စျေး မီဒီယာ

Posted by Ngu Kay August 10, 2020

ကလေးနှင့်နို့ပွေး
ဒေါက်တာ အိအိခင်(ကလေး)

မေး - နို့ပွေး (Infantile Eczema) ဆိုတာဘာလဲ။

ဖြေ - နို့ပွေး သည် ကလေးတွေ၌အဖြစ်များပါသည်။ အရေးပြားခြောက်သူ၌ပို ဖြစ်တတ်ပါသည်။ နို့ပွေးပေါက်သောနေရာသည် အလွန်ယားယံ၏။ ၄င်းနို့ပွေးပေါက်သူသည် နောက်ပိုင်း၌ ပန်းနာရင်ကျပ်နှင့် ဓာတ်မတည့်ရောဂါများ ဖြစ်နိုင်သည်။

မေး - နို့ပွေးရောဂါ ဘယ်လိုဖြစ်လာပါသလဲ။
ဖြေ - နို့ပွေးရောဂါဖြစ်လာသည့်အကြောင်းရင်းကို မသိသေးပါ။ နို့ရေထိသော အရေပြားတွင် နို့နှင့် ဓါတ်မတည့်ခြင်းကြောင့် ယားယံသော အဖုလေးများ ဖြစ်လာခြင်းဖြစ်သည်ဟု ယူဆကြသည်။ နို့ပွေးပေါက်သောကလေး၏ သုံးပုံတစ်ပုံသော မိသားစုတွင် ရင်ကျပ်ရောဂါနှင့် ဓါတ်မတည့်ရောဂါရှိကြောင်း ရာဇ၀င်ရှိနိုင်သည်။ ၄င်းနို့ပွေးရောဂါကို ၅ နှစ်အောက် ကလေးတွေ၌ တွေ့နိုင်သည်။

မေး - နို့ပွေးရောဂါ၏ လက္ခဏာများကို ဖော်ပြပါ။

ဖြေ -
၁။ နို့ပွေးပေါက်သောနေရာသည် အဖုကလေးများရှိနေပြီး ယား၍ ကုတ်လိုက်လျှင် အဖတ်ကလေးများ ထွက်ခြင်း၊ တစ်ခါတစ်ရံ အရည်စိုနေတတ်သည်။

၂။ နို့ပွေးနေရာသည် ထူနေပြီး အက်ကြောင်းပေါ်ကာ အဖတ်ကွာနေတတ်သည်။

၃။ နို့ပွေးသည် မွေးစကလေးငယ်များ၏ ပါးပေါ်တွင်တွေ့ရသော အနီကွက် သဏ္ဍန်ရှိသော အဖုကလေးများဖြစ်သည်။ ၄င်းသည် ပါးမှတစ်ဆင့် မျက်နှာ၊ လည်ပင်းတို့မှတစ်ဆင့် အနှီးထုတ်သည့်နေရာအထိ ဖြစ်နိုင်သည်။ လက်မောင်း၊ ခြေထောက် တို့အထိလည်း ရှိနိုင်သည်။

၄။ ၄င်းအနီအဖုအကွက်ကလေးများသည် လွန်စွာယားယံသောကြောင့် မွေးစကလေးများတွင် ဖြစ်လျှင် ယားလို့မကုတ်တတ်သေးသောကြောင့် ကလေးများယားယံ၍ ပိုခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းတို့ ဖြစ်သည်။ အထူးသဖြင့် ညအချိန်တွင် ရာသီဥတုခြောက်သွေ့က ပိုယားပြီး ငိုတတ်သည်။

၅။ ယား၍ ကုတ်ထားသော အရေပြားတွင် အသားနီလန်နေတတ်သည်။

၆။ နို့ပွေးနေရာတွင် ယား၍ ကုတ်ပါက ပိုယားလာပြီး ကုတ်လို့မဆုံးဖြတ်တတ်သည်။ အသားများပဲ့ထွက်ပြီး ပိုး၀င်ခြင်းတို့ ဖြစ်နိုင်သည်။

