စျေး မီဒီယာ

Posted by Aye Mya Nandar August 6, 2020

မိခင်နို့ရည်, နို့တိုက်ကလေးနှင့် လွဲမှားနေသောအယူများ
*******************************
မေမေတို့အတွက်#
(၁)
မေး- အမေ့နို့ရည်ပူလို့ ကလေးပိန်သလား
ဖြေ- မမှန်ပါ။ အမေ့နို့ရည်က ခန္ဓာကိုယ်တွင်းမှ ထွက်လာ၍ နွေးကောင်းနွေးမည်။ နို့ရည်မှန်သမျှ အာဟာရပြည့်ဝသည်။ အမေ အာဟာရရှိအောင်စားပြီး ကျန်းမာနေသရွေ့ ကလေးစို့နေသရွေ့ နို့ရည်ပူခြင်းက စိုးရိမ်စရာမရှိပါ။ မလိုအပ်ဘဲ မိခင်ကို အပြစ်ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ။

(၂)
မေး- နို့ရည်ကျဲလို့ ကလေးပိန်သလား
ဖြေ- မမှန်ပါ။ မိခင်နို့ရည်ကျဲခြင်း၊ ပျစ်ခြင်းက စိတ်ထင်ခြင်းဖြစ်နိုင်သည်။ သဘာဝအတိုင်း ထွက်သော မိခင်နို့ရည်က အကျဲအပျစ်ချိန်ဆပြီးသားဖြစ်သည်။ မိခင်အာဟာရပြည့်သရွေ့ နို့ရည်က အာဟာရဖြစ်ပါသည်။

(၃)
မေး-ကျွန်မကလေးကို အရပ်ထဲက ခိုင်းလို့ နို့ရည်ချိုးပေးနေတာ ၃ လရှိပြီ။ စိုးရိမ်ရလား။
ဖြေ-မိခင်နို့ရည်က ကလေးအတွက် တန်ဖိုးရှိသော အာဟာရဖြစ်သည်။ အာဟာရကို မဖြုန်းတီးစေလိုပါ။ နို့ရည်ကို မတိုက်ဘဲချိုးပေးလျှင် ကလေး အာဟာရချို့တဲ့နိုင်ပါသည်။ ကလေးမိခင်ကို အကျိုးမရှိသော အကြံပေးခြင်းဖြင့် စိတ်ဖိစီးမှု မပေးစေလိုပါ။

(၄)
မေး-နို့ပွေးဖြစ်သောကလေးကို မိခင်ပါးစပ်နှင့် လျက်ပေးခိုင်းနေလို့ ဘာလုပ်ရမလဲ။
ဖြေ- မလျက်ပေးပါနှင့်။ လူတို့ ပါးစပ်ထဲတွင် ပိုးမွှားမျိုးစုံရှိသည်။ နို့ပွေးက နို့စို့ကလေးအရေပြားဖွံဖြိုးမှု ချို့ယွင်းနေသောကြောင့် ရောင်ရမ်းပြီး ယားခြင်းဖြစ်သည်။ မှန်ကန်သောနည်းနှင့် ကုပါ။ လျက်ပေးသော မိခင်လျှာမှ ပိုးများသည် နို့ပှေးတှငျ ကွဲနေသော အရေပြားအတွင်းသို့ ဝင်ရောက်ပြီး ပိုဆိုးနိုင်ပါသည်။

(၅)
မေး- နို့တိုက်ကလေး ပါးစပ်ပတ်လည်တွင် နီရောင်နေတာ အမေက အပူစာတွေစားလို့လား?
ဖြေ- အချို့ ရင်သွေးငယ်များ၏ ပါးစပ်ပတ်လည်မှ အရေပြားက သွားရည်ကို ထိတွေ့ပါများလျှင် ရောင်တတ်ပါသည်။ အန္တရာယ်မရှိပါ။ အချိန်တန် အရွယ်ရောက်၍ သွားရည်ထိန်းနိုင်လျှင် ကောင်းသွားပါမည်။ အရေပြားရောင်တာဆိုးလွန်းလျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး လိမ်းဆေးတစ်မျိုးပေးနိုင်ပါသည်။ ကလေးပါးစပ်ရောင်တိုင်း အမေကို အပြစ်မတင်စေလိုပါ။

