မဂ်လာပါရှင့် 😍😍😍
ဒီနေ့ Sharing လုပ်ပေးချင်တာလေးက အိမ်က မွှေ့ယာလေးကို ခုထိ ဘယ်လို မပျက်စီး အစွန်းထင်းမရှိ အသစ်တိုင်း လေး ဖွေးနေအောင် Shiled လေးတွေ ဘယ်လို လုပ်ထားသလဲ ဆိုတာလေးပါ 🤔
နည်းလေး ကတော့ လွယ်ပါတယ် 😜
👉 Clover လေးကို မမွေးခင်တုန်းကတော့ သေးစိုခံ အခင်း မျှောကြိုးနဲ့ စွပ်ပါတယ်ရှင် 💁
👉နောက်ပိုင်းကျ အိပ်ယာခင်းလို လုံးစွပ်လေး နဲ့ စွပ်ပါတယ်ရှင်
😍 ကဲ အားသားချက် အားနည်းချက်လေး ကရော 😍
ဒါလေးက ကိုယ့်အမြင်ပေါ့နော်...
ပထမ ဆုံးပြောတဲ့ သေးစိုခံအခင်း မျှောကြိုးလေး နဲ့ကျ
📜 အားသာချက်📜
- သူ က အိပ်ယာခင်းလို အပါးသား မဟုတ်တဲ့ အတွက် မွေ့ယာခင်းလို type သွားထားတာမို့ နဲနဲ အိအိလေး ဖြစ်ပါတယ် ။
-ကလေး အပေါ်က ရှုးပေါက်ချတောင် အကြာကြီးစိုမနေပါဘူး ။ အပေါ်မှာ အိုင်မနေတာပါ ။ အခြောက်မြန်ပါတယ် ။
📜အားနည်းချက် 📜
- ဘေးက ချုပ်ထားတဲ့ မျှော်ကြိုး က ပြတ်လွယ်တယ် ။ နဲနဲ Adjust လုပ်ရတယ် ။ တခါတလေ အပေါ်များသွားလို့ အောက်ဘက်လွတ်တာမျိုးတို့ ဖြစ်တက်တယ် ။
- သူက အခင်း ဖြစ်တာမို့ ပုံတွေ ပြထားသလို ဘေးထိ မလုံနိူင်ပါဘူး ။ အိပ်ယာခင်း အပါးသမားတွက် အဆင်ပြေပေမယ့် ။ ၁၀ ၊ ၁၂ ၊ ၁၃ စတဲ့ အထူသမားတွေကျ အတောိအဆင်မပြေပါဘူး ။ ဘေးဘက်မလုံတာမို့ မရှိရင်တောငိ အကုန် အလယ်ကို ဝိုက်ပီးစုနေတာမို့ ဘေးဘက်က လက်တပြားစာထက် မက လွတ်တယ် ။ (ကလေးက ဘေးနား သေးပေါက်ချရင် သွားကုန်ရော.အဲ့တုန်းက ဆိုအလယ်မှာပဲ သိပ်ဖြစ်တယ်)
- အပေါ်မျက်နှာပြင်လွှာ နဲ့ အောက်မိုးကာသား ကြားက ဂွမ်းသားညှက်ချူပ်ထားတာမို့ မိုးကာသားက ပြဲ လွယ်ပါတယ် ။ (အိပ်ယာ အတက်အဆင်း ဘာညာ ၊ အထအပြု ၊ ကလေး ကစားတာ ခုန်တာနဲ့ကျ ပိုလွယ်တာ)
ဒုတိယ တခုက အိပ်ယာခင်းလို လုံးစွပ်လေး
📜အားသာချက် 📜
- သူကျ ပထမ တခုလို လုံးဝ မဟုတ်ဘူး ။ သူကျ တွဲရက်ကပ်ချုပ်ထားတဲ့ ပုံစံမျိူးပါ ။ ဘေးပတ်ပတ်လည် ရှုံ့ကြိုးလေးတွေ ပါတယ် ရယ် ။ ၁၂ လက်မကျော်ကျာ် ထုတောင် ဖုံးတာရယ်က မတရားအကြိုက်ဆုံး အချက်ပါ 😁😁😁 ။ ၁၃ ထု လောက်တော့ အသာလေးရယ် (အိပ်ယာခင်း ဝယ်တိုင်း ဘေးမလုံတဲ့အတွက် ဘေးတွေ အကုန်မဲပါတယ် ရှမ်🤣)
- အကုန် အပြည့်လုံတဲ့အတွက် ရေတွေ မှောက်ကျစမ်း ၊ သေးပေါက်ပစ်စမ်းပဲ ဟ ဟ. ပထမ ဟာလို ဘေးလဲ လက်တပြားလောက်နီးနီးကို မလွတ်ပဲ ဖြစ်တဲ့အတွက် ကလေးလဲ ဘေးမှာ စိတ်ချ လက်ချ သိပ်လို့ရတယ် ။
