Kyarlay.com

almost 2 years

မိခင်နို့တိုက်ကျေွးမှုစနစ် လမ်းညွှန်


Bupwtx6pe3rhvy3kgrn4

မေမေတို့ရေ ရင်သေွးငယ်လေးတေွကို မိခင်နို့တိုက်ကျေွးတဲ့အခါ နည်းလမး်တကျနဲ့စနစ်မှန်ကန်စေဖို့အရေးကြီးပါတယ်။ အဲ့ဒါကြောင့်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မှန်ကန်တဲ့ မိခင်နို့တိုက်ကျေွးမှုလမ်းညွှန်လေးတေွကို ကျားလေးကနေ မေမေတို့အတွက် မှျဝေပေးချင်ပါတယ်။

*** မိခင်အနေအထား ***
- မိခင်သည် မိခင်နို့တိုက်ကျေွးနေစဉ် အမြဲထိုင်နေစရာမလိုပါ။ အိပ်လျက်နှင့်သော်လည်းကောင်း ထိုင်လျက်နှင့်သော်လည်းကောင်း မည်သည့်အနေအထားဖြင့်မဆို တိုက်ကျေွးနိုင်သည်။
- မိခင်သည် ထိုင်၍တိုက်ပါက ကလေး၏ဇက်ကို မိခင်၏တံတောင်ဆစ်ကေွးပေါ်တွင်ရှိရမည်။ မိခင်၏ယင်းလက်သည် ကလေး၏တင်ပါးကို ဖေးမထားရမည်။
- မိခင်၏သားမြတ်နှင့် နို့သီးခေါင်းကို လက်နှစ်ချောင်းကြားတွင် ကတ်ကြေးကဲ့သို့ ညှပ်ပေးတတ်သည့် အလေ့အကျင့်ကိုမပြုလုပ်ရပါ။ ကလေးနှာခေါင်းပိတ်မည်စိုး၍ မိခင်၏သားမြတ်ကို ဆွဲဖယ်ခြင်းမပြုလုပ်ရပါ။ မိခင်သည် သက်သာသော အနေအထားတွင်ရှိရပါမည်။

*** ကလေး၏အနေအထား***
- ကလေးသည် မိခင်၏ရင်ခွင်တွင် အလိုက်သင့်ရှိရပါမည်။
- မိခင်၏သားမြတ်ဘက်သို့ မျက်နှာမူထားရမည်။ ကလေး၏ခန္ဓာကိုယ်သည်လည်း မိခင်ဘက်သို့ အလိုက်သင့်လှည့်နေရမည်။ ကလေး၏ကျောနှင့် ဦးခေါင်း တစ်တန်းတည်းရှိရမည်။
- ကလေး၏ဦးခေါင်းသည် နောက်သို့မလန်စေရပါ။
- ကလေး၏လက်သည် မိခင်၏ခန္ဓာကိုယ်ကြားတွင် ညပ်မနေစေရပါ။
- ကလေး၏ဝမ်းဗိုက်နှင့် မိခင်၏ဝမ်းဗိုက်သည် ကပ်၍နေရပါမည်။

*** ထိကပ်မှု ***
- မိခင်နှင့်ကလေး အထိကပ်ဆုံးဖြစ်နေရပါမည်။ ကလေးကို အဝတ်အများအပြားနှင့် ထေွးမထားရပါ။
- ကလေး၏မေးစေ့သည် မိခင်၏သားမြတ်နှင့် ထိနေရမည်။
- ကလေး၏ပါးစပ်သည် ကျယ်ကျယ်ဟနေပြီး နှုတ်ခမ်းများလန်နေရမည်။
- အေရီယိုလာအမည်းကွင်း (Areola) သည် ကလေး၏ပါးစပ်အတွင်း၌ရှိနေရမည်။
- ကလေး၏ပါးစောင်သည် ချိုင့်မနေစေရပါ။
- စည်းချက်ညီညီ စို့ယူခြင်းနှင့် မြိုချခြင်းရှိနေရမည်။

ကဲ ကျားလေးရဲ့မေမေတို့ရေ သားသားမီးမီးတို့ကို စနစ်တကျနဲ့နို့ချိုတိုက်ကျေွးနိုင်စေဖို့ ဒီနည်းလမး်လေးတေွကို လိုက်နာကြဖို့တော့မမေ့ပါနဲ့နော်။ ဒါမှလည်း ရင်သေွးလေးကို နို့ချိုပြည့်ပြည့်ဝဝ လုံလောက်အောင်တိုက်ကျေွးနိုင်ပြီး မိခင်ရော၊ ကလေးပါကျန်းမာပျော်ရွှင်ရမှာဖြစ်ပါတယ်နော်။

မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)