စျေး မီဒီယာ

Posted by poe ei htun July 30, 2020

ခဲတံကိုင် ပြီးစာရေးနိုင်စေဖို့ ( Fine Motor Skills ကောင်းဖို့) ကလေးကို ဘာတွေ လုပ်ပေးရမလဲ

ခေတ်ဘုန်းသစ်

ကျွန်မ သမီကလေး က စာမရေးချင်ဘူး ဆရာမ၊ စာရေးရင် လက်တွေနာတယ် လို့ ပြောတယ်
ကျွန်မ သားကလေးက အခုထိ ခဲတံကောင်းကောင်း မကိုင်နိုင်သေးဘူး။ ဘယ်လို လုပ်ပေးရမလဲ ။
စတဲ့ မေးခွန်းတွေဟာ မိခင်တော်တော်များများ ဆီကနေ ကျွန်မတို့ကြားနေရတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ သူများ ကလေးတွေ ခဲတံကိုင်ပြီးတော့ စာကောင်းကောင်းရေးနေချိန်မှာ ကိုယ့်ရဲ့ ကလေးက စာကောင်းကောင်း မရေးနိုင်တဲ့ အတွက် မိဘများက စိတ်ပူကြပါတယ်။ ကလေး က မေမေ သားသား စာရေးရတာ လက် ကလေးတွေ နာတယ် လို့ ပြောတဲ့ အခါမျိုးမှာ သူများ ကလေးတွေ က ရေးနိုင်ပြီးတော့ ကိုယ့်ကလေးက တော့ ဘာလို့ မေ၇းနိုင်ပါလိ့မ် ဆိုပြီး မိ ဘများ စိတ်မကောင်းဖြစ်ကြပါတယ်။

ဘယ်အရွယ်မှာကလေးတို့ ခဲတံ စကိုင်နိုင်ပြီလဲ

ကလေးခဲတံ ဘယ် အရွယ်မှာ စတင် ကိုင်နိုင်ပြီလဲ ၊ စာကို စတင် ရေးတတ်ပြီလဲ ဆိုတဲ့ မေးခွန်းဟာ အသက် အတိ အကျနဲ့ ဖြေဖို့ ခက်လှတဲ့မေးခွန်းပါ။ ကလေးတစ်ယောက် ခဲတံ ကိုင်နိုင်ဖို့ ဆိုတာဟာ သူ့အတွက် လိုအပ်တဲ့ အခြေခံ ဖွံ့ဖြိုးမှု စွမ်းရည်တွေ ကို ခဲတံမကိုင်နိုင်ခင်အရွယ်မှာ အပြည့် ၀ရခဲ့ မှ သာ သူဟာ ခဲတံကို ကောင်းကောင်းကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီစွမ်းရည်တွေ ယျေဘူယျ အားဖြင့် ငါးနှစ်ခွဲ ခြောက်နှစ်လောက် ရောက်ရင် တော့ဖြင့် ကလေးတိုင်းလိုလို ကောင်းကောင်း ရပြီး ကြပြီလို့ ပညာရှင်များက ယူဆကြပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ကလေးခဲတံကိုင်နိုင်တဲ့ အရွယ်လို့ ပြောရင် ငါးနှစ်ခြောက်နှစ်အရွယ် လောက် လို့ ပြောကြတာပါပဲ။

ကလေးတို့ ခဲတံကိုင်နိုင်ဖို့ အတွက် ဘယ်လို ဖွံ့ဖြိုးမှုတွေလိုလဲ

ကလေးတို့ ခဲတံ ကိုင်နိုင်ဖို့အတွက် ကလေးဟာ သူရဲ့ လက်မောင်း၊လက်ဖျံ နဲ့ ကျောကုန်း တို့မှာ ရှိနေတဲ့ ကြွက်သားကြီး တွေ သန်စွမ်းနေဖို့လိုပါတယ်။ ဒီလို ကြွက်သားကြီးတွေ သန်စွမ်းပါမှ လက်ချောင်း မှာ ရှိတဲ့ ကြွက်သားငယ်လေးတွေ သန်စွမ်းမှာပါ။ ခဲတံကိုင်နိုင်ဖို့ အတွက် ကြွက်သားသန်စွမ်းရုံ ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ မျက်စိရယ်၊လက်ရယ် ကို ပူးပေါင်းပြီးတော့ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်လို့ ခေါ်တဲ့ (Eye-Hand Coordinatin) လည်း ဖွံ့ဖြိုးဖို့လိုသလို တစ်ချိန်တည်း မှာပဲ ကလေးတို့ရဲ့အာရုံစူးစိုက်မှု စွမ်းရည်လို့ ခေါ်တဲ့ Concentration လည်းအားကောင်းဖို့လိုပါတယ်။

