#Gp တစ်ခုက copy လာတာပါ။
#သားသားလေး မေမေတွေအတွက် သတိပြုစရာလေးဖြစ်မယ်ထင်လို့ပါ။
ဒီတစ်ခါတော့ သားမေမေတွေ အတွက် သတိပြုစရာလေးမျှဝေတာပါနော်
သားဦး သားလေးမမေပေါ
ကလေးအဖေကလဲ သားလေးမွေးကတည်းက အဝေးမှာ ကျောင်းတက်နေပီး ခုလဲ Covid ကြောင့် ပြန်လာလို့မရဆိုတော့ အမေပဲ သားကိစ္စတွေ အကုန်လုပ်ပေးရင်း သားလေးက အခု တစ်နှစ်ခြောက်လပါ
လွန်ခဲ့တဲ့ တစ်ပတ်က သားလေး ဆေးရုံတက် ခွဲခန်းဝင်လိုက်ရပါတယ်
ဆီးလမ်းကြောင်း ပိုးဝင်ပြည်တည်လို့ပါ
စသိတာတော့ နေ့လည်ပိုင်းမှာ ကလေးက ဂျိုးလေးကို အထိမခံ ငိုနေလို့ ကြည့်တော့ တခြမ်းမှာ အဖုလေးဖြစ်ပီးဖောင်းနေတယ်ပေါ့
ကလေးကလဲ ငိုပဲငိုနေတော့ စိတ်ပူပီး နေ့လည်ပိုင်း ကလေးဆရာဝန်ခေါ်လို့ရတဲ့ Private ဆေးရုံကိုသွားပါတယ်
နေ့လည် ၂နာရီလောက်ပါ
တစ်နာရီလောက်စောင့်ပီး မှ ဆရာဝန်နဲ့ပြရပါတယ်
ပြတော့ ကလေးကလဲ ငိုပဲငိုနေတော့ သူလဲသေချာမစမ်းသပ်နိုင်ဘူးပေါ့နော်
ကြည့်တော့ကြည့်ပီး လိမ်းဆေး သောက်ဆေးပေးပီး မသက်သာရင် နက်ဖြန်ပြန်လာဖို့ပြောပါတယ်
သူက ပြန်လွှတ်ပေမဲ့ ကလေးက လုံးဝသက်သာပုံလဲမပြ
ကိုယ်တွေ နေတာကလဲ အမရပူရမှာ ဆိုတော့ အိမ်မပြန်ဘဲ နောက်ထပ် ဆေးရုံတစ်ခုမှာ အသိခွဲစိတ်ဆရာဝန်နဲ့ပြဖို့ဆက်သွားပါတယ်
(ဆုံးဖြတ်တာမှန်သွားတာပါ)
အဲ့မှာလဲ တစ်နာရီလောက်စောင့်ရတော့ ညနေ ၅နာရီလောက်ရှိသွားပါပီ
ဆရာက ကလေးငိုလဲ ရအောင်ကို သေချာစမ်းသပ်ပေးပီး အလုံးလေးတစ်ခုရှိနေတယ်ပေါ့
ဂျိူးထိပ်မှာဆိုရင် လုပ်ပေးရလွယ်တယ်တဲ့
ခုက အလယ်မှာ ဖြစ်နေတာရယ် ကလေးကငယ်သေးတာရယ်မို့ ကလေးခွဲစိတ်နဲ့ပြဖို့ ပြောပြီး ကလေးခွဲစိတ်အမကိုပါ တစ်ခါထဲ လှမ်းခေါ်ပေးတယ်ပေါ့နော်
နာရီဝက်လောက်နေတော့ ကလေးခွဲစိတ်အမရောက်လာပီး ကလေးအခြေအနေကိုစမ်းလဲစမ်း မေးလဲမေး
ဆီးမသွားတာနေ့လည်ကတည်းက ခုထိဆိုတော့ သူကဆီးပိုက်ထည့်ကြည့်ရမယ်ပေါ့
အလည်မှာဖောင်းနေတဲ့အလုံးက ကျောက်လား ရေအိတ်လား ဘာလား မသိရသေးတော့ တကယ်လို့ ကျောက်ဆိုရင် ဆီးပိုက်ထိုးလိုက်ရင် ဆီးအိမ်ထဲကျသွားနိုင်တာလဲ ရှိနိုင်တယ်
