စျေး မီဒီယာ

Posted by Aye Mya Nandar August 11, 2020

တစ်နှစ်အောက်ကလေးနှင့် Beri Beri
••••••••••••••••••••••••••••••
(၁) အရေးကြီးသည်။
••••••••••••••••••••••••••••
မြန်မာနိုင်ငံရှိ တစ်နှစ်အောက်ကလေး သေဆုံးခြင်း၏ အလွန်အရေးကြီးသော အကြောင်းရင်း တစ်ခုဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်က အခြားနိုင်ငံများတွင် ဤပြဿနာ မရှိသလောက်နည်းပြီး မီးနေသည် အစားရှောင်လွန်းသော ရိုးရာဓလေ့ရှိသည့် မြန်မာပြည်တွင် အဖြစ်များနေခြင်းဖြစ်သည်။

(၂) ဘာရောဂါလဲ။
••••••••••••••••••••••••••••
"နို့တိုက်မိခင်" အစားရှောင်လွန်း၍ ဗိုက်တာမင် ဘီဝမ်းက နို့ရည်ထဲတွင် ချို့တဲ့ပြီး ကလေးက ဗိုက်တာမင်ဘီဝမ်းမရသော ရောဂါဖြစ်သည်။

(၃) ဗိုက်တာမင် ဘီဝမ်း၏ တာဝန်
••••••••••••••••••••••••••••
ဗိုက်တာမင် ဘီဝမ်းက ကလေးအသက်ရှင်ဖို့ မရှိမဖြစ်လိုသည်။ စို့လိုက်သော နို့ရည်မှ ကစီဓာတ်ကို အားအင်အဖြစ်ပြောင်းပေးသည်။ ဦးနှောက်နှင့် အာရုံကြောများ ပုံမှန်အလုပ်လုပ်ဖို့လိုအပ်သည်။

(၄) မိခင်နို့မှ ဗိုက်တာမင်ဘီဝမ်းမရခြင်း
••••••••••••••••••••••••••••
ဘီဝမ်းချို့တဲ့ပြီး အစောဆုံး ၁လအတွင်း ရောဂါ လက္ခဏာစတင်သည်။ ရောဂါလက္ခဏာစပြသည်နှင့် ဗိုက်တာမင်ဘီဝမ်းကို အချိန်မီ ထိုးပေးလျှင်၊ တိုက်ကျွေးလျှင် ကလေးအသက်ကယ်နိုင်သည်။

အကြောင်းအမျိုးမျိုးကြောင့် ကုသမှုမခံယူနိုင်၍၊ ကုသမှုယူရကောင်းမှန်းမသိ၍ မြန်မာနိုင်ငံမှ ၃-၄ လ အရွယ် ကလေးငယ်များ မြောက်မြားစွာ သေဆုံးခဲ့သည်။ သေဆုံးနေဆဲဖြစ်သည်။

(၅) ကလေး၏ ရောဂါလက္ခဏာများ
••••••••••••••••••••••••••••
(က) ၁ လမှ ၃ လ အရွယ်
-----------------------
-နှလုံးထိခိုက်၍ သွေးလှည့်ပတ်မှု ချို့ယွင်းပြီး တကိုယ်လုံး ဖောရောင်ခြင်း
-အသည်းကြီး၍ ဗိုက်ပူလာခြင်း
-အသက်ရှူ အလွန် မြန်လွန်းခြင်း
-ပြာနှမ်းလာခြင်း
*မကုလျှင် ၂နာရီမှ ၄နာရီအတွင်း သေဆုံးသည်။

(ခ) ၄ လမှ ၆ လ အရွယ်
-----------------------
-နို့မစို့နိုင်သည်အထိ အားအင်နည်းခြင်း
-အဆက်မပြတ် ညည်းငြူငိုပြီးနောက် အသံအိုးအလုပ်မလုပ်နိုင်တော့၍ နောက်ဆုံး အသံပါမထွက်နိုင်တော့ခြင်း
*မကုလျှင် ၃-၄ ရက် အတွင်း အသက်ဆုံးရှုံးနိုင်သည်။

(ဂ) ၇ လမှ ၉ လ အရွယ်
-----------------------
-ကြီးထွားမှု နှောင့်နှေးခြင်း
-အော့အန်ခြင်း
-ဦးနှောက်ထိခိုက်၍ တက်သွားခြင်း

(၆) ကာကွယ်နည်းများ
•••••••••••••••••••
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်အောင်စားပါ။ ဘီဝမ်းကို သန့်ရှင်းလတ်ဆတ်သော ကြက်၊ ဝက်၊ ငါး၊ ဆန်လုံးညို၊ ပေါင်မုန့်၊ ကြက်ဥ၊ ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံမှ ရသည်။ ထမင်းချက်လျှင် ဆန်ကို လွန်ကဲစွာ ပွတ်ဆေးခြင်းမှ ရှောင်ပါ။ ထမင်းရည်ကိုငှဲ့ချက်လျှင် ဗိုက်တာမင် ဘီဝမ်းဆုံးရှုံးနိုင်သည်။

"နို့စို့ကလေး"တွင် ရောဂါလက္ခဏာများ ရုတ်တရက် ဖြစ်ပေါ်လျှင် ဆေးမြီတိုနှင့် မကုဘဲ နီးစပ်ရာဆေးရုံသို့ ချက်ချင်းသွားပါ။

ကျန်းမာရေး အသိပညာရှိသော မိဘများက အသိပညာနည်းသေးသော မိခင်များအား ဤကျန်းမာရေးဗဟုသုတ မျှဝေပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ တစ်နှစ်အောက်ကလေး သေဆုံးမှုနှုန်းလျော့နည်းအောင် ကူညီပေးနိုင်ပါစေဟု ရည်ရွယ်ရေးသည်။

Credit to နေနေမိုးဆွေ (Child Health Myanmar)
Reference: WHO- international nutrition guidelines, UNICEF infant mortality data, pubmed articles.
Photo Credits to Google.
#infantileberiberi
#naynaymoeswe
................................

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.