ကလေးဟာ စာမရေးခင်၊ ခဲတံမကိုင်ခင် အချိန်ကတည်းက ဒီစွမ်းရည်တွေကို အကုန် ရရှိပြီးဖြစ်မှ သာလျင် ခဲတံကိုင်ပြီးတော့ စာရေးနိုင်မှာပါ။ စာရေးတဲ့ အချိန်မှာ ဒီစွမ်းရည်တွေကို ကလေးတို့ အပြည့်အ၀ ရရှိစေဖို့ အတွက် (တစ်နည်းပြောရရင်) ငါးနှစ်ကျော် ခြောက်နှစ်အရွယ် မှာ ကလေးဟာ ခဲတံကိုင်ပြီး စာရေးတတ်ဖို့ အတွက် ဘယ်အရွယ်ကတည်းက စတင်ပြီးလေ့ကျင့်ပေးရမှာလဲ၊ ဘယ်လို လေ့ကျင့်ပေးရမလဲ ဆိုတဲ့အ ကြောင်း ဆက်ပြောပါ့မယ်။

ကလေးတို့ရဲ့ဖွံ့ဖြိုးမှု
ကလေးတွေဟာ ဦးနှောက် အကုန်စင်ဖွံ့ဖြိုးပြီးမွေးလာတာ မဟုတ်ပါ ဘူး။မွေးကတည်း က ပါလာတဲ့ ဘီလျံနဲ့ ချီပြီး ရှိနေတဲ့ ဦးနှောက်နျူရွန်ဆဲလ်တွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီးတော့ ဦးနှောက် ကို တည်ဆောက်ယူရ တာမို့ နူရွန်ဆဲလ်တွေ ချိတ်ဆက် ဖို့ အတွက် ကလေးအနားကပါတ်၀န်းကျင် က ကလေးကို လှုံဆော်ပေးဖို့လိုပါတယ်။
ကလေးတို့ ရဲ့ ဦးနှောက် တည်ဆောက်ဖို့ တစ်နည်းပြောရင် ဥာဏ်ရည်ဖွံ့ဖြိုးရေး အတွက် လုပ်ပေးရမယ့်အရာများစွာ ရှိပါတယ်။ ဒါပေမယ့့် ဆောင်းပါးရဲ့ ရည်၇ွယ်ချက် အကြောင်းရာဖြစ်တဲ့ စာမရေးခင် အကြို ကာလမှာ ကလေးတို့ကို လုပ်ပေးရမယ့် အရာ လေးတွေကိုပဲ အဓိက ထားပြီးတော့ ဒီဆောင်းပါး ကျွန်မ ရေးသားသွားမှာဖြစ်ပါတယ်။ ကလေး လက်ကလေး တွေ ခြေထောက် ကလေးတွေသန်ဖို့ဘယ် အရွယ်ကတည်း က စကျင့်ပေးရမလဲ လို့ မေးတဲ့ အခါ မွေးကတည်းက စကျင့်ပေးပါလို့ ပဲ ပြောရမှာပါ။

မွေးစအရွယ် ကတည်းက စကျင့်ပေးပါ။

ကလေးငယ်ကလေး စတင်မွေးလာပါပြီ။ အမေ့၀မ်းက ကျွတ်ပြီဆိုကတည်းက ကလေးဟာ သူ့ လက်ကလေး ခြေထောက် ကလေးတွေ ကို ဟိုကန်၊ ဒီကန် ယက်ကန်ကန် လေးနဲ့ တဝါးဝါး အော်ပြီး ရောက်လာပါတော့တယ်။ အဲဒိ့ဟိုကန် ဒီကန် ယက်ကန်ကန်ကလေးရဲ့ လက်တွေ ခြေထောက်တွေ ကန်နေတာကို ကလေးအနား၀န်းကျင်က လူကြီးတွေက အနှီးကျပ်ထုတ်ထုတ်ကြီးတွေနဲ့ ထုတ်ပစ်လိုက်ကြပါတယ်။ ဒီတော့ ယက်ကန်ယက်ကန် လက်လေးခြေထောက် ကလေးတွေ ဟာ အနှီးထုတ် ကျပ်ကျပ်ကြီးထဲမှာ လှုပ်ရှားလို့မရတော့ဘူးပေါ့။

