စျေး မီဒီယာ

Posted by Nilar Linn August 6, 2020

ကိုယ်ဝန်ဆောင်ဘဝ အစားရှောင်ခြင်းနှင့် အမှားများ

မြန်မာကျေးလက်တွေမှာ ယနေ့ အ ချိန်အထိ သားဖွားဆရာမနဲ့ စနစ်တကျ က လေးမွေးဖွားမှု မရှိတတ်သေးသလို အရပ်လက်သည်တို့နဲ့ မပြည့်မစုံ မွေးဖွား ခဲ့ ကြရာ ကံကြီးလွန်းလို့သာ အသက် ရှင် ရပ်တည် နေထိုင်နိုင်ခဲ့ကြတယ်။ အရပ် လက်သည်တို့က သိပ္ပံနည်းပညာနဲ့ ကျန်း မာရေးကောင်းမွန်စွာ မွေးဖွားခြင်းပညာ မတတ်ကျွမ်းကြပါဘူး။

ပထမဆုံး ကြုံတွေ့ရနိုင်တာက မိခင် အစားရှောင်ခိုင်းခြင်းပဲ ဖြစ်တယ်။ ကိုယ် ဝန်ဆောင် မိခင်လောင်းနဲ့ မီးနေသည် တို့ကို ထမင်းဆီဆမ်းကာ ငါးခြောက် ကို သာ ကျွေးစေခြင်း၊ အချင်းကပ်မှာ စိုးရိမ် လို့ ကောက်ညှင်းရှောင်စေခြင်း၊ ကလေးထွား မှာ စိုးလို့ ငှက်ပျောသီး ရှောင်စေခြင်း စတဲ့ ဓလေ့တို့ဟာ လုံးဝ အကျိုးမပြုရုံသာမက အာဟာရ ချို့တဲ့စေပါတယ်။

ကျေးရွာတွေမှာ ကလေးမွေးတဲ့အခါ ကလေး အချင်းကို ဓားနဲ့ ဖြတ်ကာ နနွင်း သိပ်ထည့်ပေးတတ်တယ်။ ကလေးအချင်း ကို ဓားနဲ့ဖြတ်ပြီး နနွင်းထည့်တဲ့ လုပ်ငန်း စဉ်မှာ မေးခိုင်ပိုးတွေ ဝင်လာတတ်ပါ တယ်။ ကလေးအချင်းကို ဓား၊ ကတ်ကြေး၊ မုတ်ဆိတ်ရိတ်ဓား စတာတွေနဲ့ ဖြတ်နိုင် တယ်။ မေးခိုင်ပိုး မဝင်စေဖို့ ပိုးသတ်ထား တဲ့ ၊ ရေနွေးဆူအောင်ပြုတ်ထားတဲ့ ဓား မျိုး ဖြစ်သင့်ပါတယ်။

နောက်တစ်ခုအမှားမှာ ကလေးမွေး ပြီးရင် ရုတ်တရက် ချောင်သွားတဲ့ ဝမ်းဗိုက် ကို အဝတ်နဲ့ တင်းကျပ်စွာ စည်းထားတတ် ပါတယ်။ အနောက်တိုင်း ဆန်သူတွေက ကော့ဆက်ခေါ်တဲ့ ဗိုက်စည်း ဝတ်ဆင်ကြ တယ်။ ကောင်းတဲ့ ဓလေ့ဖြစ်တယ်။ ဗိုက် စည်းပေးမယ့် အဝတ်ဟာ သန့်ရှင်းရမယ်။ အသက်ရှူရခက်အောင်တော့ မဖြစ်သင့် ပါ ဘူး။