(၆)
မေး-နို့ထွက်များအောင် ငြုပ်ဂောင်းဟင်းခါးပဲသောက်ခိုင်းတယ်။ရလား။
ဖြေ- ငြုပ်ဂောင်းက နို့ထွက်များနိုင်သည်ဟု ရှေးကတည်းက အယူရှိသည်။ သိပ္ပံပညာရှင် ဆရာဝန်များ၏ လေ့လာသုံးသပ်ချက်အရ ငြုပ်ကောင်းစားလျှင် နို့ထွက်များသူရှိသလို မများသူလည်း ရှိသည်။ ကလေးက မွေးမွေးချင်းအနံ့ခံတတ်၍ ငြုပ်ဂောင်းအနံ့ကြောင့် စိတ်အနှောင့်ယှက်ဖြစ်ပြီး နို့စို့နည်းသွားနိုင်သည်လည်းရှိသည်။ စာရေးသူ အကြံပေးလိုသည်မှာ ငြုပ်ကောင်း ဟင်းခါးသောက်ခြင်းဖြင့်နို့ထွက်များအောင် စမ်းလိုက စမ်းပါ။ သို့သော် ငြုပ်ဂောင်းဟင်းခါးတစ်မျိုးထဲတော့ မသောက်ပါနှင့်။ အာဟာရဖြစ်စေသော အစာအုပ်စုများမျှတအောင်စားပါ။

(၇)
မေး-နို့ထွက်များအောင် လက်ဖက်ရည်ကြမ်းနေ့တိုင်းသောက်တယ်။ ရလား။
ဖြေ- တန်ဆေး, လွန်ဘေးပါ။ လက်ဖက်ခြောက်တွင်ပါသော 'တန်နင်' ဓာတ်က သံဓာတ်အားနည်းခြင်းကိုဖြစ်စေသည်။ နို့တိုက်မိခင်နှင့် နို့စို့ကလေးအတွက် သံဓာတ်က မရှိမဖြစ်လိုသည်။ ထို့ကြောင့် လက်ဖက်ရည်ကြမ်းကို နို့တိုက်မိခင်အား အလွန်အကျွံသောက်ရန် အားမပေးပါနှင့်။

(၈)
မေး- ကလေးမွေးပြီး အမေ ခေါင်းမလျှော်ရဘူးပြောနေလို့ ရလား?
ဖြေ- သဘာဝအတိုင်းကလေးမီးဖွားခြင်းသည် နာကျင်ခက်ခဲပြီး သွေးအလိမ်းလိမ်း ချွေးအလိမ်းလိမ်းနှင့် ကျော်ဖြတ်ရသော ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ ကလေးမွေးပြီး ခေါင်းလျှော်ရေချိုးခြင်းသည် ကိုယ်ခန္ဓာကို သန့်စင်စေပြီး စိတ်ကိုလန်းဆန်းစေပါသည်။ ရေချိုးခေါင်းလျှော်လိုသောမိခင်ကို မတားပါနှင့်။

(၉)
မေး- ကလေးမွေးပြီး ဆပ်ပြာသုံးရင် နူတယ်ပြောကြလို့ ၃ လရှိပြီ ဆပ်ပြာမထိရသေးပါဘူး။ ဘာဖြစ်နိုင်လဲဟင်။
ဖြေ- ဆပ်ပြာသည် လူ့ အရေပြား သန့်စင်ဖို့ ထုတ်ထားသော ပစ္စည်းဖြစ်သည်။ လူတို့သည် Leprosy ပိုးကြောင့်နူသည်။ ကလေးမွေးပြီး ဆပ်ပြာသုံး၍ ရပါသည်။

(၁၀)
မေး- ၁၂ လကျော်နို့တိုက်ပြီးရင် အမေနို့က အာဟာရမရှိတော့ဘူးဆို။
ဖြေ- အမေနို့က အာဟာရအမြဲဖြစ်ပါသည်။

*နို့မထွက်ခြင်း နို့ထွက်နည်းခြင်းသည် အကြောင်းများစွာရှိသည်။ ဤသို့ အခြေအနေကြုံတိုင်း မိခင်အား အပြစ်ပြောခြင်းမပြုရန် အလွန်အရေးကြီးပါသည်။

*နို့တိုက်မိခင်နှင့် နို့စို့ကလေးများကို မှန်ကန်သော နည်းလမ်းများနှင့် ကူညီနိုင်ကြပါစေဟု ရည်ရွယ်ရေးပါသည်။

#နေနေမိုးဆွေ (Child Health Myanmar Page)
#naynaymoeswe

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.