ဒီလို အနှီးကျပ်ထုတ်ထုတ်ကြီးတွေ နဲ့ ထုတ်လိုက်တာ ဟာ သိပ်ကိုမှားတဲ့ အမှားကြီးတစ်ခု ကို ကျွန်မတို့ စတင်ကျူးလွန်မိကြတာပါပဲ။ ကလေတွေဟာ သူ့လက်ကလေး တွေ နဲ့ခြေထောက် ကလေးတွေ လွတ်လပ်စွာ လှုပ်ရှားကန်ကြောက်ဖို့လိုပါတယ်။ အဲဒီလိုလက်ကလေး ခြေထောက်တွေကို လွတ်လပ် စွာ ကန်ကြောက် နိုင်မှသာ သူ့ လက်နဲ့ခြေထောက်မှာ ရှိတဲ့ ကြွက်သားတွေ သန်စွမ်းမှာပါ။

ကလေး ကို အနှီးထုတ်တဲ့ အခါ ပွပွချောင်ချောင် ကလေး ထုတ်ပေးရမယ်။ ကလေး လွတ်လွတ်လပ်လပ် ကန်ကြောက်လှုပ်ရှားနိုင်ဖို့အတွက် ရာသီဥ တုအခြေအနေကိုလိုက်ပြီးတော့ ကလေးကို အနှီးမပါဘဲနဲ့ အိပ်ရာပေါ်မှာ ခဏလောက် ထားပေးရမယ်။

အနှီးကျပ် ထုတ်ထုတ် နဲ့ထုတ်ထားတဲ့ ကလေးနဲ့ အနှိးပွချောင်ချောင်ထဲမှာ လက်တွေ ခြေထောက် တွေ ကန်ကြောက်လို့ ရတဲ့ကလေး နှစ်ယောက်ရဲ့ ကြွက်သားသန်စွမ်းမှုဟာ မတူပါဘူး။ ကလေးတွေ ရဲ့ လက်တွေ ခြေထောက်ကလေးတွေ ဟာ လှုပ်ရှားဖို့ လိုတယ်၊ ကန်ကြောက်ဖို့ လိုတယ်။ သူတို့ လက်လေးတွေ ခြေထောက်ကလေးတွေကို လှုပ်ရှားကန်ကြောက်ချင် လာအောင်လို့ ကျွန်မတို့က ကလေးကို လေ့ကျင့်ပေးရမှာပါ။ ( ကြွက်သားသန်စွမ်းအောင်လို့ ဘေဘီမှာ လေ့ကျင့်ပေးရမယ့်ကစားနည်းတွေကို တော့ ဥာဏ်ကြီးရှင် ဘေဘီ Section မှာ လစဉ် ရေးနေတာမို့လို့ အသေးစိတ် မရေးသားတော့ပါဘူး)

မွေးစမှာ အနှီးကျပ်ကျပ် ထုတ်တာ အပြင် ကျွန်မတို့နိုင်ငံ က မိဘ အများစု မှားကြတဲ့ အမှားတစ်ခုကတော့ ကလေး ရဲ့ လက်ကလေး ကို လက်အိတ်စွတ်ပေးကြတာပါပဲ ။ လက်အိတ်စွတ်ပေးလိုက်တဲ့ အတွက်ကြောင့်မို့လို့ ကလေးဟာ လက်ချောင်းကလေးတွေကို သူလှုပ်ရှားချင်တိုင်း လွတ်လပ်စွာလှုပ်ရှာလို့ မရတော့ဘူး။ အမှန်တော့ ကလေးကို လက်အိတ်မစွတ် ပေးရပါဘူး။ ကလေးလက်သည်းကလေးတွေကို မှန်မှန်ညှပ်ပေးပြီးတော့ ကလေးရဲ့လက်ကို လွတ်လပ်စွာ ထားပေးထားရမှာပါ။ လက်အိတ်စွတ်ပေးတဲ့ ကလေးနဲ့ လက်အိတ်မစွတ်ပေးတဲ့ ကလေးဟာ လက်ချောင်း ကလေးတွေရဲ့ ကြွက်သားတွေသန်မာမှု မှာ ကွာခြားပါတယ်။ ကလေးကို လက်ကလေးနဲ့ပုတ်ခိုင်းတာ ၊ ဂျောက်ဂျက်ကလေးတွေ၊ ဘောလုံးပျော့ကလေး တွေကိုင်ခိုင်း ဆုတ်ခိုင်းတာ၊ လက်ခုတ် တီးခိုင်းတာ စတဲ့ လက်လေ့ကျင့်ခန်းတွေ ကို ကလေးကို လုပ်ခိုင်းဖို့ လိုပါတယ်။
၀မ်းလျား၊ထိုး ၊ လေးဘက်တွားတဲ့အရွယ်

