မေမေတို့ရေ တစ်ခါတစ်ရံမှာ ကလေးငယ်တေွကို ဒိုက်ဗာဝတ်ဆင်ပေးထားချိန်ကြာသွားတဲ့အခါမျိုးနဲ့ အခန့်မသင့်တဲ့ ဆီးပူလောင်ဖုလေးတေွ ထွက်ပေါ်လာတတ်ပါတယ်။ ဒီလိုအဖုလေးတေွထွက်လာတဲ့အခါမှာတော့ diaper rash cream လေးတေွကို လိမ်းပေးပြီး ပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ နောက်ပြီး ဒီလိုအဖုအပိန့်လေးတေွ အမြန်ဆုံးပျောက်ကင်းဖို့နဲ့ အဖုလေးတေွမဖြစ်ပေါ်အောင် ဂရုစိုက်သင့်တာလေးတေွလည်း ရှိပါသေးတယ်။
ဆီးပူူလောင်အဖုလေးတေွမဖြစ်ဖို့နဲ့ အမြန်ပျောက်ကင်းဖို့ဆိုရင် ကလေးတေွကို အဝတ်အစားဆင်ယင်ပေးတဲ့အခါ လေဝင်လေထွက်ကောင်းမွန်စေဖို့ ဂရုစိုက်ပေးရပါမယ်။ အဝတ်အစားကို ချောင်ချောင်ချိချိလေး ၀တ်ဆင်ပေးရပါမယ်။ နောက်ပြီး ဒိုက်ဗာဝတ်ဆင်ပေးတာ၊ အနှီးဝတ်ဆင်ပေးတာတေွမှာလည်း ကလေးငယ်ကို ကြပ်ထုပ်နေအောင်အဝတ်ဘဲ လေဝင်လေထွက်ကောင်းမွန်စေနေဖို့လိုအပ်ပါတယ်။ ကလေးငယ်တေွရဲ့ သေးစိုအနှီးတေွ၊ ဒိုက်ဗာတေွကို ချက်ချင်းလဲလှယ်ပေးသင့်ပါတယ်။ အနှီးတစ်ထည်၊ ဒိုက်ဗာတစ်ထည်တည်းကို ၆ နာရီထက်ပိုကြာအောင် ၀တ်ဆင်ပေးမထားသင့်ပါဘူး။ အဲ့ဒီအချက်လေးတေွကို လိုက်နာပြီးကလေးငယ်တေွကို ဂရုစိုက်ပေးမယ်ဆိုရင်တော့ ကလေးတေွရဲ့ဆီးပူလောင်အဖုထွက်တာ၊ ဒိုက်ဗာလောင်ဖုထွက်တာမျိုးတေွကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Kyarlay