မေွးကင်းစကလေးမှာ အသားဝါရောဂါဆိုးဝါးတာ၊ ကိုယ်အလေးချိန်မပြည့်တာ၊ လမစေ့တာ၊ မျိုးရိုးလိုက်တာ၊ ဆရာဝန်ညွှန်ကြားချက်မရှိတဲ့ အချို့ဆေးဝါးတေွကို သုံးစွဲတာတေွကြောင့် ကလေးတေွမှာ နားလေးရောဂါဖြစ်ပွားသွားတတ်ပါတယ်။ အသက် ၆ လအောက် ကလေးငယ်တေွကို အသံကျယ်ကျယ်ပေးတဲ့အခါ တုံ့ပြန်မှုရှိဖို့လည်း လိုပါတယ်။ တကယ်လို့ အဲ့ဒီအချိန်မှာ တုံ့ပြန်မှုမရှိဘူးဆိုရင်တော့ ကလေးငယ်မှာ ရောဂါရှိ၊ မရှိကို စက်နဲ့ စမ်းသပ်ပေးဖို့လိုအပ်ပါတယ်။
တကယ်လို့ကလေးငယ်မှာ နားလေးတာကို အသိနောက်ကျသွားမယ်ဆိုရင် ကုသမှုမခံယူနိုင်ဘူးဆိုရင် ကလေးငယ်မှာ ဆွံ့အနားမကြားဖြစ်သွားတတ်ပါတယ်။ ဖေဖေ၊ မေမေတို့ရေ ကိုယ့်ရဲ့ရင်သေွးငယ်လေးတေွ ဆွံ့အနားမကြားမဖြစ်ပွားစေဖို့ တကယ်လို့ နားရောဂါတစ်ခုခုရှိတယ်ဆိုရင်တောင် အချိန်မီကုသမှုခံယူဖို့အတွက် ကလေးငယ်ကို ၆ လမပြည့်မီမှာ စမ်းသပ်ကြည့်ဖို့လိုပါတယ်။ နားနဲ့ပတ်သက်တဲ့ ချို့ယွင်းချက်တစ်ခုခုရှိခဲ့တယ်ဆိုရင်တော့ အသက် ၂ နှစ်မတိုင်မီ စနစ်တကျကုသပါက ဆွံ့အခြင်းကနေ ကာကွယ််နိုင်တာကြောင့် အချိန်မီသိရှိဖို့လိုပါတယ်။
Kyarlay