ရေမိုးမချိုးဘဲ နံစော်နေတဲ့ ဗိုက်စည်း အဝတ်မျိုးနဲ့ နေထိုင်ခြင်းကို လုံးဝ အား မ ပေးသင့်ပါဘူး။ ဗိုက်ကို အဝတ်နဲ့ စည်းထား ခြင်းထက် ပိုကောင်းတဲ့ ဓလေ့က ဝမ်းဗိုက် ကြွက်သား များကို သန်စွမ်းရအောင် လေ့ ကျင့်ခန်းပြုလုပ်ပေးခြင်း ဖြစ်တယ်။ ဝမ်း ဗိုက် ကြွက်သား အားကောင်းခြင်းက ဗိုက် ပူခြင်း၊ ရွှဲခြင်း ဝေးစေနိုင်တယ်။ ကလေး ၄-၆ လသား ရောက်ရင် မိခင်များ ယခင် ကျန်းမာရေး လေ့ကျင့်ခန်းများကို လိုက် စားသင့်ပါတယ်။

နောက်အမှားတစ်ခုက ကလေးကို တွန်းချခြင်း ဖြစ်တယ်။ ကလေးမွေးတဲ့အခါ ဗိုက်မှ ကလေးကို အတင်းတွန်းချကာ လက်နဲ့ နှိပ်ချတာတို့ ရှောင်သင့်တယ်။ အောက်မှ သားအိမ်လမ်းကြောင်း မပွင့်ဘဲ အထက်မှ တွန်းချခြင်းကြောင့် သားအိမ် ကျွံသွားနိုင်တယ်။ အချင်းကပ် ကျန်နေ တတ်တယ်။ ကိုယ်ဝန်ရှိစဉ် အလေးအပင် မ ,မ သင့်ဘူး။

ခြင်ထောင်ထူထူထဲ အောင်းခြင်း ဟာ လေကောင်းလေးသန့် မရအောင် ဖန်တီး ထားသလို ဖြစ်ကာ မလိုလားအပ်တဲ့ ဆိုး ကျိုး ရတတ်တယ်။ တော်ရုံအညှော်က အ ရေးမကြီးပေမဲ့ ငရုတ်သီးလှော်၊ ဆီသတ် ဟင်းတို့က အသက်ရှူကျပ်စေလို့ ရှောင် ကြဉ်သင့်ပါတယ်။

မီးနေသည်ဘေးမှာ မီးဖိုပေးထားတာ ဟာ ဆောင်းရာသီကာလ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့တွေမှာ ကောင်းပါတယ်။ အနွေးဓာတ် ရရှိစေပါ တယ်။ ပူအိုက်တဲ့ရာသီမှာ မလိုအပ်ပါဘူး။ အချို့ မီးဖိုထားတဲ့ အပြင် ဗိုက်ကို အုတ်ခဲ ပူပူနဲ့ ကျပ်ထုပ်ထိုးတတ်ပါတယ်။ အသား ကင်သလို ကျက်အောင် လုပ်သလို ဖြစ်နေ လို့ အဓိပ္ပာယ် မရှိလှပါဘူး။ အချို့ ဗိုက်ချပ် စေ လို့ အုတ်ပူထိုးတယ် ဆိုတယ်။ အနေရ ခက် လှလို့ ရှောင်သင့်ပါတယ်။

အဖျားမရှိရင် ရေချိုးနိုင်ပါတယ်။ ရေ ချိုးတာ ခန္ဓာကိုယ် လန်းဆန်းစေသလို အ ညစ်အကြေး နဲ့ ကြေးညှော်ကင်းစေပါတယ်။ အေးတဲ့ရာသီ၊ မိုးရာသီ တွေမှာ ရေနွေးနဲ့ စပ်ပြီး ရေချိုးနိုင်ပါတယ်။ သန့်ရှင်းမှုက အဓိက လိုအပ်ပါတယ်။

