ကလေး မွေးကင်းစမှသည် အသက် ၆လအရွယ်ထိ ကလေးများ နို့စို့ပြီးလျှင် တစ်ခါတလေ နို့တွေ ပြန်အန်ထွက်တတ်ပါတယ်။ ဆေးပညာအရ အဲဒါကို posetting ဟု ခေါ်တယ်။ မြန်မာတွေ အခေါ်အဝေါ်မှာလည်း အဲဒါကို နို့သတ်တာလို့ ခေါ်ကြပါတယ်။ ဗိုက်နှင့် မဆံ့အောင် နို့ကို စို့၍ ပိုသော နို့ကို ပြန်ထုတ်ခြင်း သက်သက်သာ ဖြစ်ပါတယ်။
ကလေးက လန်းဆန်းနေပြီး ပှံမှန် အလေးချိန် တတ်နေလျှင် စိုးရိမ်စရာတော့ မလိုပါဘူး။ တစ်ခါတစ်ရံ နှာခေါင်းထဲမှပင် ထွက်တတ်တယ်။ နှာခေါင်းထဲမှာ ထွက်ခြင်းသည်လည်း တကယ်တော့ စိုးရိမ်စရာ လက္ခဏာမဟုတ်။ နို့ဖတ် အတုံးတုံးလေးများလည်း ပါတတ်တယ်။
ဒါကလည်း နို့နှင့်အစာအိမ်ထဲမှ အက်စစ်ဓာတ် တွေ့ထိ၍ ဖြစ်ပေါ်လာခြင်းဖြစ်ရာ သဘာဝသာ ဖြစ်ပါတယ်။ စိုးရိမ်စရာတော့ မဟုတ်ပါ။
၁။ ကလေးက ကိုယ်အလေးချိန်တွေ အရမ်းကျဆင်းလာလျှင် သို့မဟုတ် တက်သင့်သလောက် မတတ်လျှင်
၂။ အန်သည့်ထဲတွင် သွေး သို့မဟုတ် စိမ်းစိမ်းစိုစို သည်းခြေရည်တို့ ပါဝင်လာလျှင်
၃။ ဖျားနေလျှင်
၄။ ဝမ်းလျှောနေလျှင်
၅။ ချောင်းဆိုးလွန်းနေလျှင်
၆။ အရေးပြား ခြောက်ကပ်၍ မျက်တွင်းများ ခွက်လာလျှင်
ရ။ သတိလစ်လျှင် သို့မဟုတ် တက်လျှင် အစရှိသည့် လက္ခဏာများနှင့် တွဲဖက်လာလျှင်တော့ ချက်ချင်း ဆရာဝန်ပြ၍ စစ်ဆေးကုသမှုခံယူရန် လိုအပ်ပါတယ်။
HYA (kyarlay)