Kyarlay.com

over 1 year

နို့တိုက်မိခင်များတွင် ဖြစ်ပေါ်တတ်သည့် နို့ယောင်ခြင်းနဲ့ ပြည်တည်ခြင်း


Bs3p9ifxfzbpt1brhdxq

နို့ယောင်ခြင်းနဲ့ ပြည်တည်ခြင်းတွေနဲ့ပတ်သက်လို့ သတိပြုသင့်တာလေးတွေကို ဖော်ပြပေးမယ်နော်။ နို့ယောင်တဲ့မေမေတွေအနေနဲ့ ...
- နို့ရဲ့တစ်နေရာယောင်နေပြီး အလွန်နာကျင်ခြင်း၊
- မိခင်ဖျားလာပြီး အားလျော့၊ အားနည်းသလို ခံစားရခြင်း တွေကို ခံစားရတတ်ပါတယ်။
တကယ်လို့ နို့ယောင်တာကိုလစ်လျူရှုထားမယ်ဆိုရင်တော့ နို့ပြည်တည်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ပြည်တည်နေတဲ့နို့ကတော့ ...
- နို့အရမ်းနာကျင်ပြီး ယောင်ခြင်း
- နို့ကိုကိုင်ကြည့်ပါက ပူနေခြင်း
- ကိုင်ကြည့်ပါက ပြည်ရည်ရှိနေကြောင်းကို သိသာစေနိုင်ပါတယ်နော်။ အဲ့ဒီလိုတွေမဖြစ်ဖို့ဆိုရင်တော့ မေမေတို့အနေနဲ့ ရင်သွေးငယ်ကို မိခင်နို့စောနိုင်သမျှစောစောတိုက်ပေးဖို့နဲ့ မကြာခဏတိုက်ပေးဖို့ လိုပါတယ်။ နို့ကြောင်းပိတ်ာကို သိသိခြင်းမှာပဲ ကုသမှုခံယူဖို့လည်း လိုပါတယ်နော်။

မေမေတို့အနေနဲ့ နို့ယောင်တာကို ကုသချင်တယ်ဆိုရင်တော့ ..
- အနားယူခြင်း၊ ရေများများသောက်ခြင်း
- နို့နာပေါက်သည့်ဘက်မှ ကလေးကို တစ်နာရီ (သို့မဟုတ်) နှစ်နာရီခြားတစ်ကြိမ် နို့စို့စေခြင်း
- နို့မစို့မီ နို့နာဖြစ်သည့်ဘက်၌ ရေနွေးဝတ်ဖြင့် ချေပေးခြင်း
- အနာသက်သာဆေး၊ သင့်တော်တဲ့ ပဋိဇီဝဆေးများကို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲသင့်ပါတယ်။
(သတိပြုဖို့ကတော့ နို့နာပေါက်ပေမယ့် အဲ့ဒီနို့ကထွက်တဲ့ နို့ရည်ဟာ ကလေးသောက်စို့ဖို့အတွက် သင့်တော်ပါတယ်)

နို့ပြည်တည်နာကုသဖို့ဆိုရင်တော့ ..
- အများအားဖြင့် ခွဲစိတ်ပြီး ပြည်ထုတ်ပစ်ရတတ်ပါတယ်။
- ပြည်တည်နာဖြစ်နေတဲ့ မိခင် ဆေးရုံတက်ရမယ်ဆိုရင် ကလေးနဲ့အတူတက်စေတာက အကောင်းဆုံးပါပဲနော်။ မိခင်ကိုခွဲစိတ်ပြီး (၁) ရက်ကနေ (၂) ရက်အတွင်း ခွဲစိတ်ထားတဲ့နို့ကို ပြန်လည်တိုက်ပေးဖို့လိုပါတယ်။ နို့ထွက်ပြန်လည်ကောင်းမွန်ဖို့ကိုလည်း ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်နော်။
မေမေတို့၊ သားသားမီးမီးတို့သာမက မိသားစုတိုင်းအားလုံးက ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘ၀လေး ဖြစ်နိုင်ကြပါစေနော်။
Ref; မေ့ရင်သွေးမဂ္ဂဇင်း