စျေး မီဒီယာ

Posted by Khin mon August 10, 2020

❤️ကိုယ်ဝန်စရှိပြီဆိုတာနဲ့ ဒီစာလေးတွေ ဖတ်ပေးဖို့ တိုက်တွန်းပါတယ် ❤️ ❤️ကိုယ်ဝန်ဆောင်ကာလ တလျှောက်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအတွေ့အကြုံတွေ ဝေမျှပေးထားပါတယ် ❤️

💕ကိုယ်ဝန်ဆောင်သည်နှင့်အစားအစာ💕

❌ရှောင်ရှားရမဲ့အစားအစာ👉👉👉 ပဲပင်ပေါက် ၊ မှို/အပ်မှို၊ သင်္ဘောသီး (အစိမ်း/အမှည့်) ၊ နာနတ်သီး ၊ ဒန့်ဒလွန်သီး ၊ ခရမ်းသီး ၊ ဒညင်းသီး ၊ မျှစ် /မျှစ်ချည် ၊ အအေးခဲထားသောအစားအစာ ၊ စည်သွပ်ဗူး ၊ ငါးသေတ္တာ ၊ အသင့်စားသွားရည်စာ၊ ရှာစောင်းလက်ပတ် ၊ မက်မွန်သီး ၊ ကော်ဖီ ၊Tea ၊ အအေး ၊ အသားစိမ်းငါးစိမ်း ၊ dark chocolate ၊ မာကျူရီဓာတ်ပါဝင်သောငါးများ၊ ပင်လယ်စာ၊ အရက်ဘီယာ၊ ဆေးလိပ်၊ မကျိုချက်ရသေးသောနွားနို့၊ gasပါဝင်သောအအေး။

✅များများစားသင့်သောအစားစာ👉👉👉 ဆန်၊ ဂျုံ၊ ကြက်ဥ၊ ငုံးဥ၊ ကြက်သားနဲ့ငါး ၊ အစေ့အဆန်၊ အစိမ်းရင့်ရောင်အသီးအရွက် ၊ မုန်လာဥနီ ၊ကန်စွန်းဥ ၊ ပဲအမျိုးမျိုး ။

✅များများစားသင့်သော အသီးအနှံ 👉👉👉 ထောပတ်သီး၊ ငှက်ပျောသီး၊ ဘယ်ရီသီး၊ လိမ္မော်သီး ၊ စပျစ်သီး၊ နဂါးမောက်သီး ၊ ဖရဲသီး ။

✅ဖျော်ရည်👉👉👉 အသီးဖျော်ရည်၊ အိုဗာတင်း ၊ နွားနို့ ၊ မိုင်လို၊ ကိုယ်ဝန်ဆောင်အာဟာရနို့မှုန့် သောက်သုံးပါ ။

✅ဖော်လစ်အက်စစ်ကြွယ်ဝသော အစားအစာ 👉👉👉 ပဲအမျိုးမျိုး ၊ ဆလပ်ရွက် ၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်ရွက်၊ ဖရဲသီး ၊ လိမ္မော်သီး၊ ငှက်ပျော်သီး ၊ ပေါင်မုန့်

💕ကိုယ်ဝန်ဆောင်သည်နှင့် ချောင်းဆိုးခချောင်း
​ကိုယ်ဝန်ဆောင်သည်တွေဟာ ချောင်းဆိုရောဂါဖြစ်ရင်သာမန်လူထက် ရက်ကြာကြာဖြစ်တတ်ပါတယ် ။ ဆေးလဲဆင်ခြင်သောက်ရတော့ အစားအသောက်ကို အတတ်နိုင်ဆုံး ဆင်ခြင်ပါလို့အကြံပြုပါတယ် ။ ချောင်းဆိုပျောက်ဆေးဆို Bronchest (အပြာလုံး) သောက်လို့ရပါတယ် ။ ငုံဆေး (ZeCuf) တနေ့နှစ်ကြိမ် ငုံပေးနိုင်ပါတယ် ။Juiceလိုမျိုးအသင့်ဖျော်အအေး ၊ ဆိုးဆေးပါဝင်တဲ့အချဉ်ထုတ် ၊ သကြား ၊ ထန်းလျက်ရည် ရှောင်ရှားပါ ။ (ချွင်းချက်အနေနဲ့ ရေခဲမုန့်ကတော့ ကိုယ်ဝန်ဆောင်သည်ချင်ချင်းတတ်စာမို့လို့ အချိုနည်းတာစားနိုင်ပါတယ်)

