"သင့်ကလေးအတွက် အဆိုးရွားဆုံး အစားအစာ (၆)မျိုး"
"ကလေးကထမင်းမစားပဲ သရေစာတွေကျတော့တစ်နေကုန်ထိုင်စားနေတယ်။ ဘာပဲဖြစ်ဖြစ်အစာတစ်ခုခုစားရင်ပြီးတာပါပဲ" ဆိုရင်တော့ သင်ထင်တာမှားနေပါပြီ။ ကလေးအတွက် စားစရာတွေမှာ ကယ်လိုရီများဖို့မလိုပါဘူး။ ဒါပေမယ့် အာဟာရပြည့်ဝဖို့တော့အလွန်အရေးကြီးပါတယ်။ တချို့စားစရာတွေဆိုရင် ကယ်လိုရီများ၊ သကြားတွေဆားတွေများပြီး အာဟာရကဘာမှမပါတာတွေရှိပါတယ်။
ကလေးတွေရဲ့အစာအိမ်ကသေးငယ်တော့ ကယ်လိုရီများပြီးအာဟာရမဖြစ်တာတွေစားလိုက်ရင် ဗိုက်ပြည့်သွားပြီး တကယ်စားသင့်တဲ့အစားအစာတွေကျတော့မစားနိုင်တော့ဘူးလေ။ ဒါကြောင့် ဘယ်အစားအစာတွေက အာဟာရပြည့်ဝလည်းသိထားသင့်သလို ကလေးတွေအတွက် မသင့်တော်တဲ့အစားအစာတွေကိုလည်းသိထားမှဖြစ်မယ်နော်။ ဘယ်အစားအစာတွေက ဖေဖေမေမေတို့ရဲ့ကလေးအတွက် အဆိုးဝါးဆုံးဖြစ်မလဲ ကြည့်ရအောင်။
၁) အစာပြွန်တစ်ဆို့စေသောအစားအစာများ
အစားအစာတစ်ခုက မာမယ်၊ စေးကပ်မယ်၊ ချောနေမယ်၊ ထူပျစ်မယ် ပြီးတော့ အဝိုင်းအလုံးပုံသဏ္ဍာန်ရှိမယ်ဆို အစာပြွန်ကိုတစ်ဆို့နိုင်တဲ့အတွက် အရမ်းငယ်တဲ့ကလေးတွေ မစားသုံးသင့်ပါဘူး။ ဥပမာ - ဟော့ဒေါ့ချောင်း၊ ဝက်အူချောင်း၊ ပေါက်ပေါက်ဆုပ်၊ စပျစ်သီးလုံး၊ အသီးအရွက်အစိမ်း၊ မြေပဲနဲ့အစေ့အဆံ ပြီးတော့ အသား၊ချိစ်အဖတ်ကြီးကြီးမျိုးကို ပါးစပ်ထဲအလွယ်တကူမထည့်ပေးသင့်ပါဘူး။ Finger Food ကျွေးမယ်ဆို တဝက်အမြဲတမ်းလှီးပေးဖို့မမေ့ပါနဲ့နော်။
၂) အချိုရည်များ
Soda ပါသောအချိုရည်တွေကို နှစ်နှစ်အောက်ကလေးတွေ သောက်သုံးနှုန်းက အလွန်များနေပါတယ်။ Soda မှာ အာဟာရလုံးဝမပါတဲ့အပြင် ဗိုက်ကိုပြည့်အင့်စေတဲ့အတွက် တကယ်လိုအပ်တဲ့အစားအစာများကိုမစားနိုင်ပဲဖြစ်တတ်ပါတယ်။ အချိုလွန်ကဲတာကြောင့်လည်း သွားနဲ့ခံတွင်းရောဂါများဖြစ်တတ်ပါသေးတယ်။
၃) အာလူးချောင်းကြော်ကဲ့သို့ Fast Food များ
စစ်တမ်းများအရ ၉လအရွယ်လောက်စပြီး စားနေကြပြီး ၁နှစ်အရွယ်မှာစားတဲ့နှုန်းက ၄၀ရာခိုင်နှုန်းလောက်ထိရှိနေပြီဖြစ်ပါတယ်။ Fast Food တွေမှာပါတဲ့ အဆီ၊ သကြား၊ ဆား နဲ့ကယ်လိုရီတွေက ကလေးနဲ့မသင့်တော်တဲ့အပြင် အာဟာရမရှိတာကြောင့် အကျင့်ဖြစ်အောင်အစပြုပြီးမကျွေးသင့်ပါဘူး။
