ကလေးနို့တိုက်ရမယ့် ပုံစံလေးတွေပါ
ဒီနေ့မှာတော့ မိခင်လောင်းတွေ ကလေးကို နို့ချိုတိုက်ကျွေးတဲ့အခါ မှန်ကန်တဲ့ နို့တိုက်ပုံ၊ နို့တိုက်နည်းဖြစ်အောင် လိုက်နာသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
၁။ နို့တိုက်တဲ့ အချိန်မှာ ကလေးလေးရဲ့ ဦးခေါင်းနဲ့၊ ခန္ဓာကိုယ်နဲ့ က တစ်ဖြောင့်တည်း ဖြစ်နေအောင်ထားရပါမယ်။
၂။ ကလေးလေးရဲ့ ခေါင်းက အမေရဲ့ တံတောင်ခွက်ထဲမှာ ရှိနေပြီး ကလေးလေး တစ်ကိုယ်လုံးကို မိခင်က ပင့်မထားရပါမယ်။
၃။ ကလေးလေးရဲ့ ပါးစပ်ဟာ မိခင်ရဲ့နို့နဲ့ မျက်နှာချင်းဆိုင်ရှိနေရပါမယ်။
၄။ နို့စို့တဲ့ အခါမှာကလေးလေးရဲ့ ပါးစပ်လေးက ကျယ်ကျယ်ဟနေပြီး မိခင်ရဲ့ နို့သီးခေါင်း၊ အောက်အမည်းကွင်း အကုန်လုံးကို ငုံထားတာမျိုး ဖြစ်နေရပါမယ်။ နို့တကယ်စို့နေတဲ့ အခါမှာ ကလေးလေးရဲ့ ပါးလေး ဖောင်းလိုက်၊ ပိန်လိုက်ဖြစ်တာမျိုးကိုတွေ့နိုင်မှာပါ။
ဒီလို ပုံစံမှန်မှန် နို့တိုက်မယ်ဆိုရင်တော့ အချိန်ခဏလေးနဲ့ ကလေးလေးလည်းနို့ဝပြီး မိခင်လည်း အချိန်ကုန် လူပင်ပန်း သက်သာလာမှာပါ။
Credit to HSW