ကလေးတွေ ကစားတယ်၊ ၀မ်းလျားထိုးတယ်၊ လေးဘက်တွားတယ် ဆိုတဲ့ အရာတွေဟာ ကလေးတစ်ယောက် အတွက်မဖြစ်မနေ လုပ်ကို လုပ်ရမယ့် (လူတစ်ယောက် အတွက်) အရေးကြီးတဲ့ အလုပ် တွေ ပဲ ဖြစ်ပါတယ်။ သူဟာ နောက်ပိုင်းကာလမှာသူ့လက်ကလေး ခြေထောက်ကလေးတွေကို ကောင်းကောင်း သုံးနိုင်ဖို့ အတွက် ကြွက်သားတွေ သန်မာဖို့လိုါတယ်။ ၀မ်းလျားကောင်းကောင်းထိုးပါမှ ၊လေးဘက် ကောင်းကောင်းတွား ပါမှ လက်မောင်း၊လက်ဖျံ က ကြွက်သားတွေ သန်လာမှာပါ။အဲဒီ့ လို လက်မောင်း လက်ဖျံမှာ ရှိတဲ့ ကြွက်သားတွေ သန်ပါမှ လက်ချောင်းမှာ ရှိတဲ့ကြွက်သားတွေသန် စွမ်းလာမှာပါ။

ကလေးတို့ စာရေးတဲ့အ ချိန်မှာ လက်ကြွက်သားတွေ မသန်လို့ စာမရေးနိုင်ဖြစ်ရတဲ့ အကြောင်းတွေထဲမှာ ဒီကာလ မှာ ကလေးပြုစုပျိုးထောင်ပုံမှားယွင်းခြင်းတွေ ကြောင့် လည်း အများကြီးပါပါတယ်။ ကျွန်မတို့နိုင်ငံ က မိဘ များအမှားကြီးမှားကြတဲ့ အမှားက တော့ ကလေးကို ထိုင်ကွင်းလို့ ခေါ်တဲ့ လမ်းလျောက်ကွင်းထဲကို ထည့်လိုက်တြခြင်းပါပဲ။ ထိုင်ကွင်းထဲကို ထည့်လိုက်တာမို့လို့ ကလေးဟာ တွားသွားတာတွေ၊ လေးဘက်ထောက်တာတွေ မလုပ်တော့ပါဘူး။ အဲဒီ့အရွယ်မှာ လုပ်ကို လုပ်ရမယ့်၊ လုပ်ဖို့လည်း လိုအပ်တဲ့ ကြွက်သားသန်မာဖို့ အတွက် သင်ယူမှုတွေကို သူမလုပ်ရတော့ဘူး။ တစ်ချို့ကတော့ ကလေးကို ထိုင်ကွင်းထဲမထည့်ပါဘူး။ ဒါပေမယ့် ကလေးကို အောက်တစ်ချက် မချဘဲနဲ့ ချစ်လုိ့ဆိုပြီးတစ်ချိန်လုံး ချီထားတာဟာလည်း ထိုင်ကွင်းထည့်သလို မျိုးနဲ့ အတူတူပဲ ကလေးဟ ာ သူ့အတွက်လိုအပ်တဲ လေ့ကျင့်ခန်းကို လေ့ကျင့်ခွင့်မရတော့ပါဘူး။

တကယ်တော့ လေးဘက်ထောက်တာ၊ ၀မ်းလျားထိုးတာဟာ လက်မောင်း လက်ဖျံ ၊ပေါင်၊ခြေသလုံး။နောက်ကျော စတဲ့ တစ်ကိုယ်လုံးနီးပါး မှာ ၇ျိတဲ့ကြွက်သားကြီးတွေ သန်စွမ်းစေဖို့ အတွက် လေ့ကျင့်တဲ့ လေ့ကျင့်ခန်းပါ။ ၀မ်းလျားကောင်းကောင်းထိုးပြိးတော့ ကြွက်သားတွေ သန်လာပြီဆိုမှ ကလေးဟာ လမ်းသွားဖို့အတွက် မတ်တပ် စမ်းပါတော့မယ်။

၀မ်းလျားထိုး၊ လေးဘက်ထောက်တဲ့ အချိန်မှာ လက်မောင်း၊လက်ဖျံက ကြွက်သားတွေကို အားစိုက်သုံးပြီး သွားခဲ့ရတဲ့အတွက် ဒီကြွက်သားတွေ ဟာသန်မာလာပါတော့တယ်။ စာရေးတဲ့အချိန်မှာ လက်မောင်းကြွက်သားကို သုံးပြီးတော့ ရေးရတာမို့လို့ လက်မောင်းကြွက်သား သန်မာမှ ကလေးဟာ မညောင်းဘဲနဲ့ စာကောင်းကောင်း ရေးနိုင်မှာပါ။ ဒါကြောင့် ကြွက်သားတွေ သန်မာဖို့ ကလေး ဟာ ၀မ်းလျားထိုးဖို့လိုတယ် ၊လေးဘက်ထောက်ဖို့လိုပါတယ်။