၄) အသင့်စားအစားအစာများ
ကလေးများအတွက်သီးသန့်ထုတ်ထားတဲ့အစားအစာများကလွဲပြီး တခြားအသင့်စားများကို လုံးဝမကျွေးသင့်ပါ။ ဆိုဒီယမ်ဓာတ်များတဲ့အပြင် အဆီ၊သကြားများပဲပါဝင်တာဖြစ်လို့ ကလေးအတွက် အာဟာရတန်ဖိုးလုံးဝမရှိတဲ့ အစားအစာများပဲဖြစ်ပါတယ်။
၅) ဂျယ်လီများ
ဂျယ်လီများမှာ သကြားအပြင် ပြုလုပ်ထားတဲ့အရောင်၊ အရသာတို့ပဲပါဝင်တာဖြစ်လို့ ကျန်းမာရေးနှင့်မသင့်တော်တဲ့အစားအစာပဲဖြစ်ပါတယ်။ အိမ်မှာလုပ်စားမယ်ဆိုရင်တောင် ဂျယ်လီထက် အသီးအနှံတစ်မျိုးမျိုးကိုပဲ စားချင်စဖွယ်ပြင်ဆင်ပြီးကျွေးသင့်ပါတယ်။
၆) အသီးဖျော်ရည်များ
ဒီဖျော်ရည်များမှာ အသီးပါဝင်တာနဲ့ပဲ ကျန်းမာတယ်လို့မဆိုနိုင်ပါဘူး။ အသီးမှာပါတဲ့အမျှင်ဓာတ်တွေက ဖျော်ရည်ဖျော်လိုက်တဲ့အခါ ဆုံးရှုံးသွားပြီး သကြားဓာတ်များပဲကျန်ခဲ့တာကြောင့်ပါ။ တချို့ကလေးတွေမှာ အသီးဖျော်ရည်ကြောင့် အထက်လှန်အောက်လျှောဖြစ်တတ်တာလည်း သတိပြုစရာပါ။
အသီးကိုဖျော်လိုက်တာက နှမြောစရာကယ်လိုရီတွေဆုံးရှုံးသွားပြီး ကျန်ခဲ့တဲ့သကြားများကလည်း အစာလမ်းကြောင်းကိုမြန်မြန်ဆင်းသွားစေတဲ့အတွက် ဘာအာဟာရမှမစုပ်ယူနိုင်လိုက်ပါဘူး။ ဗီတာမင်စီအတွက်တော့ အသီးအနည်းငယ်စားလိုက်ရုံနဲ့ပဲရနိုင်ပါတယ်။ ဒါကြောင့် ၁ နှစ်အောက်ကလေးတွေကို အသီးဖျော်ရည်လုံးဝမတိုက်ဖို့အတွက် American Academy of Pediatrics ကအကြံပြုထားပါတယ်။
☑️ နှစ်နှစ်အောက်ကလေးတွေအတွက်တော့ အာဟာရကောင်းကောင်းရဖို့က အရမ်းအရေးကြီးပါတယ်။ အာဟာရမရှိတာတွေပဲစားမိနေမယ်ဆိုရင်တော့ ကလေးတွေရဲ့ ကာယပိုင်း၊ ဉာဏပိုင်းဖွံ့ဖြိုးမှုမှာ အဟန့်အတားဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကိုယ့်ကလေးအတွက်အကျိုးမရှိတာတွေ ရှောင်ကြဉ်သွားနိုင်ရင်တော့အကောင်းဆုံးပါပဲ။
တခြားကလေးမစားသင့်တဲ့ အစားအစာတွေရှိရင်လည်း ဝေမျှခဲ့ပါဦးနော်။
#1000Days
#ParentingFacts
#BabiesWorstFood
Source : Babycenter