- သူက ပြဲမလွယ်ပါဘူး. မွေ့ယာခင်းလုံးစွပ်လို ဖြစ်တော့ Flexible ဖြစ်တယ် ။ ပထမဟာလို လေးဖက်လေးတန်က မျောကြိုးလေးချောင်း နဲ့ ဆွဲထားတာ မဟုတ်တဲ့ အတွက် အလယ်မှာ တင်းရင်းမနေလို့လဲ ခလေးခုန်ပေါက် ဘာညာ ပြဲ မလွယ်တာပါ ။ ကပ်ကပ်လျက်လျက်လေး နဲ့ပဲ ။
- အရမ်းစိတ်ချမ်းသာရပါတယ် ဟိ
📜အားနည်းချက် 📜
- အိပ်ယာခင်းလို ပတ်ပတ်လည် တပ်ရလို့ မောတယ်🤣🤣🤣
- တွဲချုပ်ထားတာမို့ မအိပါဘူး ၊ မွေ့ယာခင်းစွပ်လိုပါပဲ ၊ 😁
- ရှူး ၊ ရေကျရင်တော့ ဟိုတခုလိုတော့ အရင်မစုပ်သွားပဲ ၊ အရင် အိုင်အိုင်လေး ဖြစ်ပါတယ် ၊ တစ်သျူး နဲ့ဖစ်ဖစ် အပေါ်က ရေတွေ စုပ်လိုက်ရင်တော့ပို အခြောက်မြန်တယ် ။
💞💞💞💞💞💞💞
* အဝတ်လျော်စက် နဲ့ မလျော်ပါနဲ့ နော် ။ ကျိန်းသေတယ် တစစီ ဖြစ်သွားမှာမို့ပါ ဟိ😁
* ဝယ် တာ က M2Y ကပါ ။ အဲ့ဆိုင်လေးက အမက ပုံမှန်ကို စျေးလဲမှန်တယ် ။ မကြာခန ပစ္စည်း လေးတွေ စျေးသက်သက်သာသာ နဲ့ ထုတ်ရောင်းတက်တာမို့ မေမေတွေ follow လုပ်သင့်တဲ့ page လေး ။ (ပုံလေးတော့ ယူသုံးထားတယ်နော် မရေ)
https://www.facebook.com/M2Y-1685034595118269/
* နောက်တခုကတော့ မ try ရသေးဘူး ။ သူ့ကို တရုတ် Web မှာ ခနခနတွေ့တာနဲ့ စိတ်ဝင်စားလို့ လိုက်ရှာတာ ခု Page တခုမှာ တွေ့လို့ လောလောဆယ်တော့ အဲ့တာလေးကို try ချင်တဲ့ မေမေတွေ ရှိရင် try လို့ရအောင် Link လေး အရင်ချပေးထားမယ်နော် (သူ့မှာတင်ထားတဲ့ ပုံလေးက ပန်းရောင်လေးနဲ့ ပုံပါ)
Amara 64 Fashion House
https://m.facebook.com/story.php?story_fbid=599267707638573&id=329830861248927
* Fully Recommend ပေးတာကတော့ အခင်းမျော့ကြိုးတွေ
ထက် မွေ့ယာခင်းလို အလုံပိတ်လေးကိုပါ ။
* စျေးလေးက ရိုးရိုးအိပ်ယာခင်းထက်ကို တန်တယိ ။ရိုးရိုး အောက်က သေးခင်းမပါတောင် ၃ သောင်းလောက်ကျတာ ဒါလေးက ၁၅၅၀၀ - ၁၇၀၀၀ ဝန်းကျင်မို့ သုံးပျော်တယ် ၊ မွေ့ယာ အခြောက်လျော်ရင်တောင် ၅သောင်းဝန်းကျင် သွားတာမို့ ဒီနည်းလေး နဲ့ကာကွယ်နော် ။
* ချယ်ရီ က ၂ထပ်ခင်းတယ် ။ အောက်က အဲ့ သေးခင်းမွေ့ယာစွပ် ၊ အပေါ်က မွေ့ယာခင်း မလုံ့တလုံ 🤣🤣🤣
* ဒါလေး က ကလေးရှိတဲ့ မေမေတင်မဟုတ်ဘူး ၊ မွေ့ယာကို ဝယ်စကလို မစွန်းမထင်း မပျက်စီးစေချင်တဲ့ သူတိုင်း သုံးလို့ရတယ် 😍😍😍
💞💞💞💞💞💞💞💞
Little Clover က Review လေးတွေ အသုံးဝင်မယ် လို့ မျှော်လင့်ပါတယ်ရှင် 😍
Like & Follow လုပ်ပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ 💙 နောက်လဲ အကျိုးရှိတာလေးတွေ Sharing ထပ်လုပ်ပေးသွားပါမယ်ရှင့် 💁
ရေးထားတဲ့ Review လေးတွေ သဘောကျ ကြိုက်နှစ်သက်ရင် Crd အစား Sharing လေး လုပ်ပေးကြပါနော် 😍
Luv u 😘😘😘