မိဘတို့ သတိပြုသင့်သည့်အချက်များ
2️⃣ အလိုလိုက်လွန်းခြင်း
✍️နွယ်နီကံဝင်း
###
ဒီအချက်ကတော့ အချစ်လွန်ပြီး အလိုလိုက်လွန်မိတဲ့ မိဘတေွကြောင့် သားသမီးတေွ ခံစားရတဲ့ နောက်ဆက်တွဲ ခံစားချက်တေွမို့ ကျွန်မ နာနာဖတ်ရပါလိမ့်မယ်။
ကလေးတစ်ယောက်ရဲ့( independent )အမှီအခိုကင်းတဲ့အရည်အချင်း နဲ့ အထိန်းအကွပ်မရှိ မိဘရဲ့ခွင့်ပြုချက်အလို သူ့သဘောသူဆောင်ခြင်းကိုတော့ ရောထေွးမသွားဖို့လိုပါတယ်။
ကလေးကို မျက်နှာအငြိုးမခံဘဲ နှစ်ကာလရှည်စွာ မရတာမရှိ ဒါဆိုဒါ အလိုလိုက်အကြိုက်ဆောင်မိတဲ့အခါ
1️⃣ အရွယ်ရောက်တဲ့အခါလည်း သူလုပ်ချင်တာ သူဦးစားပေးလုပ်တတ်ပါတယ်။ ယေဘုယျအားဖြင့် ဒီလိုကလေးတေွက စိတ်မရှည်တတ် သည်းမခံတတ်ကြပါဘူး။
2️⃣ ပြသနာတစ်ခုဖြစ်လာရင် သူဖြစ်ချင်တိုင်းမဖြစ်တတ်အခါ ရန်လိုတတ်၊ ကြမ်းတမ်းစွာ ဖြေရှင်းတတ်ကြပါတယ်။
3️⃣ မိသားစုနဲ့မှာ အလိုလိုက်ခံရပြီး အပြင်လောကမှာ သူကြုံခဲ့ရသလိုမဟုတ်တဲ့အခါ သူ့အတွက်ဒါကို လက်ခံနိုင်ဖို့ သိပ်ခက်ခဲပါတယ်။
ဒါကြောင့် ချစ်တာနဲ့ အထိန်းအကွပ်မရှိ အလိုလိုက်လွန်တာကိုလည်း ကျွန်မတို့ မိဘတေွ ကွဲပြားစွာနားလည်ရမယ်။ သတိထားရမယ်လို့ ထင်ပါတယ်။
မှန်ကန်စွာ၊ အသိပညာနဲ့ယှဉ် ပျိုးထောင်နိုင်ကာမှ ကျွန်မတို့ လိုချင်တဲ့ သာယာတဲ့ မိသားစုဘဝကို ရမယ်လေ။
ဒီအချက်ကိုလည်း သတိထားမှရမယ်။
ချစ်တဲ့
မနွယ်နီ