💕ကိုယ်ဝန်ဆောင်သည်နှင့် နှာစေးခြင်း 💕

ကိုယ်ဝန်ဆောင်သည် နှာစေးလျှင် ညဘက်အိပ်တဲ့အခါ အဲယာကွန်းပိတ်အိပ်ပါ။ မဖြစ်မနေဖွင့်မယ်ဆိုရင် 25•Cလောက်သာထားပါ။ ခြေထောက်နွေးနွေးထွေးထွေးရှိပါစေ ။ ခေါင်းအုံးနှစ်လုံး ဆင့်အိပ်ပါ ။ ခေါင်းအုံးမြင့်ရင်နှာစျေးနှာပိတ်တာကို သက်သာစေပါတယ်။ ရေနွေးငွေ့တနေ့ ၃ကြိမ် ရှုရှိက်ပါ ။

💕ကိုယ်ဝန်ဆောင်သည်နှင့် Morning Sickness💕

မနက်တိုင်းအန်တဲ့အကြောင်းအရင်းအမျိုးမျိုး ရှိပါတယ်.။ တချို့ကိုယ်ဝန်သည်တွေ နဲ့ အမြွှာကိုယ်ဝန်သည်တွေဆို လရင့်တဲ့အထိ အန်တတ်ပါတယ် ။ အက်မင်အတွေ့အကြုံအရ မနက်တိုင်းအန်တာသက်သာစေဖို့ နိုးနိုးခြင်းဖြစ်စေ မျက်နှာသစ်ပြီးရင်တောင် ရေကို လုံးဝမသောက်ပါနဲ့ ။ ရေနွေးကို လဖက်ခြောက် အနည်းငယ်ခက်ပြီး အအေးခံပြီးသောက်ပါ ။ ဆေးသောက်ရင် ရေနွေးနဲ့သာသောက်ပါ ။ မနက်စောစော ဘာမှမစားခင် ဘီစကွပ်၂ခြပ်လောက် စားပေးပါ ။ မနက်ပိုင်းအန်တာ သက်သာလာပါလိမ့်မယ်။

💕ကိုယ်ဝန်ဆောင်သည်နှင့် ဝမ်းချူပ်ခြင်း 💕

ဒိန်ချည်တနေ့တခွက်ပုံမှန်သောက်ပါ (ထန်းလျက်ရည်၊ သကြားလုံးဝရှောင်ပါ)။ ညစာစားတိုင်း အရွက်ကြော် သို့မဟုတ် ချဉ်ရည်ဟင်းတစ်ခွက် မဖြစ်မနေပါအောင်စားပါ ။အခုချိန်ကစသရက်သီးရာသီဆိုတော့ သရက်သီးမှည့်ကို မနက်တလုံးညတလုံးစားပေးပါ ( Similac Mom ကိုယ်ဝန်ဆောင်နို့မှုန့် တနေ့နှစ်ခွက် ပုံမှန်သောက်ပေးရင်လဲ ဝမ်းမှန်ပါတယ် ) ဝမ်းအရမ်းချူပ်ပြီဆိုရင် MOMလို့ခေါ်တဲ့ ဝမ်းမှန်ဆေး ညဘက် (၄)လုံးသောက်နိုင်ပါတယ်။