အဲ့လိုဆိုရင်တော့ ခွဲစိတ်မှုပုံစံတစ်မျိုးဖြစ်သွားမယ်ဆို ရှင်းပြတယ်
အမေရင်ထဲတော့ဗလောင်ဆူနေပေါ့
ဂျိုးနာရာကနေလာပြတာ ခွဲခန်းတွေပါ ပါလာတော့ လူလဲ ပူထူနေတာပဲ
ဆီးပိုက်ထည့်တော့ ကလေးကနာရှာတယ် တအားကိုငိုတာ
ရင်နာနာနဲ့ ချုပ်ပေးထားရပေမဲ့ ထည့်လို့မရဘူးတဲ့ ဆရာမက
X ray ရိုက်တာတွေ ဘာတွေလုပ်ရမယ် ပီးတာနဲ့ ခွဲခန်းဝင်ရမယ် ဒီမှာ လုပ်မလား ၅၅၀ သွားမလား မေးတော့
ဆရာမရယ် ကလေးတွက် အဆင်ပြေတဲ့ဆီမှာလုပ်ပါမယ်လို့ပြောတော့
ကလေးပစ္စည်းတွေကသေးသေးလေးတွေ ရှားတယ်
၅၅၀မှာအစုံရှိတယ်
Facilitiesတော့မရနိုင်ဘူးလို့ပြောတယ် ဆရာမက
ကလေးက ပထမ လူကြီးတွေက အဆင်ပြေသလိုနေလို့ရတာမို့ လွှဲစာရေးပေးတာလေးကိုင်ပီး ၅၅၀ကို ပြေးကြတာပါပဲ
အဲ့အချိန်က ည၇နာရီထိုးတော့မယ်
ဟိုရောက်တာနဲ့ ဆရာမမှာထားတဲ့အတိုင်းကလေးအဖွားက OPDကိုပြေး ဆေးရုံတက်ဖို့ စာအုပ်လုပ်
ကလေးနဲ့အမေက ခွဲစိတ်ဆောင်ကိုပြေးရတာ
ဒီမှာ ပြောချင်တာကလေ ၅၅၀က ဆရာဝန် ဆရာမ သူနာပြုဆရာမတွေ တကယ်ကိုတော်ပါတယ်
ဓါတ်မှန်သွားရိုက်ခိုင်း
ဓါတ်မှန်ငှာနကလဲ တစ်ခါထဲထုတ်ပေးတာ
ကလေးကို တခါထဲ စမ်းသပ်ပီး ASဆရာနှစ်ယောက်ပေါင်းပီး ဆီးပိုက်ထည့်လိုက်တာ ရသွားတယ်
ကလေးကတော့ ငိုလိုက်တာ အရမ်းပေါ့
ဒါပေမဲ့ ခွဲခန်းကတော့ ဝင်ရဦးမာ ဖြစ်လို့ အစာဖြတ် ရေဖြတ် ၃နာရီ ထားရတယ်😢
တအားငိုထားရတဲ့ကလေး သူများကုတင်ကရေဘူးတွေ မြင်ပီး ရေ ရေ နဲ့ တောင်းတဲ့အချိန် သနားစရာပေါ့
သွေးလဲဖောက်စစ်ရတယ်
urgent မို့ အပြင် lab ကို ပို့ပေးတယ်
cannula ထဲ တစ်ချက်ပဲထိုးတာနဲ့ရတယ်
အချိန်ကျတော့ ကလေးကို OT ဝတ်စုံ အစိမ်းလေး ခေါင်းစွပ်လေး စွပ်
ပေးပီး ခွဲခန်းရှေ့ ဆရာမလက်ထဲထည့်လိုက်ရတယ်
ဆီးပိုက်တန်းလန်းလေးနဲ့
စိတ်ပူပန်ရဆုံးအချိန်ပါပဲ
၁၅မိနစ်လောက်ပဲကြာတယ်
ပြီးသွားပီတဲ့
ကံကောင်းတာကကျောက်မဟုတ်ဘူး
infectionဝင်ပီး ပြည်အလုံးတည်နေရှာတာ
ဂျိုးအရေပြားကိုလှန်ချပြီး အဲ့ ပြည်လုံးကိုဖယ်ရတာပေါ့
မေ့ဆေးနဲ့ဆိုလို့ စိတ်ပူပေမဲ့(စိတ်ကလဲ အကုန်လိုက်ပူနေမိတော့တာ😅)