၇။ မျက်ခုံးမွေးပေါ် နို့ပွေးပေါက်လျှင်၊ ဆံပင်စပ်၌ နို့ပွေးပေါက်လျှင် မျက်ခုံးမွှေးကျွတ်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်နိုင်သည်။

၈။ နို့ပွေးသည် ကလေးငယ်ဘ၀မှ စဖြစ်ပြီး လူကြီးအထိဖြစ်နိုင်သည်။ ဖြစ်လိုက်ပျောက်လိုက်လည်း နှစ်ပေါင်းများစွာ ဖြစ်နိုင်သည်။

၉ ။ ကလေး ၁ -၂ နှစ်အရွယ်တွင် နို့ပွေးကို ဒကောက်ခွက်၊ ဒူးဆစ်နောက်ချိုင့်၊ လက်ကောက်၀တ်၊ ခြေကျင်း၀တ်နှင့် လည်ပင်းတို့၌ တွေ့နိုင်သည်။

၁၀။ နို့ပွေးပေါက်သော အရေပြားသည် ခြောက်သွေ့နေတတ်၏။ တစ်ခါတစ်ရံ ဘက်တီးရီးယားပိုး၀င်ပါက ၄င်းအနီဖုကလေးများ ပြည်တည်ခြင်း၊ အရည်ထွက် ခြင်းတို့ ဖြစ်နိုင်သည်။ ထိုသို့အရည်ထွက်လျှင် စိုးရိမ်ရပါသည်။

၁၁။ လူကြီးတွေ၌လည်း တွေ့နိုင်သည်။ အထူးသဖြင့် အရေပြားထူတဲ့နေရာမှာ တွေ့တတ်သည်။ မျက်တွင်းချိုင့်တွင် ညိုမဲခြင်း၊ မျက်တွင်းအောက်တွင် ခြောက်သွေ့သော အဖတ်များ ပေါ်ခြင်း၊ မျက်ခွံပေါ်တွင် အနီဖုဖြစ်ခြင်း၊ နားနောက်တွင် ခြောက်သွေ့ကွဲအက်ခြင်း (နားကွဲနာ)ဖြစ်ခြင်း၊ သိုးမွှေး စသည့်အ၀တ်အထည်၀တ်လျှင် ယားယံခြင်းတို့ ဖြစ်တတ်သည်။

မေး - နို့ပွေးရောဂါ ဘယ်အချိန်ပိုဆိုးလာပါသလဲ။

ဖြေ - နို့ပွေးရောဂါ ဘယ်အချိန်ပိုဆိုးလာသလဲဆိုရင်
- နို့ပွေးဖြစ်သောနေရာ အရေပြားတွင် ဘက်တီးရီးယားပိုး၀င်လျှင်
- ရေနွေးပူနှင့် အချိန်ကြာမြင့်စွာရေချိုးလျှင်
- အရေပြားခြောက်သွေ့လျှင်
- စိတ်ပင်ပန်းမှုများလျှင်
- ချွေးထွက်များလျှင်
- အပူချိန် အပြောင်းအလဲမြန်လျှင်
- ပတ်၀န်းကျင်စိုထိုင်းမှု လျော့နည်းနေလျှင်
- နို့ပွေးပေါက်သူနှင့် မတည့်သော ဆပ်ပြာရည်၊ ပိုးသန့်ဆေးရည်တို့နှင့် ထိတွေ့လျှင်
- သိုးမွေး၊ နိုင်လွန် အ၀တ်အထည်တို့နှင့် ထိတွေ့လျှင်
- ဖုန်မှုန့်၊ သဲမှုန့်တို့နှင့် ထိတွေ့လျှင်
- စီးကရက်ငွေ့နှင့် ထိတွေ့လျှင်
- နို့ပွေးပေါက်သူနှင့် မတည့်သော ကြက်ဥ၊ နို့၊ ငါး၊ ပဲနို့၊ ဂျုံတို့နှင့် ထိတွေ့လျှင် နို့ပွေးရောဂါ ပိုဆိုးလာနိုင်သည်။