ကလေးလက်ကလေးတွေကို သုံးခွင့်ပေးပါ။

ကလေးလက်ကလေးတွေဟာ သနားစရာကောင်းအောင် ပဲ သုံးခွင့်မရကြရှာပါဘူး။ လသားတုံးက လက်အိတ် ကလေးတွေစွတ်ပေးထားလို့ လှုပ်လှုပ်ရှားရှားလုပ်ခွင့်မရတဲ့ လက်ကလေးတွေဟာ ကလေးတို့ တစ်ဖြေးဖြေးကြီးလာချိန်မှာ တော့ မိဘများဟာ ကလေးကို ချစ်လို့ ဆိုပြီ ချီထာတာ၊ထိုင်ကွင်းထဲ ထည့်ထားတာတွေကြောင့် သူတို့ရဲ့့ လက်ကလေးတွေ ကို သူတို့မှာ ဆုတ်ဖို့၊ကိုင်ဖုိ့၊ ဆွဲဖို့၊လွဲဖို့အတွက် သုံးခွင့်မရတော့ဘူး။ ကလေး က တစ်ခုခုသိချင်လို့ လှမ်းဆွဲတဲ့ အချိန်မှာ အန္တာရယ် ဖြစ်မယ့် အရာမဟုတ်ဘူး ဆို၇င် ဆွဲခွင့် ကိုင်ခွင့်ပေးရပါမယ်။ ဥပမာ-ကော်ရေခွက်ကို ဆွဲတယ် ဆိုပါတော့ ။ ဆွဲခွင့်ပေးရပါမယ်။ ကလေးဆွဲခါးနီးမှာ ဆွဲမှာ စိုးလို့ နေရာလေးတွေ ရွှေ့ရွှေ့ပစ်လိုက်တာဟာ ကလေးလက်ကလေးတွေ လှုပ်ရှားခွင့် မရအောင်လို့ လုပ်လိုက်တာပါပဲ။

ဒီလိုနဲ့ကလေး ခြောက်လပြည့်လာခဲ့ပြီ။ လက်နဲ့ကိုင်ပြီး အစားကို နယ်ချင်တာ ၊ကိုင်ချင်တာကို ခွင့့်ပြုပေး၇မယ်။ ဇွန်းပျော့ကလေး တစ်ချောင်းကို ကလေးကို ပေးထားပြီးတော့ စားခွင့်ပေးရမယ်။ ဖိတ်ဖိတ်စင်စင် စားခွင့်ပေးရပါမယ်။ ကိုက်လို့မရသေးပေမယ့် ကြက်ပေါင်ကို ပါးစပ်ထဲရောက်အောင် လက်နဲ့ ဆွဲထည့်နေတာဟာ ကလေးအတွက် သိပ်အရေးကြီးတဲ့ Eye-Hand Coordination စွမ်းရည်အတွက် ကလေး က လေ့ကျင့်နေတာပါ။ ဒီလိုပဲဇွန်းကို ပါးစပ်ထဲရောက်အောင် ဆွဲယူနေတာဟာ လည်း ဒီသဘောပါပဲ။

တစ်နှစ်ကျော်လောက်မှာ ကလေးဟာ ရေခွက်ထဲက ရေကို သူ့လက်နဲ့ သူ ကိုင်သောက်တတ်မယ်၊ ထမင်းကိုယ့်ဖာသာကိုယ်စားတတ်မယ် ဆိုတဲ့အရာတွေဟာ လည်း စာမရေးခင်မှာ အာရုံစူးစိုက်မှု နဲ့ မျက်စိနဲ့လက်တသားတည်းပူးပေါင်းပါ၀င်မှု စွမ်းရည်ကို သင်ကြားခြင်းပါပဲ။

အာရုံစူးစိုက်မှု စွမ်းရည်(Concentration)