ကလေးလေးက တစ်နာရီလောက်ကြာတော့ပြန်နိုးလာတယ်
အဲ့တစ်ညတော့ နည်းနည်းဒုက္ခရောက်တာပေါ့နော်
စိတ်ပူလွန်းလို့ သစ်သားခုံမှာ တညလုံး ငုတ်တုတ်ပါပဲ
ည ၂ချက်ထိုး လူနာအသစ်လာလို့ ကုတင်နေရာ ဖယ်ပေးရတာလဲရှိတယ်
ဘေးကုတင်က ကူညီပေးကြတယ်
တစ်ယောက်ထဲဆို အခင်းခင်းရ ပိုက်တန်းလန်းတွေနဲ့ ကလေးချီရနဲ့ ဘယ်လိုမှ အဆင်မပြေဘူးလေ
ကလေးနိုးသွားလို့ ပြန်သိပ်ရတာရှိပေမဲ့ ကုတင်ရွှေ့ပေးရတာ ကြံဖန် စိတ်ချမ်းသာမိတယ် ငါ့ကလေးလေးစိတ်ချရလို့ နောက်ထဲပို့တာဆိုပီး
တစ်ယောက်ပဲစောင့်ရတာမို့ကလေးအဖိုးအဖွားက အပြင်ဘက် ကားထဲမှာ တညလုံး စောင့်ကြတယ်
NS တစိည နဲ့ တစ်နေ့ (တစ်ဘူးခွဲ) ချိတ်ရတယ်
ပိုးသတ်ဆေး ထိုးရတယ်
ဆီးပိုက် နာရီ၂၀လောက်ထည့်ထားရတယ်
ဆီးဘယ်လောက်ရလဲ စစ်ဆေးတယ်
ဆေးရုံကဆင်းတော့ ၅ရက် ဆက်သောက်ရတယ်
နောက် ၂ပတ်နေရင် Follow up ပြန်ပြရမှာဖြစ်ပီး Circumsationလုပ်ဖို့ OT Dateလဲ ပေးမယ်တဲ့
ဆေးရုံဆင်းပီး ၃ ရက် ၄ရက်လောက်ကတော့ ရှူးပေါက်တိုင်း နာရှာလွန်းလို့ တဆတ်ဆတ်တုန်တယ်😢
ဆီးလမ်းကြောင်းပိုးဝင်တာကြောင့် ဖျားပါတယ်
ပိုးသတ်ဆေးသောက်ရလို့ ဝမ်းပျက်တယ်
(တစ်နေ့ကို ၅ခါ ၆ခါထိသွားတယ်)
ဒီလိုတွေ ဖြစ်ပီးတော့ သင်ခန်းစာရတာတွေက
#ကိုယ့်ကလေးတွက်အရေးကြီးပြီထင်ရင် ကလေးဆေးရုံကြီးကိုသာ တန်းသွားသင့်
#သားသားလေးတွေမှာ ဂျိုးအရေပြားလေးရှည်နေရင် ငယ်ကတည်းကဆရာဝန်နဲ့တိုင်ပင်ပီး ဖြတ်ပေးတာဖြစ်ဖြစ်
သန့်ရှင်းရေးသေချာလုပ်ပေးတာဖြစ်ဖြစ် လုပ်သင့်
#အရေးကြီးလို့ပြေးပီဆို ခြင်းတို့ အိတ်တို့ထဲ ကလေးအဝတ် အနှီး လူကြီးအဝတ်အပို ကလေးခြင်ဆေး power bank အားသွင်းကြိုး စတာတွေလက်လှမ်းမီသလောက် ကောက်ထည့်ခဲ့တာကောင်းပါတယ်
ကျနော်တို့ဆို မထင်မှတ်ဘဲ တခါထဲဆေးရုံတက်လိုက်ရတယ် တခါထဲ ခွဲခန်းဝင်ရတယ်
အိမ်ကလဲ လှမ်းတော့ပြန်ဖို့အဆင်မပြေဘူးလေ
အိမ်ကအမေက ယူခဲ့ ယူခဲ့ဆို ကောက်ထည့်လို့ နည်းနည်းအဆင်ပြေသွားတယ်
ကုန်ကျစရိတ်အနေနဲ့
ဓါတ်မှန်ရိုက် တာ ၂၀၀၀
ခွဲခန်းအလှူငွေ၃၀၀၀၀
အပြင်သွေးပို့စစ်ရတာ ၄၀၀၀၀
