
ပှေ့ဖကျ ပေးပါ။ ကိုယျ့ရဲ့ အခစြျရဆုံးသော သားသားမီးမီးလေးတှကေို မကွာခဏ ပှေ့ဖကျပေးလိုကျပါ။ ကလေးလေးက ပြောျနတေဲ့ အခြိနျရော၊ ဝမျးနညျးနတေဲ့ အခြိနျ၊ ထိတျလနျ့နတေဲ့ အခြိနျ တှမေှာ မိဘတှရေဲ့ နှေးထှေးမှုကို လိုအပျပါတယျ။ ပှေ့ဖကျခွငျးဟာ မိသားစုရဲ့ ခစြျခငျနှေးထှေးမှုကို ဖောျပွတဲ့ ခစြျစရာအကောငျးဆုံး အပွုအမူတစျခု ပါပဲ။ ဒါတငျမကဘဲ ကလေးပွုစုစောငျ့ရှောကျတဲ့နရောမှာ ပှေ့ဖကျခွငျးရဲ့ အကြိုးကြေးဇူးတှကေ အံ့ဩစရာကောငျးလှပါတယျ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကလေးလေးတှကေို နှေးနှေးထှေးထှေး ပေွ့ဖက်ခြင်းဖြင့် ပြန်လည်ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ ဉာဏ်ရည် ထက်မြက်စေတယ်
-----------------------------------
ကလေးဘဝမှာ အသားချင်း ထိတွေ့မှုက သူတို့လေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးပါ ပါတယ်။ ဒါ့ကြောင့် ကလေးကို ရင်ခွင်ထဲ ထွေးပိုက်ရင်း မိခင်နို့တိုက်ကျွေးဖို့ကို တိုက်တွန်းကြတဲ့ အကြောင်းရင်းထဲ ပါဝင်တာပေါ့။ ကလေးတစ်ယောက်ဟာ သူ့ရဲ့ ပုံမှန် ဖွံ့ဖြိုးကြီးထွားမှု ကာလအတွင်း အာရုံခံတုံ့ပြန်မှု အမျိုးမျိုး ဖြစ်လာစေဖို့ လိုအပ်ပါတယ်။ အသားချင်း ထိတွေ့မှု (ပွေ့ချီ၊ ပွေ့ဖက်၊ ချော့မြှူ၊ ချော့သိပ်တာ) က ကလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု ကောင်းစေဖို့ အားပေးထောက်ပံ့နေတယ်လို့ သုတေသန လေ့လာမှုတွေက တွေ့ရှိထားပါတယ်။

၂။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေတယ်
--------------------------------------
မယုံမရှိပါနဲ့။ ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာနဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးလာဖို့ ပွေ့ဖက်ခြင်းက အထောက်အကူပေးပါတယ်။ မိဘ သို့မဟုတ် လူကြီးတွေရဲ့ ထိတွေ့မှု နည်းတဲ့ ကလေးတွေမှာ အာဟာရ ပုံမှန် ရရှိနေရင်တောင်မှ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုက ရပ်တန့်သွားတဲ့ အခြေအနေ (Failure to Thrive) ဖြစ်လာနိုင်တယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။ Failure to Thrive ဖြစ်နေတဲ့ ကလေးတွေဟာ ရွယ်တူတွေထဲ လူကောင်ညှက်ပြီး ထွားသင့်သလောက် ထွားမလာတော့ပါဘူး။ အများအားဖြင့်တော့ အာဟာရဓာတ် ချို့တဲ့တဲ့ ကလေးတွေ၊ နွေးထွေးကြင်နာမှု မရရှိတဲ့ ကလေးတွေ၊ စိတ်ဒဏ်ရာရထားတဲ့ ကလေးတွေနဲ့ ညှင်းပန်းနှိပ်စက်ခံရတဲ့ ကလေးတွေမှာ Failure to Thrive ဖြစ်တာ တွေ့ရတတ်ပါတယ်။
ဒါ့ကြောင့် ကလေးတွေကို ချစ်ခင်ပေးပါ၊ ရင်းရင်းနှီးနှီး နေပါ၊ ပွေ့ဖက်ပေးပါ။ ဒါမှ ပျော်ရွှင်ခြင်းဟော်မုန်း လို့ဆိုတဲ့ oxytocin ကို ထွက်ရှိစေပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ အထောက်အကူ ဖြစ်စေမယ့် တခြားဟော်မုန်းတွေကိုပါ နှိုးဆွပေးပါတယ်။

၃။ မိဘ နဲ့ ဆက်ဆံရေး ပိုနီးကပ်လာစေတယ်
----------------------------------------------
ပွေ့ဖက်ခြင်း ကြောင့် ကလေးနဲ့ ဖေဖေမေမေတို့ ကြားမှာ ရင်းနှီးမှု၊ ချစ်ခင်မှု၊ ယုံကြည်မှုတွေ ပိုတိုးလာစေပါတယ်။ လက်သာတယ် တို့၊ အမေကို ပိုကပ်တယ်၊ အဖေကို ပိုကပ်တယ်၊ အဖွားကို ပိုကပ်တယ် ဆိုတာတွေက ဒီလိုမျိုးပါပဲ။ သူ့အနား ပိုနီးကပ်သူ၊ ပိုနွေးထွေး ကြင်နာသူတွေကို ကလေးက ပိုရင်းနှီးမယ်၊ ပိုယုံကြည်မယ်လေ။ ပွေ့ဖက်ပေးခြင်းက ကလေးရဲ့စိတ်မှာ နွေးထွေးမှု၊ လုံခြုံမှု၊ နှစ်သိမ့်မှုတွေ ခံစားရစေတာလည်း အမှန်ပါပဲ။

၄။ ကြင်နာတတ်၊ ကိုယ်ချင်းစာတတ်လာစေတယ်
---------------------------------------------------
ချစ်ခင်ကြင်နာတတ်ဖို့ ငယ်ငယ်တည်းက ခံစားသင်ယူလာရတဲ့ ကလေးတွေက တခြားသူအပေါ် ကြင်နာတတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့၊ အားပေးတတ်ဖို့ များပါတယ်။ မိသားစုဘဝမှာ ပျော်ရွှင်ခဲ့ရတဲ့ ကလေးတွေ (အလိုလိုက်လွန်းတဲ့ ထိန်းကျောင်းနည်းမဟုတ်) မှာ အကောင်းမြင်စိတ် ကိုမွေးမြူပြီးသား ဖြစ်စေပါတယ်။

၅။ ကိုယ်ခံအား ပိုကောင်းစေတယ်
-----------------------------------
ပွေ့ဖက်လိုက်တဲ့ အချိန်မှာ Oxytocin ဟော်မုန်းထွက်ရှိမှု ကြောင့် ကလေးရဲ့ ကိုယ်ခံအားကို ပိုကောင်းစေပါတယ်။ ဒီဟော်မုန်းက အနာကျက်နိုင်စွမ်း ကိုလည်း မြန်စေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ကဲ မေမေတို့ရေ သိပ်ချစ်ရတဲ့ ကလေးလေးတွေကို မကြာခဏ သတိတရနဲ့ တယုတယ ပွေ့ဖက်ပေးပါနော်။ ဒီလိုမ်ိဳး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။
#Ref( ယုစန္ဒီနန်းမွန်- ကလေးနဲ့ပွေ့ဖက်ခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)