မွေးကင်းစကလေး ခေါင်းမှာ ဂျွတ်တတ်ခြင်း
-------------------------------------
ပုံမှာပြထားသော ကလေးခေါင်း ပေါ်ကိုကြည့်ပါ။
မြန်မာလို ဘယ်လိုခေါ်လည်းဆိုတာ သိသူများရှိရင်
ကော်မန့်မှာ ရေးခဲ့ပါ။ အင်္ဂလိပ်လိုတော့ cradle cap
ဟုခေါ်သည်။ ဆေးပညာမှာတော့ seborrhoeic dermatitis ဟုခေါ်သည်။
စာရေးသူ ဧရာဝတီတိုင်းရဲ့ မော်ကျွန်းဘက် ရွာလေးတရွာကို ဆေးကုဖို့ရောက်သွားတုန်းက ၂-လ သား
ရင်သွေးလေးကိုပိုက်ပြီး မိခင်တဦး စိုးရိမ်မှုတွေနဲ့
" ဆရာ ကျွန်မကလေးခေါင်းမှာ ဂျွတ်တတ်နေလို့। လုပ်ပါအုံး" ဆိုပြီး ပုံပါအတိုင်း ဦးခေါင်းအရေပြားပေါ်မှ
အဖတ်ကလေးများကို လာပြပါသည်။ သူမစကားကို
ခဏငှားပြီး ဂျွတ်တတ် သည်ဟုပဲ သုံးလိုက်တော့မည်။
• မွေးပြီး မကြာမီမှာဖြစ်တတ်သည်။ ၄-၅ ပတ် မှ ၄-၅
လလောက် ကြာနိုင်သည်။
• အရေပြားမှထွက်သော အဆီနှင့် အရေပြားအ
ဟောင်းလေးများ ပေါင်းပြီး အဲလို အဝါအဖတ် ထူထူ
ကြီးတွေ ဖြစ်နေတာပါ။ အဲဒါအပြင် Malassezia
furfur လို့ခေါ်သော မှိုတမျိုးလည်း ပေါက်နေတတ်
ပါသည်။ ပုံမှန်အားဖြင့် ကလေးက ယားလည်းမယား
နာလည်း မနာပါ။
•ကုသပုံ
- သူ့ဘာသာသူ တချိန်ကျလျှင် ပျောက်သွားပါလိမ့်
မည်။ စိတ်မပူပါနှင့်။
- ဟင်းသီးဟင်းရွက် ဆီ တမျိုးမျိုးကို ညဘက် လိမ်း
ပေးထားပါ။ မနက်ရောက်လျှင် အသာအယာ ဆေး
ချပါ။ မှတ်ချက်- သံလွင်ဆီ မသုံးပါနဲ့။ အထက်မှာ
ပြောခဲ့သော မှိုကသံလွင်ဆီကို ကြိုက်လို့ပါ။
- ကလေး shampoo( ခေါင်းလျှော်ရည်) သုံးပြီးလည်း
ဆေးပေးနိုင်သည်။
- မှိုပိုးသတ်ဆေး ketoconazole 2% ပါသော
shampoo ကိုသုံးပြီးခေါင်းလျှော်ပေးနိုင်ပါသည်။
-ပြန်ပြန်ဖြစ်နေတတ်သည်။ အထက်ကပြောသလိုပဲ
သူ့ဘာသာသူ ပျောက်သွားပါလိမ့်မည်။
Credit to စိုးမိုးကျော် ( Child Health Myanmar Page )
Photos : Google
.........................