မေး - ဘယ်အချိန်မှာ နို့ပွေး ပိုဖြစ်တတ်ပါသလဲ။

ဖြေ - နို့ပွေးကို အသက် ၅ နှစ်အောက် ကလေးများ၌ အတွေ့များသည်။ အသက် ၂ လမှ ၆ လအရွယ်တွင် အများဆုံးဖြစ်သည်။ နို့ပွေးဖြစ်သော ကလေးငယ်တစ်ချို့သည် လူကြီးဖြစ်သည်အထိ နှင်းခူ ( Eczema ) မျိုးဖြစ်တတ်သည်။ ထိုကဲ့သို့ နို့ပွေးပေါက်သော ကလေးများသည် ကြီးလာလျှင် ပန်းနာရင်ကျပ်ရောဂါ၊ ဓါတ်မတည့်သောရောဂါတို့ ဖြစ်နိုင်ချေရှိသည်။ ၄င်းကလေးများ၏ မိဘနှစ်ယောက်လုံးသော်လည်းကောင်း၊ တစ်ယောက်၌သော်လည်းကောင်း မျိုးရိုးဗီဇအရ နို့ပွေးပေါက်ခြင်း၊ ဓာတ်မတည့်ခြင်းတို့ ရှိနိုင်သည်။

မေး - နို့ပွေးရောဂါသည် ဘယ်လိုကလေး၌ အဖြစ်များပါသလဲ။

ဖြေ - နို့ပွေးရောဂါသည် ၄င်းကလေး မိဘနှစ်ယောက်လုံး၊ သို့မဟုတ် တစ်ယောက်၊ သို့မဟုတ် ၄င်း၏ ညီအစ်ကိုမောင်နှမများတွင် တစ်ယောက်မဟုတ် တစ်ယောက်၌ ဓါတ်မတည့်ခြင်းဖြစ်နိုင်သော မျိုးရိုးဗီဇ (Atopic Disease) ပါနေသော ကြောင့် ဖြစ်သည်။

မေး - နို့ပွေးရောဂါကို ဘယ်လိုသိနိုင်ပါသလဲ။

ဖြေ - နို့ပွေးရောဂါဟု အမည်တတ်နိုင်ဖို့ရာ အရေပြားပေါ်တွင် ဖြစ်ပေါ်နေသော အနာ၏ ပုံသဏ္ဍန်၊ ရောဂါဖြစ်နေသောနေရာနှင့် ရောဂါလက္ခဏာတို့ကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

မေး - နို့ပွေးဖြစ်နေသော ကလေးကို ဘယ်အချိန် ဆရာ၀န်ဆီ ခေါ်သွားသင့်ပါသလဲ။

ဖြေ - နို့ပွေးပေါက်နေသောကလေးကို ဘယ်အချိန် ဆရာ၀န်ဆီ ခေါ်သွားရမလဲဆိုရင်
- နို့ပွေးပေါက်သည့်ကလေး အလွန်တရာယားယံပြီး နေမထိ ထိုင်မသာဖြစ်နေလျှင်
- မအိပ်နိုင်အောင်ယားယံခြင်း၊ အိပ်ရေးပျက်ခြင်း
- ယားယံမှုကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာများ မလုပ်နိုင်အောင် အနှောင့်အယှက် ဖြစ်နေခြင်း
- အရေပြားယားယံ၍ ကုတ်ရာမှ ဘက်တီးရီးယားပိုး၀င်ခြင်း ဖြစ်လျှင်
- အရေပြားယားယံရုံမက နာကျင်သည်အထိ ဖြစ်လာလျှင်
- နို့ပွေးကို ပုံမှန်ကုထုံးဖြင့် ကုသ၍ မရသည့်အခါတွင်လည်းကောင်း ၄င်းနို့ပွေးပေါက်နေသော ကလေးငယ်ကို ဆရာ၀န်ထံ ခေါ်သွားရမှာ ဖြစ်ပါတယ်။