ဆေးဝယ်တာ ဘာညာ
ကလေးစောင်တွေ ခြင်ထောင်တွေ မပါလို့ အရေးပေါဝယ်တာ ၁၅၀၀၀လောက်နဲ့ တစ်သိန်းဝန်းကျင်ပဲ ကုန်ကျပါတယ်
သားကိုက ရေချိုးရင် ဂျိုးလေးကိုဆေးပေးပေမဲ့ အရေပြားကို ဆွဲချပီး ရှူရှူးပေါက်တဲ့ထိပ်လေးကိုဆေးပေးတာမျိုး မလုပ်မိဘူး
ပြီးတော့ ဂျိုးထိပ်ဖြတ်တာကိုလဲ သူနည်းနည်း ၂နှစ် ၃နှစ်လောက်ရမှ လုပ်ပေးမယ်လို့စဥ်းစားထားတာ
သူက ၁နှစ်ခွဲမှာ ခုလိုတွေ ခံစားရတာ တကယ်ကို စိတ်မကောင်းဖြစ်ရတာပါပဲ
ယောကျာ်းလေးတွေမှာ ဆီးပိုက်ထည့်ရတာ အမျိုးသမီးတွေထက် ပိုဆိုး ပိုနာကျင်ရမှာ
သားလေးကိုကြည့်ပီး ရင်တွေနာရ စိတ်မကောင်းဖြစ်ရတယ်
ငယ်ငယ်လေးနဲ့ ဒီလိုနာကျင်ခံရလို့
ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ စိတ်ထဲမှာ awarenessမရှိခဲ့တဲ့ ကိုယ့်ကိုယ်လဲ အပြစ်တင်မိတယ်
သားမေမေ အသစ်လေးတွေလဲ သိရအောင်
သားသားလေးတွေမှာ ဒါလဲဖြစ်တတ်တယ်ဆိုတာလေး ပြန် shareပေးတာပါနော်
စာတွေ ရေးထားတာ အမြီးအမောက်မတည့်ရင် သည်းခံဖတ်ပေးပါနော်
PS အဲ့မှာလေ တစ်ခု စိတ်မကောင်းဖြစ်ရတာက အရမ်းကျေးဇူးတင်မိတဲ့ AS ဆရာဝန် က အထင်လွဲပီး စိတ်ဆိုးသွားတာလေး
ဆေးမှတ်တမ်းတွေ ပေးတော့ အဲ့ထဲက သွေးအဖြေကို ကလေးအဖေကို ပြချင်လို့ ယူပီး ဓါတ်ပုံရိုက်မိတာ
တခြား record တွေလဲဘာမှ မရိုက်ပေမဲ့ ဆရာကအထင်လွဲသွားတယ်ပေါ့နော်
(ကလေးအဖေက ဆရာဝန်ပါ India မှာ ဘွဲ့လွန်တက်နေတာ
သူကလဲ ကလေး ဆီးမသွားနိုင်တော့ ကျောက်ကပ်တွေဘာတွေထိမှာ အရမ်းစိတ်ပူနေတော့ သူ့ကို သွေးအဖြေပြမယ်ပေါ့ )
မရိုက်ရဘူးဆိုတာလဲ တကယ်မသိတာပါ😔
ဆရာက သားလေးကို ဆီးပိုက်ထည့်ပေးတဲ့ ဆရာပါပဲ
သူကထွက်လာပီး ဒီလိုမလုပ်ရဘူး တအားစိတ်ဆိုးတယ်ဆို ပြောတော့ ကိုယ့်မှာ စိတ်လဲမကောင်း ရှင်းပြရင်လဲ ပိုစိတ်ဆိုးမှာ စိုးရိမ်လို့ ဟုတ်ကဲ့ ဟုတ်ကဲ့ပဲ ပြောလိုက်နိုင်တယ်
ဆရာများ ဒီ ဂရုထဲရှိလို့ ဖတ်မိရင် စိတ်အနှောင့်အယှက်ဖြစ်သွားအောင် လုပ်မိလို့ တောင်းပန်ပါတယ်လို့🙏
ကလေးခွဲစိတ်ဆောင်က ဆရာ ဆရာမတွေအကုန်လုံးကိုလဲ ကျေးဇူးအရမ်းတင်ရပါတယ်