မေမေတို့ရေ ရင်သေွးငယ်လေးတေွ အတွက်သာမကဘဲ တစ်မိသားစုလုံးအတွက် သတိပြုသင့်တဲ့ အစာအဆိပ်သင့်ခြင်းနဲ့ ပတ်သက်လို့ သတိပြုသင့်တာလေးတေွကို ကျားလေးကမှျဝေပေးချင်ပါတယ်။ အစာအဆိပ်သင့်တယ်ဆိုတာ မသန့်ရှင်းတဲ့အစားအသောက်ကို စားသုံးမိတာကြောင့်ဖြစ်ပွားတတ်ပါတယ်။ အစာအဆိပ်သင့်မှုမဖြစ်ပွားစေဖို့အတွက် သတိပြုရမယ့်အချက်လေးတေွကို လိုက်နာပြီး မိသားစုအားလုံး အန္တရာယ်ကင်းဝေးစေဖို့ ဂရုစိုက်သင့်ပါတယ်။ သာမန်အစာ အဆိပ်သင့်မှုလေးတေွက လူကြီးတေွအတွက် စိုးရိမ်စရာမရှိဘူးဆိုပေမယ့် ကလေးငယ်လေးတေွမှာဖြစ်ပွားခဲ့တယ်ဆိုရင်တော့ သူတို့လေးတေွရဲ့ ကိုယ်ခံအားနဲ့အန္တရာယ် အခြေအနေအထိရောက်ရှိ တတ်ပါတယ်နော်။ မိသားစုတေွအားလုံး အစာအဆိပ်သင့်မှုမဖြစ်ပွားစေဖို့အတွက် ..
- အစာမစားမီ၊ အစားအစာတေွကို ကိုင်တွယ်ချက်ပြုတ်ခြင်းမပြုမီနဲ့ အိမ်သာအသုံးပြုပြီးချိန်တေွမှာ လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောပါ။
- အိုးခွက်ပန်းကန်တေွ၊ စဉ်းတီတုံးတေွအပါအဝင် မီးဖိုချောင်ပစ္စည်းတေွရဲ့ သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။
- ချက်ပြုတ်ပြီးအစားအစာတေွနဲ့ မချက်ပြုတ်ရသေးတဲ့အစားအစာတေွကို သီးခြားစီထားရှိပါ။
- အစားအစာတေွကို ကျက်အောင်ချက်ပြုတ်ပြီး လတ်လတ်ဆတ်ဆတ်နဲ့ပူပူနေွးနေွးစားသုံးပါ။ ချက်ချင်းမစားသုံးဖြစ်ပါက ပွက်ပွက်ဆူအောင်နေွးပြီးမှသာ စားသုံးပါ။
- အစားအစာချက်ပြုတ်ရာနဲ့ ပန်းကန်များဆေးကြောရာမှာ သန့်ရှင်းတဲ့ရေကိုသာ သုံးစွဲပါ။
- ရက်လွန်နေတဲ့ (ဒါမှမဟုတ်) သိုးနံ့ထွက်နေတဲ့ (ဒါမှမဟုတ်) မိှုတက်နေတဲ့အစားအစာတေွ၊ အမျိုးအမည်မသိတဲ့မှုိတေွ၊ သစ်သီးသစ်ဖုတေွကို စားသုံခြင်းက ရေှာင်ကြဉ်ပါ။
- ၀မ်းပျက်ဝမ်းလေှျာနဲ့ ၀မ်းကိုက်ရောဂါဖြစ်ပွားနေသူတေွ၊ အရေပြားမှာ အနာရှိသူတေွနဲ့ ဖျားနာနေသူတေွအနေနဲ့ အစားအစာတေွကို ပြင်ဆင်ချက်ပြုတ်ခြင်းနဲ့ ကိုင်တွယ်ရောင်းချခြင်းကနေ ရေှာင်ကြဉ်ပါ။ လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မေမေတို့ရေ ရင်သေွးငယ်လေးတေွအတွက်ရော၊ တစ်မိသားစုလုံးရဲ့ကျန်းမာရေးအတွက်ပါ ဒီအချက်တေွကို သေချာဂရုစိုက်ပြီး အထူးအလေးထားဖို့အတွက် ကျားလေးကတဆင့် တိုက်တွန်းလိုက်ရပါတယ်နော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)