ကလေးတို့ရဲ့ အာရုံစူးစိုက်နိုင်မှု စွမ်းရည် ဟာ အသက်အရွယ်လိုက် ကွာခြားပါတယ်။ ကလေးတွေ ဟာ အလုပ်တစ်ခုကို ကြာကြာအာရုံမစိုက်နိုင်ဘူး ။ ဒါဟာ ကလေးတို့ရဲ့ သဘာ၀ သာလျင်ဖြစ်ပါတယ်။ ဒီအရွယ်မှာ ကလေးတို့ကို တွဲပြီးသင်ကြားပေးရမှာက စည်းကမ်းပါ။ ကျွန်မတို့ဟာ ကလေး အာရုံမစိုက်နိုင်တဲ့အတွက် ကလေးထမင်း စားအောင်လို့ ထမင်းပန်းကန်ကြီးလက်က ကိုင်ပြီးတော့ ပြေးနေတဲ့ ကလေးနောက်ကနေ လိုက်ရမှာ မဟုတ်ပါဘူး။ ထမင်းစားချိန်မှာ ငြိမ်ငြိမ်ထိုင် ပြီး စားကို စားရမယ် ဆိုတာကို ကလေးတွေကို ထမင်း စစားပြီ ဆိုကတည်းက လေ့ကျင့်သင်ကြားပေးရမှာပါ။

ထမင်းစားတဲ့အချိန်မှာ ထမင်းစားခုံမှာငြိမ်ငြိမ်ထိုင် စားခိုင်းခြင်းဟာ စာရေးတဲ့ အချိန်မှာ နောက်ပိုင်း အာရုံစူးစိုက်မှု ၇ပြီးငြိမ်ငြိမ်ထိုင်နိုင်စေဖို့ အတွက် လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတစ်ခု လည်းဖြစ်စေပါတယ်။ ထမင်းကို ခုံမှာငြိမ်ငြိမ်ထိုင်စားတဲ့ ကလေးဟာ စာစရေးတဲ့အချိန်မှာလည်း စာရေးရင်းတန်းလန်းနဲ့ တစ်လုံးရေးလိုက် ထပြေးလိုက် ဆိုတာမျိုးမလုပ်တော့ပါဘူး။ ကလေးတွေကို စည်းကမ်းပေးတဲ့အချိန်မှာ ငယ်တဲ့အရွယ်မှာ ကလေးလည်းစိတ်မညစ်ဘဲနဲ့ ပျော်အောင်သင်ကြားပေးတဲ့ စည်းကမ်းလေးတွေ လုပ်ပေးဖို့ သိပ်အရေးကြီးပါတယ်။

လမ်းလျောက်အရွယ်မှ-သုံးနှစ်တာကာလ

လမ်းလျောက်အရွယ် ကို ကလေးကရောက်လာပါပြီ။ ဒီကာလမှာ ဘောလုံးကန်တာ၊ ဘောလုံးပစ်တာ၊ ရောင်စုံ ခဲတံနဲ့ ဟိုခြစ်ဒီခြစ်ခြစ်တာ ၊ လက်ချောင်းပန်းချီတွေ ဆွဲတာ စတဲ့ကစားနည်းတွေကို ကလေး ကိုကစားခိုင်းဖို့လိုပါတယ်။
ခုံကလေးကို လက်က နေကိုင်ပြီး တော့ ခုံပေါ်တတ်တာ၊ ဘားတန်းခိုတာ၊ နံရံပေါ်က အတုံးကလေးတွေကို ကိုင်ပြီးနင်းတတ်တာ စတဲ့ ကစားနည်းတွေကလည်း ကလေးတို့ရဲ့ လက်မောင်း၊လ က်ဖျံ ကြွက်သားတွေ သန်စွမ်းဖို့၊လက်ချောင်းကလေးမှာ ရှိတဲ့ ကြွက်သားတွေ သန်စွမ်းစေဖို့ အရေးကြီးတဲ့ ကစားနည်း (တစ်နည်းပြောရရင်လေ့ကျင့်ခန်း)တွေပါပဲ။
ကိုယ်ကာယ လှုပ်ရှားမှု နဲ့ ကြွက်သားသန်စွမ်းမှု ဟာ ကျောင်းနေတဲ့အချိန်မှာရော တစ်ဘ၀ လုံးအတွက်ပါ သိပ်အရေးကြီးတဲ့ အရာ ပဲ ဖြစ်တယ်လို့ OSU ရဲ့ College of Public Health and Human Sciences ရဲ့လက်ထောက်ပါမောက္ခဖြစ်သူ Megan Mac Dnald ကဆိုပါတယ်။ ကလေးတွေ လှုပ်လှုပ်ရှား ရှား ကစားဖို့ ၊ကိုယ်လက်လှုပ်ရှားများများ ကစားဖို့လိုတယ်။ ဒီကစားနည်းတွေ ဟာ ကြွက်သားတွေကို သန်စွမ်းစေ ဖို့ သာ မဟုတ်ဘဲနဲ့ ကလေးတွေကျောင်းနေတဲ့အ ချိန်မှာ စာကို အာရုံစိုက်ပြီးစိတ်၀င်စားနိုင်ဖို့ ၊ စာမြန်မြန် ဖတ်တတ်စေဖို့ အတွက် ပါ ဆက်သွယ်မှု တွေ ၇ှိနေတယ်လို့ ဆိုပါတယ်။