မေး - နို့ပွေးဖြစ်သောကလေးကို ဘယ်လိုကုရမလဲ။

ဖြေ - နို့ပွေးရောဂါကို ဘယ်လိုကုရမလဲဆိုရင် နို့ပွေးဖြစ်စေနိုင်သော အရာ ဥပမာ နို့ရည်ကို အရေပြားနှင့် မထိအောင် လုပ်ရမည်။ သို့မဟုတ် နို့ရည်ထိသော အရေပြားကို မြန်မြန်ဆေးကြောသုတ်သင်ရမည်။
- အရေပြားကို အဆီရည်တစ်ခုခု Babi Mild Oil or Lotion နှင့် သုတ်လိမ်းထားခြင်းဖြင့် ယားယံခြင်း သက်သာစေနိုင်ပါသည်။
- အရေပြားကို ဆေးကြောရာ၌ ဆပ်ပြာအစား ပျော့သော အရေပြား သန့်စင်ဆေး Babi Mild Ultramild Bath သုံးသင့်သည်။
- အထက်ပါနည်းနှင့် မပျောက်က စတီးရွိုက်လိမ်းဆေးလိမ်းရမည်။ သို့သော် ဆရာ၀န်နှင့် တိုင်ပင်ပြီးမှ လိမ်းသင့်သည်။ ကိုယ့်သဘောနှင့်ကို မသုံးရ။ အန္တရာယ်ရှိသည်။ ကလေးတွေ၌ စတီးရွိုက်မသုံးသင့်ပါ။
- အလွန်ဆိုးသော နို့ပွေး၊ တစ်ကိုယ်လုံးမှာ ပြန့်နေလျှင် အရေပြား အထူးကုဆရာ၀န်နှင့် ကုသမှု ခံယူရမည်။
- ဘက်တီးရီးယားပိုး၀င်နေလျှင် ပိုးသတ်ဆေးပါသောက်ရမည်။
- ယားယံမှုသက်သာရန် ဘာမီတွန်ကဲ့သို့သော Antihistamine ဆေးပါ တွဲသောက်သင့်သည်။
နို့ပွေးရောဂါကို ပေါ့ပေါ့တန်တန်မကုရပါ။ ဆရာ၀န်၏ ညွှန်ကြားချက်နှင့်သာ ကုသင့်သည်။

မေး - နို့ပွေးရောဂါဖြစ်သောကလေး ဘာရှောင်ရမလဲ။

ဖြေ - နို့ပွေးရောဂါဖြစ်သောကလေး ရှောင်ရမည့်အချက်များမှာ
- ၄င်း၏ အင်္ကျီအ၀တ်အစားလျှော်ဖွတ်လျှင် ရေမွှေးနံ့မပါသော ဆပ်ပြာမှုန့်နှင့် လျှော်ရမည်။
- ကလေးကို ရေချိုးပေးလျှင် အမွှေးနံ့မပါသော ဆပ်ပြာတုံး၊ ဆပ်ပြာရည် Babi Mild Soap/ Ultramild Bath ကို သုံးရမည်။
- ကလေး၏ အရေပြားမခြောက်သွေ့အောင် အဆီတစ်မျိုး Babi Mild Oil or Vit E Lotion လိမ်းပေးရမည်။
- ကလေးကို ချည်အင်္ကျီ၊ အေးသော အင်္ကျီကိုသာ ပေး၀တ်သင့်သည်။ သိုးမွှေးအင်္ကျီ၊ နိုင်လွန်အင်္ကျီတို့ မ၀တ်ပေးသင့်ပါ။ ၄င်းအ၀တ်အစားများသည် ကလေးကို ချွေးထွက်များစေပြီး အရေပြားကို ယားယံစေသည်။
- စိတ်ပင်ပန်းမှုနှင့် ကလေးနေသော အခန်း ပူလောင်ခြင်းမရှိအောင် သတိထားရမည်။ ရာသီဥတုပူပြီး ချွေးထွက်လျှင် နေထိုင်ရခက်ပြီး ယားယံတတ်၏။
- မိဘများ၌ ဓာတ်မတည့်သည့်ရောဂါရှိလျှင် ကိုယ်၀န်ဆောင်စဉ်မှာကတည်းက မြေပဲကို ရှောင်သင့်သည်။ သို့မှသာ ကလေး၌ နို့ပွေးရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်မည်။