မီးနေသည်တွေကို ချွေးအောင်းစေ တယ်။ အချို့ရွာတွေမှာ သက်ရင်းကြီးရွက်၊ နနွင်းတို့ကိုပြုတ်ကာ ပြုတ်အိုးကို အောက် ကခံ၊ မီးနေသည်က အထက်ကထိုင်ပြီး အငွေ့ ခံနိုင်သလောက်ခံတတ်ကြတယ်။ မီးနေသည်အပေါ်က ဝါးခြမ်းကြီးကို အုပ်၊ အပေါ်မှ အိမ်ရှိ စောင်များပတ်ကာ မီးနေ သည် ချွေးတဒီးဒီးကျလာအောင် ဝင် အောင်းတတ်တယ်။ အလုပ်တာဝန်များပြီး မီးနေသည်အဖို့ အလွန်ပင်ပန်းတဲ့ အကျင့် ဖြစ်တယ်။ ဘယ်လိုအကျိုးမှမရဘဲ မီးနေ သည် ချွေးထွက်လွန်ကာ ဓာတ်ဆားများ လျော့ကျသွားလို့ နုံးခွေသွားနိုင်ကာ နို့ ထွက် နည်းသွားနိုင်တယ်။ မီးနေသည် ချွေးအောင်းခြင်းမပြုသင့်ပါဘူး။

အုတ်ပူထိုးခြင်းဆိုတာ ရှိပြန်တယ်။ အိမ်ဆောက်ရာမှာသုံးတဲ့ အုတ်အသစ်ကို မီးနေသည်အနီးမှာ အသင့်ထားရှိတဲ့ မီးဖို မှာ မီးဖုတ်၊ ပူရင် အဝတ်ဟောင်းတစ်ခုနဲ့ ထုပ်ပြီး ဗိုက်နဲ့ ကလေးမွေးဖွားရာပတ်ဝန်း ကျင်ကို အုတ်ပူထိုးတဲ့ ဓလေ့ ယနေ့တိုင် မြန်မာနိုင်ငံမှာရှိနေတယ်။ အကိုက်အခဲ သက်သာစေဖို့နဲ့ သားအိမ်အမြန်ကျက်စေ ဖို့ ရည်ရွယ်ပါတယ်။ လက်တွေ့မှာ တကယ် ကရိကထများလှတဲ့ အလုပ်ဖြစ်တယ်။ လို အပ်ရင် ရေနွေးအိတ်နဲ့ ပြီးနိုင်တဲ့ကိစ္စရပ် သာ ဖြစ်တယ်။

သားဖွားပြီးစမှာ မကောင်းသတင်း ကြားရပါက မီးနေသည် ထိတ်လန့်မှုမရှိ အောင် အလန့်တကြားမလုပ်သင့်ပါဘူး။ စိတ်ဖောက်သွားနိုင်ပါတယ်။ ကိုယ်ဝန်ဖွား ပြီးစ ကာလမှာ ကလေးမိခင်ဟာ စိတ် အ နှောင့်အယှက်ဖြစ်နေတတ်တယ်။ မီးဖွား စဉ်မှာ အနားရအောင် အိပ်ရေးဝအောင် အိပ်စေရပါမယ်။ မကောင်းသတင်း မပြော သင့်သလို စိတ်ဆင်းရဲမယ့် သတင်းများ မပြောဘဲ ထားသင့်ပါတယ်။ နဂိုက စိတ် ဖောက်ပြန်ဖူးသူဆိုရင် သတိထားရပါမယ်။ အိပ်မရပါက ဆရာဝန်နဲ့ ပြသကာ လိုအပ် ပါက အိပ်ဆေး (valium 5mg ) တစ်ည တစ်လုံးသောက်ရမယ်။ အိပ်ရေးဝမှ အား ဖြည့်အစာစားနိုင်ကာ နို့လည်း ကောင်းစွာ ထွက်နိုင်ပါမယ်။