💕ကိုယ်ဝန်ဆောင်သည်နှင့် အိပ်စက်ခြင်း💕

ကိုယ်ဝန်နုစဉ်ထဲက ဘယ်ဘက်/ညာဘက်စောင်းအိပ်တာ အကျင့်လုပ်ပါ ။ကိုယ်ဝန်ကာလ၃လကျော်မှစ၍ ဘယ်ဘက်/ညာဘက်သာစောင်းအိပ်ပေးပါ။ ပက်လက်လုံးဝမအိပ်ရပါဘူး ။(ကလေးအသေမွေးတတ်ပါတယ်) ။ ဘယ်ဘက်ကို ပိုစောင်းအိပ်ပေးပါ ။ ကလေးကဘယ်ဘက်မှာရှိလို့ ဘယ်ဘက်စောင်းအိပ်တိုင်းကလေးကိုပိတယ်ဆိုတဲ့ အယူအဆမရှိပါဘူး။ ကလေးက ရေမွှာအိတ်ထဲမှာလုံခြုံစွာနေနေပါတယ် ။ ကိုယ်ဝန်လရင့်လေ အသက်ရှုမဝ၍ အိပ်စက်ရတာ ခက်ခဲလေဖြစ်တတ်ပါတယ်။ ညဘက်အိပ်စက်တာနောက်ကျရင် နေ့ခင်းနေ့လည် ပြန်အိပ်စက်ပေးပါ။ ကိုယ်ဝန်ဆောင်မေမေတို့ဟာ အိပ်စက်ချိန် တနေ့ ၉နာရီလောက် ရှိရပါမယ် ။

💕ကိုယ်ဝန်ဆောင်သည်နှင့် ရေချိုးခြင်း 💕

ညဘက်ရေချိုးရင် ရေပေါင်တယ်ဆိုတဲ့ အယူအဆ လုံးဝမရှိပါဘူး ။ ရေပေါင်ခြင်းနဲ့ပက်သက်၍ စာများရှာဖွေဖတ်ပါ။ ကိုယ်ဝန်ဆောင်သည်တိုင်း တနေ့ပုံမှန် နှစ်ကြိမ်ရေချိုးနိုင်ပါတယ် ။ ရေပူဖြင့် ရေချိုးခြင်းလုံးဝရှောင်ကြဉ်ပါ ။ ရေလောင်းလျှင် ပေါင်တံခြေထောက်မှ အပေါ်ပိုင်းသို့ဖြည်းဖြည်းခြင်း အရင်လောင်းပါ။

💕ကိုယ်ဝန်ဆောင်သည်နှင့် ဗိုက်​ကြောပြတ်ခြင်း 💕

ဗိုက်ကြောတွေစပြတ်ပြီဆိုတာနဲ့ သံလွင်ဆီ ၊ Bio Oil မဖြစ်မနေ လိမ်းပါ။ ဝမ်းဗိုက်ယားလျှင် မကုပ်ပါနှင့်
။ သံလွင်ဆီ ၊ Bio Oilမရှိရင် ပေါင်ဒါလိမ်းပေးခြင်းဖြင့် အယားသက်သာပါတယ်။ အကြောပြတ်တာ များတော့မှလိမ်းရင် အယားသက်သာလည်း အကြောများပျောက်မှာမဟုတ်ဘူး ။ နဲနဲလေးစပြတ်ထဲက တနေ့နှစ်ကြိမ်ပုံမှန်လိမ်းပေးခြင်းဖြင့် ဗိုက်ကြောများပြတ်လာခြင်းကို သက်သာစေပါတယ်။ ကလေးမီးဖွားပြီးရင်တော့ ဗိုက်ကြောပြတ်ရာများ အနည်းငယ် ပျောက်သွားပါလိမ့်မယ်။ (လက်သည်းတွေကိုအတိုသာညှပ်ထားပါ) ။ (Bio Oil/သံလွင်ဆီ ဗူးများကို city martတိုင်းမှာအလွယ်တကူဝယ်လို့ရပါတယ်)