ဒီတော့ မွေးစကနေ ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်ကို ကစားအရွယ်လို့ ခေါ်ကြတာဟာ ကလေးတွေ လှုပ်ရှားကစးဖို့ ရော၊လက်တွေ သုံးပြီး ငြိမ်ငြိမ်ကစားဖို့ရော၊ တီထွင် ကစားဖို့ေ၇ာလိုလို့ပါ။ ဒီကစားတယ် ဆိုတာဟာ နောက်ပိုင်းမှာ သူတို့ ဘ၀ထဲ၀င်ဖို့၊ စာတွေသင်ဖို့အတွက် လိုအပ်တဲ့အခြေခံ လေ့ကျင့်မှု တွေကို လုပ်နေခြင်းပါ။
Pre Writing Skills
Pre Writing Skills ဆိုတာဟာ စာရေးတဲ့ စွမ်းရည်ကို ရဖို့အတွက် စာမရေးခင် အကြိုလေ့ကျင့်တဲ့ စွမ်းရည် လို့ ပဲ ခေါ်ပါစို့။ စာရေးဖို့ အတွက် Pre Writing Skills မှာ-
-ကလေးဟာ လက်မောင်းလက်ဖျံကြွက်သားသန်ရမယ်
-လက်ချောင်းကြွက်သား လေးတွေ သန်မာရမယ်
-အာရုံစူးစိုက်မှု ရှိရမယ်
-မျက်စိနဲ့ လက် တသားတည်းပူးပေါင်းပါ၀င်နိုင်တဲ့ Eye-Hand Coordination ရှိရမယ်
ဒါတွေ ရပြီဆိုတိုင်းကလေးကို ခဲတံ စကိုင်ခိုင်းလို့မရပါဘူး။ လက်ချောင်းကလေးတွေကို ဆေးနဲ့လက်ချောင်း ပန်းချီ ကစားခဲ့ ကျင့်ခဲ့ပြီးဖြစ်တဲ့ ကလေးဟာ ရောင်စုံခဲတံ တုတ်တုတ်ကြီးတွေကို လက်ဖဝါးထဲမှာ ဆုတ်ပြီးတော့ ရေးပါမယ်။ ရေးတဲ့အချိန်မှာ သူရေးချင်တာ ရေးပါလိ့မ်မယ်။ စာ၇ွက်ပေါ်မှာ ရေးတယ်၊ ဒေါင်လိုက် ရေးတယ်။ ခုံအောက်၀င်ပြီးတော့ ခုံ ထဲမှာ ပက်လက်နေပြီးရေးတယ်။ အဲလို တွေ ခြစ်ချင်ရာ ခြစ်ရေးချင်ရာ ရေးခိုင်းရပါမယ်။

သူ့ကို လက်မ ၊လက်ညှီုး၊ လက်ခလယ်ကို သုံးပြီးတော့ crayon ကြီးကြီးကို ကိုင်တတ်အောင် ဆိုတဲ့ အဆင့်ကို ဖြေးဖြေးချင်း တတ်လာရပါမယ်။ Crayon စကိုင်တဲ့ အချိန်မှာ တြိဂံပုံစံ ရရင်ပိုအဆင်ပြေပါတယ်။ အဲဒီ့နေရာမှာ ကလေးကို စာရေးတတ်အောင်လို့ အရောင်ခြယ် ေ့လကျင့်ခန်းလုပ်ခိုင်းတာပါ။ ကျွန်မအနေနဲ့ ကတော့ အရောင်ခြယ် လေ့ကျင့်ခန်းဟာ မလုပ်ချင်တဲ့ တစ်ချို့ကလေးတွေ အတွက် စိတ်ဖိအားဖြစ်စေတဲ့အထိ မလုပ်စေချင်ပါဘူး။ တစ်ချို့ကလေးများဟာ ရောင်စုံခဲတံကို ပုံစံတကျကိုင်တတ်ပေမယ့် သူတို့ ဆွဲချင်တဲ့ ပုံတွကို ပဲစိတ်ကူးပေါ်သလို ဆွဲပါတယ်။ ဒါကို ခွင့်ပြုပေးရပါမယ်။

