စျေး မီဒီယာ

Posted by Khine Thin Thin War August 11, 2020

ကလေးကို နို့့ဖြတ်ဖို့ အချိန်ရောက်သော်
*******************************
နို့ဖြတ်ခြင်းက မိခင်ရော ကလေးအတွက်ပါ မလွယ်ကူလှပါ။ သို့သော် နို့တိုက်ခြင်းက သဘာဝတစ်ခုဖြစ်သလို နို့ဖြတ်ခြင်းကလည်း သဘာဝတစ်ခုသာဖြစ်ပါတယ်။ အခက်အခဲတေွ ကျော်ဖြတ်ချိန်မှာ မိခင်ကို စိတ်ခွန်အားပေးဖို့ ဖေဖေနဲ့ အိမ်သားများ လိုအပ်သလို ကူညီဖို့လိုပါတယ်။ ဓာတ်ပုံထဲမှာ ဗြိတိန်နိုင်ငံရဲ့ မင်းသားက သူ့အမျိုးသမီးကို နို့ဖြတ်ရာမှာ ကူညီပုံတစ်မျိုးတေွ့မြင်နိုင်ပါတယ်။ ဒီ post မှာ စနစ်တကျ နို ့ဖြတ်ခြင်းအကြောင်း လေ့လာကြရအောင်။

မိခင်တစ်ဦးမှာ နို့မတိုက်နိုင်သော ကျန်းမာရေး ပြဿနာကြီးကြီးမားမားသာမရှိဘူးဆိုရင် မေွးပြီး ၆ လမှာ မိခင်နို့တစ်မျိုးထဲကိုတိုက်ကျေွးဖို့ ကမ႓ာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ တကွ ကျန်းမာရေးဝန်ထမ်းများက အကြံပြုထားတာ အများသိကြပါတယ်။ မိခင်နို့တိုက်ကျေွးခြင်းရဲ့ အကျိုးကျေးဇူးများကို အားလုံးလက်ခံသိရှိပြီးဖြစ်ပါတယ်။

၆ လကျော်တဲ့အခါ မိခင်နို့တစ်မျိုးထဲက ကလေး ခန္ဓာကိုယ်တည်ဆောက်ဖို့ မလုံလောက်တော့တာကြောင့် ဖြည့်စွက်စာ စတင်ကျေွးဖို့ လိုအပ်ပါတယ်။ ဖြည့်စွက်စာ စကျေွးပြီး နောက်ပိုင်း မှာ မိခင်နို့ကိုအနည်းဆုံး ကလေးအသက် ၁၂ လမှ ၂၄ လထိ ဆက်တိုက်ဖို့ ကမ႓ာတဝှမ်းလုံးက ကျန်းမာရေး အဖွဲ့အစည်းများမှ တိုက်တွန်းထားပါတယ်။

၆ လ ကျော်ရင် ကလေးအများစုက ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် တောက်လျောက် အိပ်စက်နိုင်တာကြောင့် ညသန်းခေါင် မဖြစ်မနေ နို့ထတိုက်ဖို့ အရေးမကြီးတော့ပါ။ ၆ လကျော်သော်လည်း ညဘက် နို့ဆက်တိုက်ဖို့ စိတ်အားထက်သန်ရင်တော့ အလျင်စလို ဖြတ်စရာမလိုပါ။ ဆက်တိုက်နိုင်ပါတယ်။ အချို့မိခင်များကတော့ ၆ လကျော်ရင် အလုပ်ပြန်တက်ဖို့ လိုတဲ့အတွက် နေ့ဘက် အလုပ်လုပ်ဖို့ ညဘက်မှာ အိပ်ရေးဝဖို့ အရေးကြီးပါတယ်။

(က) ညလယ်မှာတိုက််နေကျ နို့ကိုဘယ်လို ဖြတ်မလဲ။

(၁) ညလယ်မှာ ၅ မိနစ်လောက်ပဲတိုက်နေကျဆိုရင် ရုတ်တရက်ဖြတ်လည်း ပြဿနာမရှိပါ။ ညဘက် နို့စို့ဖို့ ကလေးနိုးလာတဲ့ အခါ သီချင်းလေးညည်းပြီးဖြစ်ဖြစ် ကျောကို ဖြေးဖြေး ပွတ်သပ်ပြီးဖြစ်ဖြစ် ပြန်သိပ်လိုက်ရင် အဆင်ပြေနိုင်ပါတယ်။ တစ်ပတ်လောက်ကြာရင် ကလေးက ညသန်းခေါင်နို့မတောင်းတော့တာ တေွ့ရပါလိမ့်မယ်။

(၂) ညဘက်မှာ ၅ မိနစ်ထက်ကြာအောင် တိုက်လေ့ရှိတဲ့ ကလေးကို နို့ဖြတ်တဲ့ အခါ တစ်ညခြားကို ၂ မိနစ်မှ ၅ မိနစ်ထိ လျော့လိုက်ပါ။ ဥပမာ တနင်္ဂနေွမှာ ပုံမှန်အတိုင်း ၁၅ မိနစ်တိုက်ရင် တနင်္လာနေ့နဲ့ အဂါင်္နေ့မှာ ၁၂ မိနစ်စီတိုက်ပါ။ ဗုဒ္ဓဟူးနဲ့ ကြာသပတေးမှာ ၉ မိနစ်ပဲ တိုက်ပါ။ သောကြာစနေမှာ ၆ မိနစ်တိုက်ပြီး တနင်္ဂနေွမှာ ၅ မိနစ်ရောက်ရင် ဖြတ်လို့ ရပါပြီ။ အပြီး ပြတ်သွားဖို့ ၁ ပတ်စွန်းစွန်းလောက်ကြာနိုင်ပါတယ်။

