနဲ့ရင်ဆိုင်ရချိန် အောင်မြင်မှုရရှိတဲ့အထိ အမှားတေွကိုအကြိမ်ကြိမ်ပြုပြင်ရမယ်၊
ဒါဟာ တတ်ကျွမ်းမှုကို ထိန်းချုပ်ဖမ်းဆုပ်တတ်ဖို့
ကလေးတေွကို သင်ပြပေးနေတာနဲ့တစ်ပြိုင်နက် လူ့ဘဝရဲ့စိတ်နေစိတ်ထားတစ်ခုကိုပါ
သင်ပြပေးနေတာဖြစ်ပါတယ်။
“ကလေးကို ကျရှုံးတဲ့အခွင့်အရေးပေးပါ” ချာလီတို့
ဇနီးမောင်နှံရဲ့ ကလေးအပေါ်သွန်သင်မှုက
ကျွန်မကိုတုန်လှုပ်စေခဲ့ပါတယ်။ အချိန်တော်တော်များများက
ကျွန်မတို့က စိတ်ရှည်သည်းခံလိုစိတ်နည်းခဲ့ကြတယ်။ ကလေးကိုပေးလုပ်မယ့်အစား ကိုယ်တိုင်ပဲထလုပ်မယ်လို့ပဲ
တေွးကြတယ်။ သတ္တိရှိရှိ ကလေးကိုလက်လွတ်ပြီး
စမ်းသပ်ခိုင်းရဲရမယ်၊ ဘေးအန္တရာယ်မဖြစ်အောင် ကလေးတေွငယ်စဉ်ကတည်းက သင်ယူရမယ်ဆိုတာကို
မိဘ တော်တော်များများလျစ်လျူရှှုခဲ့မိကြပါတယ်။
ကလေးတေွက ကျွန်မတို့ရဲ့မျက်စိအောက်မှာ
အမြဲရှိနေကြတာမဟုတ်ပါဘူး။ ရေနေွးပူလောင်တာ၊ ကတ်ကြေးနဲ့ညှပ်မိတာမျိုးက နေ့စဉ်လူနေမှုမှာ
အမြဲကြုံတေွ့ရတဲ့ ဘေးအန္တရာယ်တေွှဖစ်ပါတယ်။
ချာလီတို့အိမ်မှာ ကျွန်မတို့နေလာခဲ့တဲ့ရက်အတောအတွင်း သူတို့ရဲ့သားလေးဟာ ဘာမဆိုကိုယ်တိုင်လုပ်၊
ကိုယ့်အားကိုယ်ကိုးတာကိုပဲ တေွ့ခဲ့ရပါတယ်။ နေ့တိုင်း သူကိုယ်တိုင်နိုးစက်လုပ်ပြီး အိပ်ရာထတယ်၊
သူကိုယ်တိုင် နွားနို့ထည့် ကြက်ဥကြော်တယ်၊ အားလုံးပြင်ဆင်ပြီးရင်သူကိုယ်တိုင် ကျောင်းကားမှတ်တိုင်မှာ ကျောင်းကားအလာကိုသွားစောင့်တယ်။
ဒါတင်မက အိမ်မှာ ရေပိုက်ပျက်တာ၊ မီးသီးကျွမ်းတာတေွကို သူကိုယ်တိုင်ပြင်နိုင်ခဲ့ပါတယ်။ ကားပြင်တာကိုတောင် သူအချက်အလက်ကျကျပြောနိုင်ခဲ့ပါတယ်။
ချာလီတို့ရဲ့သားနဲ့နှုိင်းယှဉ်ကြည့်ရင် ကျွန်မသားရဲ့
ဘဝနေထိုင်မှုစွမ်းရည်က အဖက်ဖက်မှာ အရမ်းကဲွှပား
ခြားနားတာကို တေွ့လိုက်မိတယ်။ ခါတိုင်းအချိန်တေွမှာ
သားက စမ်းသပ်လုပ်ကြည့်ချင်တယ်ဆိုရင်တောင်
တခြားမိဘအများတေွလိုပဲ ကျွန်မတို့က သူမလုပ်နိုင်မှာကို စိုးရိမ်မိတတ်ခဲ့ကြတယ်။
ကလေးကို ကျရှုံးတဲ့အခွင့်အရေးမပေးရင် ကြီးပြင်းဖို့ကို သူဘယ်လိုသင်ယူနိုင်မှာလဲ။
အင်္ဂလန်က မိတ်ဆေွမိသားစုဆီကနေ ကလေး
သွန်သင်ဆုံးမနည်းကို ကျွန်မသင်ယူနိုင်ခဲ့ရုံမက အရင်တုန်းက သားကိုကျွန်မသွန်သင်ဆုံးမခဲ့တဲ့တာတေွကိုလည်း တေွးတောဆင်ခြင်စရာရခဲ့ပါတယ်။ ကျွန်မတို့က
အိမ်မှုကိစ္စလုပ်ရတာ မောလိုက်တာလို့
အမြဲငြီးတွားခဲ့ကြပါတယ်။
ဒါဟာ ကလေးတေွစမ်းသပ်လုပ်ဆောင်ချင်တဲ့ အခွင့်အရေးတော်တော်များများကို ကျွန်မတို့ တားမြစ်ပိတ်ပင်ခဲ့ကြလို့ပဲလား….
Credit. နိုင်းနိုင်းစနေ