သွေးကြွင်းသွေးကျန်မရှိစေဖို့ ဗိုက်ကို လက်သည်တွေက အခကြေးငွေယူကာ သွေးခွဲပေးတတ်တယ်။ သားအိမ်ကို နယ် ပေးခြင်းဖြစ်တယ်။ သွေးခွဲခြင်းကြောင့် သွေးဆင်းလာတတ်ပါတယ်။ အချင်းစ ကျန်မနေအောင် မွေးကတည်းက အချင်း မကျန်အောင် မွေးဖွားပြီးသူအတွက် မလို အပ်ပါဘူး။ သွေးခွဲခြင်းပြုမှသာ သွေးကြော ထုံးခြင်း၊ သွေးဆင်းခြင်း စတဲ့ အန္တရာယ် ဖြစ်ပေါ်စေနိုင်တယ်။

မီးနေသည်တွေ နနွင်းသောက်၊ နနွင်း လိမ်းတတ်ကြတယ်။ ကျေးလက်မှ မီးနေ သည် အများစုဟာ ဝါထိန်နေအောင် နနွင်း လိမ်းတတ်တယ်။ နနွင်းသုံးတာကြောင့် ကိုယ်ဝန်ဆောင်မိခင် ( အပူ )ဓာတ်ပေး ခြင်း၊ သားဖွားရာမှာ သွေးကျန်များ စင်စေ ခြင်း၊ သားအိမ်ကျက်မြန်ခြင်း၊ ကိုယ်လက် နုံးခွေမှု၊ အဆစ်အမျက်ကိုက်ခဲမှု စတဲ့ ပြဿနာတို့မှ ကင်းဝေးစေတယ်ယုံကြည် ကာ နနွင်းလိမ်းတတ်၊ သောက်တတ်ကြ ပါတယ်။

နနွင်းသောက်နိုင်ပါတယ်။ ကလေး ချက်ကို သိပ်ခြင်း၊ မိန်းမကိုယ်ထဲထည့်ခြင်း မျိုးသာ မလုပ်သင့်ပါဘူး။ စမုန်နက် ရှူ တတ်ကြရာမှာလည်း မူးမော်လို့ အော်ဒီ ကလုံး ရေမွှေးမသုံးနိုင်လို့ စမုန်နက်ရှူနိုင် ပါတယ်။

မီးဖွားပြီး ထုံနာ၊ ကျဉ်နာ၊ မီးယပ်နာ ဖြစ်တတ်ပါတယ်။ မီးဖွားပြီး ခြေလက် ပေါ့ ပါးခြင်းမရှိဘဲ လေးနေသူ၊ ခြေဆာ၊ လက် ဆာ ဖြစ်လာသူ၊ ထုံကျဉ်နေသူမျိုးကို တွေ့ ရတတ်တယ်။ ချွေးမအောင်းလို့ သွေး ဟောင်း မစင်လို့ မဟုတ်ပါဘူး။ သွေးလန့် တာလည်း မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင် ကာလ အစားအသောက်( အသား ) ရှောင် ရာက ဗီတာမင် ဘီဝမ်း၊ အာရုံကြောဓာတ် နည်းပါးပြီး ထုံနာကျU်နာဖြစ်လာခြင်း ဖြစ် တယ်။

အစားအသောက် စုံအောင်စားပြီး သောက်သုံးသင့်တဲ့ဆေးဝါး၊ ဗီတာမင် နေ့ စဉ် တစ်လုံး နှစ်ကြိမ် တစ်လခန့် သောက် သင့်တယ်။ မီးနေသည်တွေဟာ အသား၊ ငါးပိ ကို အညှီအဟောက်ဆိုကာ ရှောင် တတ်တယ်။ စားသင့်ပါတယ်။ အသား ဟင်း ( ပထမတန်းစား အသားဓာတ် ပရို တင်း)၊ ပဲအမျိုးမျိုး ( ဒုတိယတန်းစား ပရို တင်း ) ရစေနိုင်သလို အခြားသစ်သီးဝလံ များလည်း စားပေးသင့်ပါတယ်။
ဒေါက်တာ လွင်သန့်

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.