(ခ) နေ့ဘက်တိုက်တဲ့ နို့ကိုဘယ်လိုဖြတ်မလဲ။

၁၂ လ မှ ၂၄ လထိ တိုက်ပြီးတဲ့ အခါ နို့ဆက်တိုက်ဖို့များ အခွင့်မသာခဲ့လှျင် အချိန်ယူပြီး နို့ဖြတ်ဖို့လိုပါတယ်။ ဖြတ်ဖို့ အလွယ်ဆုံးတစ်ခေါက်က နေ့လည်ခင်း တိုက်နေကျထဲက တစ်ခေါက်ပါ။ အများအားဖြင့် မနက် အိပ်ရာနိုးနိုးချင်းတိုက်တာနဲ့ ညမအိပ်ခင်တိုက်တဲ့ မိခင်နို့က ကလေးအမှတ်မိဆုံးဖြစ်လို့ ဖြတ်ရခက်ပါတယ်။ တစ်နေ့ကို တစ်ကြိမ်ပဲ စလေှျာ့ပါ။ ၅ ရက်-တစ်ပတ်လောက်နေမှ နောက်တစ်ကြိမ်လေှျာ့ပါ။ ၄-၅ ပတ်ကြာရင် နို့ပြတ်သွားပါမယ်။

၁၂ လကျော်လို့ နေ့ခင်း တိုက်တဲ့ မိခင်နို့ကို စ ဖြတ်တဲ့အခါ မိခင်နို့အုံတင်းလို့ နာကျင်မှုရှိရင် ညှစ်ထုတ်ပြီး ကလေးကို ဗူးနဲ့တိုက်ဖို့ သိမ်းထားနိုင်ပါတယ်။ ရင်သားကို ဖြေးဖြေးနှိပ်ပေးခြင်းဖြင့် နို့ချောင်းထဲ နို့ ခဲပိတ်ခြင်းကို သက်သာစေနိုင်ပါတယ်။ ညှစ်ထုတ်တဲ့အခါ နာကျင်မှု သက်သာအောင်လောက်ပဲ ညှစ်ပါ။ အကုန်ညှစ်လိုက်ရင် နို့အုံထဲမှာ နို့ပြန်ပြည့်လာနိုင်ပါတယ်။

(ဂ) အိပ်ရာဝင် အိပ်ရာထ တိုက်နေကျနို့ကို နောက်ဆုံးမှ ဖြတ်ပါ။

ဖြတ်မယ့်နေ့ မနက် ကလေးမနိုးခင် ကလေးအတွက် မနက်စာပြင်ဆင်ပါ။ နိုးတာနဲ့ ကျေွးပါ။ မိခင် အကျႌလဲချိန် ကလေးမမြင်ပါစေနဲ့။ ညဘက်နို့တိုက်သိပ်နေကျ အချိန်မှာ ဖေဖေက ပုံပြင်ပြောပြခြင်းဖြင့် ကလေးနို့ပြတ်အောင် ကူညီနိုင်ပါတယ်။ ကလေး မအိပ်ဘဲ ငိုရင် ဖေဖေက ချီပြီး ချော့သိပ်လိုက်ပါ။ ချော့နည်းအမျိုးမျိုးကို ဖေဖေတို့ လေ့လာနိုင်ပါတယ်။

သတိ(၁) ကလေးကို ၁-၂ နှစ်ထက် ပို၍ နို့တိုက်ချင်လှျင်၊ တိုက်နိုင်လှျင် တိုက်ပါ။ သို့သော် အခြေအနေ အကြောင်းကြောင်းကြောင့် နို့ဖြတ်ဖို့လိုအပ်သော၊ နို့မတိုက်နိုင်သော အခြားမိခင်များကို ရှုတ်ချခြင်း၊ သရော်ခြင်း၊ ကဲ့ရဲ့ခြင်းများအား ရေှာင်ရှားခြင်းဖြင့် ယဉ်ကျေးမှုအဆင့်အတန်းကို ထိန်းသိမ်းစေလိုပါသည်။

သတိ(၂) အချို့ ကလေးများတွင် အသက် ၃-၄ နှစ်ထိ မိခင်နို့ တစ်မျိုးကို အဓိကစွဲသောက်လှျင် အာဟာရဖြစ်စေသော အခြားအစာများ အစားနည်းနိုင်ပါသည်။

*ကျန်းမာရေး အဖွဲ့အစည်းများမှ ညွှန်ကြားထားသော အထက်ပါ နို့ဖြတ်နည်းလမ်းများကို အချိန်တန်၍ဖြစ်စေ အချိန်မတိုင်ခင်ဖြစ်စေ အကြောင်းတစုံတရာရှိ၍ နို့ဖြတ်လိုသူ မိခင်များ ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်ရေးပါသည်။*

#နေနေမိုးဆေွ (Child Health Myanmar)
Reference- Breastfeeding Association Australia, Raising Children Network
Photo credits to Google Images

#naynaymoeswe

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.