ကလေးဟာ Crayon သုံးပြီးတော့ မျဉ်းလေးတွေကို အပေါ်အောက် ဆက်ရမယ်၊ အောက်ကနေ အပေါ်ကို ဆက်ရမယ်၊ ပြီးတော့ အကွေး၊ အဝှိုက် စတာတွေကို ဆက် ဖို့ကိုတော့ ဆက်လေ့ကျင့်ရမှာပါ။ မိဘ ၊ဆရာများအနေနဲ့ တစ်ခု သတိပြု စေချင်တာက စာစရေးတဲ့ ကလေးကို လေ့ကျင့်ပေးတဲ့ အချိန်မှာ စာလုံး ကြီးကြီး၊ ပုံကြီးကြီး တွေနဲ့ ကျင့်ပေးစေချင်ပါတယ်။ ကျွန်မတို့ ဆီမှာ ၀လုံးလေးတွေကို လေးကြောင်းမျဉ်းထဲမှာ ၀င်အောင်လို့ သေးသေး လေးတွေ ရေးခိုင်းတာဟာ ကလေးတို့ အတွက် အဆင်မပြေတဲ့ ရေးနည်းပါပဲ။

ကျွန်မဆောင်းပါးကို ပြန်ပြီး အနှစ်ချုပ်ရမယ် ဆို၇င်တော့ ကလေးတွေ စာရေး လို့မရဘူး။ စာမရေးနိုင်ဘူး။ စာရေးတာ စိတ်မ၀င်စားဘူး များဖြစ်ခဲ့ရင် ဒီကလေးရဲ့ ကြီးပြင်းလာတဲ့ ပါတ်၀န်းကျင်ကို ပြန်ဆန်းစစ်ရမယ်၊ သူ့ကြွက်သားသန်မာ မှုကို ပြန်ဆန်းစစ်ဖို့လိုပါတယ်။ ကလေးအတွက် ကြွက်သား သန်မာမှု စွမ်းရည်ကို ရစေဖို့ အတွက် ကလေးကို ပြန်ပြီးလေ့ကျင့်ပေးဖို့လည်းလိုပါတယ်။ လက်လေးတွေ သန်အောင်လို့ ဘောလုံးပစ်ခိုင်းတာ၊ အိမ်အလုပ်တွေကို ကူလုပ်ခိုင်းတာ၊ သူ့လက်ကို သုံးပြီးတော့ အလုပ်လုပ်ခိုင်းတာ၊ စက်ဘီးစီးခိုင်းတာ၊ ဘားခိုခိုင်းတာ၊ ရေကူးခိုင်းတာ၊ သစ်ပင်တတ်ခိုင်းတာ(အောက်မှာသဲမြေကြီးဖြစ်ဖို့နဲ့ သစ်ကိုင်းတွေ သန်မာဖို့လိုပါတယ်) စတာတွေကို လုပ်ခိုင်းရပါမယ်။
ကလေးတွေကို ခဲတံကိုင်ပြီး စာစရေးသင့်တာက ငါးနှစ်ကျော်ခြောက်နှစ်လောက်မှ သာရေးသင့်တာပါ။ မိဘများကို ကျွန်မအကြံပြုပြောပြချင်တာကတော့ ကလေးကို စာရေးခိုင်းဖို့ မလောပါနဲ့ လို့ပါပဲ။ သူတို့ စာကောင်းကောင်းရေးနိုင်ဖို့ အတွက် ကြွက်သားတွေ သန်မာဖို့ လိုပါတယ်။ ကြွက်သားတွေ သန်မာ ဖို့အတွက် များများ ကစားဖို့ ၊ဆော့ဖို့လိုပါတယ် ဒါကြောင့် ကစားအရွယ် ကာလမှာ ကလေးတို့ ကစားပါစေ ၊ဆော့ပါစေ၊ ဂျုံးလေးတွေ နယ်ပါစေ၊ သဲတွေနဲ့ နယ်ပါစေ၊ ဆန်တွေ ၊ရေတွေနဲ့ သွန်မှောက်တမ်း ကစားပါစေ။ ခုန်ပါစေ ၊ပေါက်ပါစေ၊ ဘောလုံးကန်၊ဘောလုံးပစ် စတဲ့ ကစားနည်းတွေလည်း ကစားပါစေ။ ကလေးကစားနေတာ ဟာ ကလေးတို့ အတွက် အရေးကြီးတဲ့ အလုပ်ကြီး အလုပ်ကို လုပ်နေတာပဲမို့ သူတို့ အလုပ်မှာ ကိုယ်က ၀င်ပြီး ရှုတ်မိနေသလို မဖြစ်စေဖို့အတွက် သတိထားမယ် ဆို၇င် ဖြင့် သူ့အရွယ်နဲ့ သူ စာကို ကောင်းကောင်းရေးတတ်လာမှာပါပဲ။
ခေတ်ဘုန်းသစ်

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.