စျေး မီဒီယာ
မမွေးဖွားမှီ

ရာသီထိန်ပြီးနောက် ကိုယ်ဝန်အစောပိုင်း လက္ခဏာရပ်များ

Posted by Htoo Yan Aung September 11, 2020
R98pnhpqci8nedzetztr

ရာသီထိန်ခြင်းနဲ့ ရာသီသွေးမပေါ်ခြင်းတို့ဟာ ကိုယ်ဝန်ရှိကြောင်း သေချာတယ်လို့ သတ်မှတ်လို့ မရပါဘူး။ ကိုယ်ဝန်ရှိတဲ့အခါ မအီမသာဖြစ်ခြင်း ၊ အနံ့မခံနိုင်ခြင်း ၊ တံတွေးခဏခဏ ထွေးရခြင်း ၊ ခေါင်းမူးခြင်း ၊ ပျို့အန်ခြင်း ၊ ခြေလက်များ မသယ်ချင်အောင် ညောင်းကိုက်နေခြင်း ၊ အမြဲလှဲလျောင်းနေလိုခြင်းတို့ ဖြစ်တတ်ပါတယ်။

လေပွခြင်း ၊ ဝမ်းချုပ်ခြင်းတွေဖြစ်တာကြောင့် ဗိုက်တင်းပြီး နေရထိုင်ရခက်နေတတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တွေဟာ ခံတွင်းပျက်ပြီး ဘာမှမစားတော့တာကြောင့် ဗိုက်အောင့်တာမျိုးလည်း ရှိတတ်ပါတယ်။ အနံ့မခံနိုင်ခြင်းကြောင့် ခံတွင်းပျက်ကြတာပါ။

သန္ဓေအောင်ပြီး ၆ပတ်မှ ၈ပတ်အတွင်း ဆီးခဏခဏ သွားတတ်ကြပါတယ်။ ဆီးခဏခဏ သွားခြင်းကြောင့် အဖြူဆင်းတာ များတတ်ပါတယ်။

ရင်သားများတင်းခြင်း ၊ နို့သီးခေါင်းများ ကျိန်းစပ်ခြင်းတို့ဟာ ကိုယ်ဝန်ရဲ့ ရှေ့ပြေး လက္ခဏာ တစ်ခုပါ။ ပရိုဂျက်စတင်ဟော်မုန်းများလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အသားအရေတွေပူပြီး ဖျားတယ်လို့တောင် ထင်ရတတ်ပါတယ်။

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.