မေး - နို့ပွေးဖြစ်သော ကလေးမိဘများကို ပေးရမည့် အကြံဥာဏ်ကောင်းများ ပြောပြပါ။

ဖြေ - မိဘများ၌ ဓါတ်မတည့်သော ရောဂါရှိလျှင် ကိုယ်၀န်မဆောင်မီကတည်းက ဆရာ၀န်နှင့် သေချာဆွေးနွေးပြီး ကိုယ်၀န်ဆောင်စဉ် ရှောင်ရမည့်အစာများကို မေးထားသင့်သည်။ ဥပမာ မြေပဲ။ သို့မှသာ ကလေးငယ်၌ ဓါတ်မတည့်ခြင်း နည်းမည်။
- ကလေးမွေးဖွားပြီးကာလတွင် ချည်ထည်သာ ၀တ်ပေးရမည်။ သိုးမွှေး၊ နိုင်လွန် အ၀တ်အစားများ မ၀တ်ရပါ။ ၄င်းအ၀တ်စတို့သည် ချွေးထွက်များ၍ အရေပြားကို ပူလောင် ယားယံစေသည်။
- ကလေး အ၀တ်လျှော်လျှင် အမွှေးနံ့သာမပါသော ဆပ်ပြာကို သုံးရန် ပြောရမည်။
- သုံးရေသည် ရေစေးဖြစ်လျှင် အိမ်သုံးရှာလကာရည် အနည်းငယ်ထည့်၍ သုံးပါ။
- ကလေးကို အရေပြားမခြောက်သွေ့ရန် Babi Mild Oil များများ လိမ်းပေးရမည်။ နွေကာလတွင် အရည်ကျဲသော Babi Mild Milk Lotion သုံးပြီး ဆောင်းကာလတွင် ပျစ်သော Babi Mild Vit E Lotion လိမ်းရမည်။
- သန့်စင်ဆေးရည်ကို ဆပ်ပြာမပါတာသုံးပါ။ ရေမှဆင့် ထုတ်ထားသော ဆေးရည် သုံးပါ။
- နို့ပွေးနေရာ အရည်ထွက်လျှင်၊ ပြည်တည်လျှင် ဆရာ၀န်နှင့် တိုင်ပင်ပါ။ ဘက်တီးရီးယားပိုး၀င်၍ ပိုးသတ်ဆေးတိုက်ရန် လိုအပ်သောကြောင့် မိမိအထက်မှ ဆရာ၀န်နှင့် တိုင်ပင်ပါ။
- ကလေး၌ အင်ပြင်ကဲ့သို့ အပိန့်ထွက်လျှင် အမြန်ဆုံး ကုသမှုခံယူရမည်။ ကလေးနှင့် မတည့်သော အစာနှင့်ဆေး၊ အ၀တ်အထည်တို့ကို ဖယ်ရှားရမည်။ မိမိကြိုသိထားသော မတည့်သည့်ပစ္စည်းကို ဖယ်ရှားရမည်။
- ဓာတ်မတည့်ခြင်းရှိသည်ဟု ထင်ရသည့် အရာအားလုံးကို ဖယ်ရှားရမည်။
- စိတ်အနှောင့်အယှက်ဖြစ်ခြင်းလည်း ပါ၀င်ရာ စိတ်ချမ်းသာအောင် ထားပေးလျှင်လည်း နို့ပွေးဖြစ်နိုင်ချေနည်းပါသည်။

ကလေးငယ်များ နို့ပွေးရောဂါ ကင်းဝေးနိုင်ကြပါစေ။

ဒေါက်တာ အိအိခင် (ကလေး)
Babi Mild မှ တင်ဆက်သည်။

Credit: Baby Mild

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.