💕ကိုယ်ဝန်ဆောင်သည်နှင့် ခါးနာခြင်း 💕

ကိုယ်ဝန်ဆောင်သည် ခါး/ကျောနားတတ်တာသဘာဝမို့ ဘာဆေးမှသောက်မရပါဘူး။ ဒါပေမဲ့မခံရပ်နိုင်အောင် နာလာပြီဆိုရင် Votex Cool(အပြာရောင်) တနေ့နှစ်ကြိမ် လူးပေးပါ။ အကြာကြီးထိုင်ခြင်း ၊ အလေးအပင်မခြင်း၊ ပန်ကာလေအကြာကြီးခံခြင်း ရှောင်ရှားပေးပါ ။ ခြေဆစ်လက်ဆစ်များ ကိုက်ခဲလာရင် မြန်မာဆေးရည် ဒေါ်သောင်းစိန် ဆေးရည် လူးပေးလို့ရပါတယ် ။

💕ကိုယ်ဝန်ဆောင်သည်နှင့် ကြွက်တတ်ခြင်း💕

ကိုယ်ဝန်ဆောင်သည် ကြွက်တတ်ခြင်းက
ကယ်လ်ဆီယမ်ဓာတ်အားနည်းလို့ ဖြစ်တတ်ပါတယ်။ နောက်တခုက ခြေထောက်ကို တအားဆန့်လိုက်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ 21 st century ( Cal,Mag,Zinc) တစ်ရက်တစ်လုံးသောက်သုံးနိုင်ပါတယ် ။ မြန်မာဆေးရည် ဒေါ်သောင်းစိန် ဆေးရည် လူးပေးရင်လဲ ခြေထောက်ကြွက်တတ်တာ သက်သာနိုင်ပါတယ် ။

💕ကိုယ်ဝန်ဆောင်သည်နှင့် ခြေလက်ဖောရောခြင်း 💕
ခြေလက်ဖောရောင်တာကိုလရင့်မှသာ အဖြစ်များပြီး ၃ကြိမ်ရောင်ရင် မွေးခါနီးပြီလို့ ယူဆနိုင်ပါတယ် ။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ခြေဆစ်လက်ဆစ်တွေ နာကျင်လာမယ် ။ လရင့်လာတဲ့အခါ လက်စွပ်မဝတ်ဖို့အကြံပြုပါတယ်။ ကိုယ်ဝန်ဆိပ်တတ်တဲ့အခါမျိုးနဲ့ သွေးတိုးရောဂါအခံရှိတဲ့မေမေလောင်းတွေက သာမန်ထက်ဖောရောင်လာနိုင်ပါတယ် ။ ထိုင်ခုံမှာထိုင်ရင် ခြေထောက်ကို မြင့်မြင့်လေးတင်ထားပေးခြင်းဖြင့် ဖောရောင်တာသက်သာစေပါတယ်။ အရမ်းရောင်လာပြီဆို ဆရာဝန်ပြဖို့တိုက်တွန်းပါတယ်။

💕ကိုယ်ဝန်ဆောင်သည်နှင့် ဝမ်းလျောခြင်း 💕

ကိုယ်ဝန်ဆောင်မေမေလောင်းတို့ ဝမ်းလျောခြင်းကနေ ကိုယ်ဝန်ပျက်တတ်လို့ အထူးဂရုစိုက်သင့်ပါတယ်။ ဝမ်းရပ်ဆေး BioFlorလိုမျိုး ဆေးကို အိမ်မှာမရှိမဖြစ် ဆောင်ထားပေးပါ။ ဝမ်းလျောပြီဆိုတာနဲ့ ဓာတ်ဆားရည် တစ်ထုတ်ကို၁နာရီအတွင်း ကုန်အောင်သောက်ပေးပါ ။ ဝမ်းလျောနေစဉ် စပျစ်သီးမစားပါနှင့်။ အစားအသောက်ဆင်ခြင်ပေးပါ။


အပေါ်မှာပြောထားတဲ့အချက်အားလုံးဟာ အက်မင်အတွေ့အကြုံရ ဝေမျှထားတာဖြစ်ပါတယ် ။ တခုခုဆို မိမိဆရာဝန်ကို ဖုန်းဆက်မေးပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ ဆေးသောက်ပါ။ ဆေးများကိုလဲ မိမိသဘောနဲ့လုံးဝ(လုံးဝ)မသောက်ပါနဲ့နော်။

#cradit May May Advice

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.