မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်အလေးချိန်တိုးတက်မှုပုံစံလေးတွေကို ကျားလေးရဲ့ မေမေတို့အတွက် မျှဝေပေးချင်ပါတယ်။ မေမေတို့ရေ ဖွံ့ဖြိုးပြီးနိုင်ငံမှာတော့ ကျန်းမာတဲ့မိခင်တွေဟာ ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်အလေးချိန်တိုးတက်မှုက (၁၀) ကီလိုဂရမ်ကနေ (၁၂) ကီလိုဂရမ် (ပေါင်ချိန်အနေနဲ့ ၂၂ ပေါင်ကနေ ၂၆.၄ ပေါင်) အထိရှိတာဖြစ်ပါတယ်။
မွေးစကလေးရဲ့ ကိုယ်အလေးချိန်ကတော့ ပျမ်းမျှအနေနဲ့ (၃) ကီလိုဂရမ် (၆.၆ ပေါင်) ရှိပြီး အဆီပြင်စုဆောင်းမှုကတော့ (၅) ကီလိုဂရမ် (၁၁ ပေါင်) ရှိပါတယ်တဲ့ မေမေတို့ရေ။
မေမေတို့ရေ ဖွံ့ဖြိုးဆဲနိုင်ငံတေွမှာ ကိုယ်ဝန်ဆောင်အလေးချိန်တိုးနှုန်းကတော့ (၆.၄) ကီလိုဂရမ် (၁၄.၀၈) ပေါင်ရှိတတ်ပါတယ်။ အဲ့ဒါကြောင့်လည်း အချို့နိုင်ငံတွေမှာဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေကို နေ့စဉ်ဖြည့်စွက်အစာ (ကယ်လိုရီ ၃၅၀ ခန့်) ပိုကျွေးကြတာဖြစ်ပါတယ်။ အဲ့ဒီလိုစားသုံးတဲ့ မိခင်တွေက မွေးဖွားတဲ့ရင်သွေးငယ်တွေကတော့ မွေးစကလေးကိုယ်အလေးချိန်များပြီး ကျန်းမာသန်စွမ်းတယ်လို့ စစ်တမ်းကောက်ယူမှုတွေအရ ဖော်ပြထားပါတယ်နော်။
ကျားလေးရဲ့ ကိုယ်ဝန်ဆောင်မေမေတို့ကလည်း အစားကိုပုံမှန်ထက်ပိုစားပြီး ကျန်းမာတဲ့ ရင်သွေးလေးကို ပိုင်ဆိုင်နိုင််ရဖို့ ကြိုးစားလိုက်ရအောင်နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)